fbpx
June 17, 2021

1905 ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော University of Nebraskaသည် Kearney, Nebraskaတွင်တည်ရှိပြီး UNKသည်  “best value school” အဖြစ်စာရင်းဝင်ခဲ့သည့်အပြင် အနောက်အလယ်ပိုင်းဒေသ တက္ကသိုလ်များအဆင့် ၁၁ ရှိပါတယ်။ 

ဒီ့အပြင် UNK မှာ Ecampus လဲရှိပါသေးတယ်။ Ecampus တွင် undergraduate သာမက graduate များကိုပါ onlineကနေသင်ကြားပေးတဲ့ programs တွေရှိပါတယ်။ Ecampus ဟာဆိုရင် USA ရဲ့ online education programs များစွာထဲမှာ အဆင့် ၃၅ နေရာမှာ ရပ်တည်နေပါတယ်။

Undergraduate  နှင့် Graduate များအတွက် Arts & Science, Business & Technology, Education ဘာသာရပ်များကို  ပို့်ချပေးလျက်ရှိပြီး Scholarship နှင့် Financial Aid opportunity များစွာလည်းရှိပါတယ်။ Programs အသေးစိတ်ကို ဒီလင့်ခ် https://www.unk.edu/academics/index.php တွင် ကြည့်နိုင်ပါတယ်။ 

Applications Fees $45 နှင့် non refundable ဖြစ်ပြီး  UNK တွင်တက်ရောက်နိုင်ရန်အတွက် 

လိုအပ်သောသတ်မှတ်ချက်များမှာ- 

TOEFL (IBT) – 61

IELTS – 6.5

PTE – 51

ACT Score – 20 or higher

SAT Score – 1040 or higher

Average GPA – 3.48

UNK အနေဖြင့် ကျောင်းသားများအတွက် lifelong career goals များရရှိစေရန်ရည်ရွယ်ချက်နှင့်အညီ ကျောင်းသားများအား financial aidများလည်းထောက်ပံ့ပေးလျက်ရှိပါတယ်။ ပထမနှစ်ကျောင်းသားများ၏ ၈၀% သည် scholarships (သို့) grants များအတွက် ပျမ်းမျှ $9,823 ရလေ့ရှိပါတယ်။ 

Academic နှင့် Career Development Counselling programs များလည်းထားရှိပေးထားသည့်

အပြင်အခြား facilities များအနေဖြင့်လည်း ကျောင်းတွင်းဆေးရုံ ထားရှိပေးခြင်း၊ Library facilitiesများ၊ Sport Center၊ Wellness Center များလည်း ထားရှိပြီး student-oriented approach ဖြင့် သင်ကြားပေးလျက်ရှိပါတယ်။

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 16, 2021

Manhattan College ကို The Brothers of the Christian School(De La Salle Christian Brothers) မှ ၁၈၅၃ တွင် စတင်  တည်ထောင်ခဲ့သော ပုဂ္ဂလိကကောလိပ်ဖြစ်ပါတယ်။ Undergraduateလျှောက်လွှာပေါင်း  ၃၄၈၅ လက်ခံရရှိလျက်ရှိပြီး Arts , Business, Education, Health Engineering , Science စသော ဘာသာရပ်များမှာ ထင်ရှားပါတယ်။ 

၂၀၁၉ Money magazine တွင် Manhattan college သည် နိုင်ငံတွင်း ထိပ်တန်း Transformative ကျာင်းအဖြစ် ဘွဲ့ ရရှိမှုနှုန်းနှင့် ကျောင်းသားဝန်ဆောင်မှုများအပေါ်အခြေခံ၍ သတ်မှတ်ခံရပါတယ်။ Payscale’s 2018 အရ ငွေကြေးမြှုပ်နှံသော ကျောင်းပေါင်း ၂၈၇၉ တွင် နံပါတ် ၇၈ တွင် ရှိပါတယ်။ ၂၀၁၅ Brookings Institution study အရ နိုင်ငံတွင် အကောင်းဆုံးကျောင်းများတွင် နံပါတ် ၉ တွင် ရှိပါတယ်။ 

Manhattan College တွင် တက်ရောက်နိုင်သော Undergraduate ကျောင်းများမှာ 

  • The School of Liberal Arts
  • The O’Malley School of Business
  • The School of Education and Health
  • The School of Engineering
  • The School of Science
  • The School of Continuing and Professional Studies

The School for Liberal Arts သည် Manhattan college  ၏ အကြီးဆုံးကျောင်းဖြစ်သော်လည်း  The School of Engineering ၏ ပရိုဂရမ်များသည် ပိုပြီး လူသိများပါတယ်။ Manhattan college တွင် ပရိုဂရမ်ပေါင်း ၆၀ ကျော်ကို တက်ရောက်နိုင်ပါတယ်။ 

Semester based တက်ရောက်ရပြီး 1st semester သည် August နှောင်းပိုင်းတွင် စတင်ပြီး ဒီဇင်ဘာတွင် ပြီးဆုံးပါတယ်။ 2nd semester သည် ဇန်နဝါရီလလယ်တွင် စတင်ပြီး မေလ လယ်တွင် ပြီးဆုံးပါတယ်။ Winter, summer တွင် တက်ရောက်နိုင်သော ဘာသာရပ်များလဲရှိပါတယ်။

Manhattan College တွင် Pre-Professional ပရိုဂရမ်များဖြစ်သော 

  • Per-Dental
  • Pre-Law
  • Pre-Medical
  • Pre-Physical Therapy
  • Pre-veterinary စသော ဘာသာရပ်များအပြင် Graduate program များဖြစ်သော Mathematics,Education, Engineering, Business စသော ဘာသာရပ်များကို တက်ရောက်နိုင်ပါတယ်။ 

The School of Engineering တွင် ကောလိပ်ပြောင်းစရာမလိုဘဲ 3+2 engineering program ကို တက်ရောက်နိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 16, 2021

University of Buckingham ကို (၁၉၈၃) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် Royal Charterဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး Times University Guide 2021 တွင် Ranking 108th ဝင်ထားသည့်အပြင် နိုင်ငံပေါင်း၇၀ကျော်မှ ကျောင်းသားပေါင်း ၃၃၀၀ ကျော်ကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။ 

University of Buckinghamသည် အင်္ဂလန်အရှေ့တောင်ဘက်ရှိ Oxfordshire တွင်တည်ရှိပြီး London မှ မိုင်၅၀အကွာနှင့် Oxfordမှ မိုင်၂၀အကွာတွင်တည်ရှိပါတယ်။ 

Undergraduate နှင့် Postgraduate program များအတွက် သင်ကြားပို့ချပေးလျက်ရှိသော ဘာသာရပ်များမှာ- 

Business 

Law 

Medicine 

Computing 

Education 

Psychology 

Humanities 

Security and Intelligence

Undergraduate နှင့် Postgraduate program များအပြင် ဘာသာရပ်အများစုအတွက် two-year degrees အစီအစဉ်ကိုလည်း September နှင့် January intakeတို့အတွက် လျှောက်ထားနိုင်ပါတယ်။ program များနှင့် ပတ်သက်သည့် အသေးစိတ်ကို အောက်ပါလင့်ခ်တွင် ကြည့်နိုင်ပါတယ်။ 

https://www.buckingham.ac.uk/find-a-course/?area=Any&level=Any&menu

Undergraduate နှင့် Postgraduate  ကျောင်းသားများအတွက် scholarships £2,500 အထိ ထောက်ပံ့ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်ဇန်နဝါရီလတွင်စတင်မည့်သင်တန်းများအတွက် scholarships deadline မှာ ၂၀၂၁  ဒီဇင်ဘာဒုတိယအပတ်သောကြာနေ့ ဖြစ်ပါတယ်။ 

University of Buckingham သို့တက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သော English Language အရည်အချင်းသတ်မှတ်ချက်များမှာ- 

IELTS – Average of 6.5 (with 6.0 or above in each component)

TOEFL* (Internet-based) – 87 (minimum component scores of Listening 21, Reading 22, Speaking 23, Writing 21)

TOEFL* (Paper-based) – 580 

Cambridge Certificate of Proficiency in English (CPE) – 176-184 

Pearson Test of English Academic (PTE Academic) – 59-65 

University of Buckingham သည် ကျောင်းသားများအတွက် ငွေကြေးထောက်ပံ့မှုများ၊နေထိုင်စရာများ ၊ကျောင်းသားဝန်ဆောင်မှုများအပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရေးအတွက် Career Services Portal များလည်းထားရှိပေးထားပါတယ်။

Reference – https://www.buckingham.ac.uk/

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUK#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar