EEVS မှဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ Australia နိုင်ငံမှာရှိတဲ့ ထိပ်တန်း Business Schools တွေအကြောင်းပဲဖြစ်ပါတယ်။
Australia သည် အဆင့်မြင့်တက္ကသိုလ်များ များစွာတည်ရှိခြင်းနှင့် စီးပွားရေးအင်အားတောင့်တင်းခြင်းတို့ကြောင့် နိုင်ငံတကာကျောင်းသားများအတွက် ideal study destination တစ်ခုဖြစ်လာပါတယ်။
Australia ရှိ business courses များကို နိုင်ငံတကာမှ အသိအမှတ်ပြုထားပြီး ကျောင်းသားများအတွက် စာတွေ့သာမက လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကိုပါ ရရှိနိုင်အောင် စီစဉ်ပေးထားပါတယ်။
Australia မှာရှိတဲ့ ထိပ်တန်းစီးပွားရေးတက္ကသိုလ်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
University of Melbourne
University of Melbourne သည် မဲလ်ဘုန်းမြို့ရှိ အစိုးရသုတေသနတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ economics, finance, human resources and actuarial science အစရှိသော ဘာသာရပ်နယ်ပယ်များအတွက် Bachelor နှင့် Master Program များစွာရှိပါတယ်။ undergraduate ကျောင်းသားများအတွက် bachelor of commerce သည် career နှင့် ရေရှည်လေ့လာသင်ယူမှုအတွက် အခြေခံကောင်းတစ်ခု ဖြစ်ပါတယ်။ accounting, actuarial studies, economics, finance, management and marketing စသည့်ဘာသာရပ်နယ်ပယ်များကို မိမိစိတ်ဝင်စားရာနယ်ပယ်ပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။
The University of Queensland
University of Queensland သည် Queensland ပြည်နယ်၏မြို့တော် Brisbane တွင်အဓိကတည်ရှိသည့် public သုတေသနတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ UQ Business School တွင် accounting, business information systems, finance, management, marketing, strategy and tourism စသောဘာသာရပ်နယ်ပယ်များအတွက် MBA courses တွေကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ business school သည် Startup နှင့် Social Entrepreneurship academies များတည်ရှိရာနေရာဖြစ်ပြီး ကျောင်းသားများအား သူတို့၏စီးပွားရေးအတွေးအခေါ်များနှင့်လူမှုရေးဆိုင်ရာစီးပွားရေးလုပ်ငန်းများကို ကူညီရန် အလုပ်ရုံဆွေးနွေးပွဲများနှင့် လမ်းညွှန်သင်ကြားခြင်းသင်တန်းများပေးပါတယ်။ undergraduate ကျောင်းသားများအတွက် သင်ကြားပေးသည့် bachelor course များတွင် guest lectures များဖြင့်ပါထည့်သွင်း သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အရေးတွေ ရရှိနိုင်အောင် internship များပါစီစဉ်ပေးထားပါတယ်။
Australian National University
Australian National University (ANU) သည် သြစတြေးလျ၏မြို့တော် Canberra တွင်တည်ရှိသော အမျိုးသားသုတေသနတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ ANU College of Business and Economics တွင် accounting; economics; finance, actuarial studies and statistics; and management စသောဘာသာရပ်နယ်ပယ်များအတွက် သင်ကြားပေးပါတယ်။ ကျောင်းသားများသည် extracurricular clubs နှင့် programmes များတွင်ပါဝင်ပြီး ကျောင်းသားများအချင်းချင်းချိတ်ဆက်ပြီး ကိုယ်ပိုင်စီးပွားရေးစတင်ရန်အကြံဉာဏ်များရယူနိုင်ပါတယ်။ အလုပ်သင်အစီအစဉ်နှင့်အပြည်ပြည်ဆိုင်ရာအလုပ်အကိုင်ဘုတ်အဖွဲ့သည် ကျောင်းသားများအားကမ္ဘာအနှံ့အခွင့်အလမ်းများကို လေ့လာစေနိုင်မှာဖြစ်ပါတယ်။
#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar