fbpx
June 30, 2021

ကမ္ဘာ့စီးပွားရေးနှင့် ဈေးကွက်များအကြောင်း ကို ခေတ်မီ သင်ရိုးများဖြင့် တက်ရောက်နိုင်ပြီး၊ Postgraduate အောင်မြင်ပြီးပါက အလုပ်အကိုင် အခွင့်အလမ်းများစွာရရှိနိုင်သော International Business Management ဘာသာရပ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ထို ပရိုဂရမ်ကို တက်ရောက်လိုသူများသည်  PSB Academy ၏ တွဲဖက်Edinburgh Napier University တွင် Master of Science International Business Management  ဘာသာရပ်ကို သင်ယူနိုင်ပါတယ်။ ကမ္ဘာ့စီးပွားရေး ယှဉ်ပြိုင်မှုများ အကြားကျော်ဖြတ်နိုင်မည့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေး နယ်ပယ်များကို သင်ကြားပေးမှာဖြစ်ပါတယ်။ 

Master of Science International Business Management ဘာသာရပ်သည် ၁၆ လကြာ တက်ရောက်ရပြီး သင်ကြားချိန်ပေါင်း ၂၁၀ နာရီကြာမြင့်ပါတယ်။ City campus တွင် တက်ရောက်ရမှာ ဖြစ်ပြီး Intake များအနေဖြင့် ဖေဖော်ဝါရီ၊ ဇွန် နှင့် အောက်တိုဘာ လများအတွက် လျှောက်ထားနိုင်ပါတယ်။ သင်ရိုးများမှာ-

  • Global Economic Environment & Marketing
  • Global Marketing
  • Human Resource Management in an International Context
  • Intercultural Business Communication
  • Leadership, Strategy & Innovation
  • Sustaining Organisational Performance
  • Research Methods

Tuition fees : S$21,186.00  ကျသင့်မှာဖြစ်ပြီး  Application Fee: S$450.00,Student Induction and Development Fee: S$1,070.00,Career preparation fee: S$214.00 ကျသင့်မှာပါ။ 

အင်္ဂလိပ်ဘာသာ လိုအပ်ချက် အနေဖြင့် GCE O-level English (Grade 1 to 6) or equivalent; IELTS score of 6, with no element less than 5.5; PSB Academy’s Certificate in English Proficiency (Advanced) တစ်မျိုး ပြပေးရန် လိုအပ်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 30, 2021

EEVS မှဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ Poland နိုင်ငံမှာ ရှိတဲ့ ထိပ်တန်း Medical Schools တွေအကြောင်းပဲဖြစ်ပါတယ်။ Poland နိုင်ငံသည် ဆေးပညာရပ်များကို သင်ကြားလိုသော ကျောင်းသားများအတွက်  အကောင်းဆုံး study destination တစ်ခုဖြစ်ပြီး ဥရောပတစ်ခွင်ရှိ အကောင်းဆုံးသော ဆေးကျောင်းတွေ စုဝေးတည်ရှိရာနေရာလည်း ဖြစ်ပါတယ်။ 

Poland နိုင်ငံရှိ ထိပ်တန်း Medical Schools များမှာ- 

Medical University of Warsaw (MUW)

Medical University of Warsaw သည် ပိုလန်ရှိ သက်တမ်းရင့် ဆေးကျောင်းတစ်ခုဖြစ်ပြီး နှစ်ပေါင်း ၂၀၀ကျော်အတွင်း ဆေးပညာနှင့် ဆေးဝါးဆိုင်ရာတို့အတွက် undergraduate နှင့် postgraduate program များစွာကို သင်ကြားပေးလျက်ရှိပါတယ်။ Medical University of Warsawရှိ program များသည် တက္ကသိုလ်အဆင့်ပညာရေး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီပြီး လက်တွေ့ကျသော သင်ကြားမှုစနစ်အပေါ် အခြေခံပါတယ်။လူနာများအတွက်ယေဘုယျနှင့်အဆင့်မြင့်ဆေးကုသမှုများပေးသောလက်တွေ့သင်ကြားရေးဆေးရုံ (၆) ခုတွင် ကျောင်းသားများသည်လေ့လာသင်ယူရပါတယ်။ ကျောင်းသားများနှင့် ဝန်ထမ်းများသည် ထိုသင်ကြားရေးဆေးရုံများတွင် scientific နှင့် clinical research များပြုလုပ်ရပြီး Warsawရှိ အခြားဆေးရုံများရှိရာ ဆေးဘက်ဆိုင်ရာပညာရပ်ဆိုင်ရာဌာနများတွင်လည်း ပါဝင်ရပါတယ်။Medicine, Dental medicine, Medical sciences, Pharmacy,  Health sciences အစရှိသော နယ်ပယ်များစွာအတွက် ဘာသာရပ်များကို သင်ကြားပေးပါတယ်။

Wrocław Medical University 

Wrocław Medical University သည် အကောင်းဆုံးသင်ကြားရေးအထောက်အကူပစ္စည်းတွေ အများကြီးရှိပြီး ၁၉၅၀ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီးဆေးပညာဌာနသည်တက္ကသိုလ်၏ပထမဆုံးဌာနများမှတစ်ခုဖြစ်ကာ  English medicine အတွက် full-time နှင့် part-time program များ စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ medical course ကို pre-clinical နှင့် clinical cycles ဆိုပြီးခွဲထားကာ ပထမစာသင်နှစ်သုံးနှစ်တွင် basic theoriesများကို lectures, seminars, and laboratory classesများအသုံးပြုပြီး သင်ကြားပေးမှာဖြစ်ပါတယ်။ စတုတ္ထနှစ် နှင့် ပဉ္စမနှစ်များတွင်  clinical education ကိုအဓိကထားမည်ဖြစ်ပြီး နောက်ဆုံးနှစ်ကျောင်းသားများကို သက်ဆိုင်ရာတွဲဖက်ဆေးရုံများတွင် လက်တွေ့အလုပ်ဆင်းစေမှာ ဖြစ်ပါတယ်။ ဒီ့အပြင် England, Germany, Spain, Italy အစရှိသောနိုင်ငံများမှ တက္ကသိုလ်များနှင့်လည်း တွဲဖက်ပူးပေါင်းထားသောကြောင့် program တစ်စိတ်တစ်ပိုင်းအဖြစ် ထိုနိုင်ငံများမှာ သွားရောက် ပညာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

Medical University Silesia 

၁၉၄၈ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော Medical University Silesia သည် Katowice, Polandအခြေစိုက် public educational institution တစ်ခုဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်တွင် US Department of Education accreditation ရရှိပြီးနောက် နိုင်ငံတကာကျောင်းသားများအတွက်program များကိုအင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချခြင်းကို စတင်ခဲ့ပါတယ်။ International MD နှင့် European MD courses အမျိုးအစား၂ခု သင်ကြားပေးပြီး program နှစ်ခုလုံးသည် ခြောက်နှစ်ကြာမြင့်ပါတယ်။ Medical University of Silesia သည်  ပိုလန်နိုင်ငံရှိအကြီးဆုံးဆေးကျောင်းတစ်ခုဖြစ်ပြီး Pharmacy, Medicine, Health Sciences, Dentistry, and Public Healthစသောဌာနများတွင် enroll လုပ်ထားသည့် ကျောင်းသား ၁၀,၀၀၀ ကျော်ရှိပါတယ်။ Medicine နှင့် Dentistry ဌာနတို့သည်နိုင်ငံတကာကျောင်းသားများကြားတွင် လူကြိုက်များပြီးနိုင်ငံတကာရှိ  health care professionals ပေါင်း ၅၀,၀၀၀ ကျော်ကိုမွေးထုတ်နိုင်ပေးနိုင်ခဲ့ပါတယ်။ 

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 29, 2021

သင်သည် ဝန်ထမ်းရေးရာတွေ စီမံခန့်ခွဲရတာကို  ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး careerကို HR နယ်ပယ်တွင် စတင်ခြေလှမ်းချင်သူတစ်ဦး ဖြစ်ပါသလား? 

EEVS မှဒီနေ့မိတ်ဆက်ပေးချင်တဲ့ Kaplan Singapore မှာသင်ကြားပေးနေသော   Bachelor of Business in Human Resources Management (Single Major) Program ကတော့ သင့်အတွက်ပဲဖြစ်ပါတယ်။

ယနေ့ခေတ် Business Organization တွေမှာ Human Resources Management သည်အဓိကနေရာက ပါဝင်လာပြီး  Human Resources Management ကို သင်ယူခြင်းအားဖြင့်  organisationရှိလူများနှင့် strong relationship တည်ဆောက်နိုင်ခြင်း၊ ဝန်ထမ်းများနှင့်ဆိုင်သည့် မူဝါဒများနှင့် ဥပဒေများကို သိရှိနားလည်လာခြင်း၊ အင်တာဗျူး နှင့် အလုပ်ခန့်ထားခြင်းဆိုင်ရာ နည်းလမ်းများကို သိရှိနိုင်ခြင်း၊ လစာတွက်ချက်ခြင်းများ၊ လုပ်ငန်းစွမ်းဆောင်နိုင်ရည်အပေါ် အကဲဖြတ်နိုင်ခြင်း နှင့် Human Resource Planning များချမှတ်နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။ 

ဒီ Program ကို lectures, tutorials, workshops များနှင့်သင်ကြားပေးမှာဖြစ်ပြီး တစ်ပတ်မှာ ၅ရက် တစ်ရက်မှာ ၃နာရီ သင်ကြားပေးမှာဖြစ်ပါတယ်။ unit တစ်ခုချင်းစီတိုင်းကို class participation, written assignments, project, examinations စုစုပေါင်းရမှတ်အပေါ်မူတည်ပြီး အကဲဖြတ် အမှတ်ပေးမှာဖြစ်ပါတယ်။ 

Program တွင်အဓိကသင်ကြားပေးမည့် unit များမှာ- 

Human Resources Management

Building Enterprise Skills

Consulting and Freelancing

Workplace Law

Organisational Theory and Behaviour

Talent Acquisition

Change Management

Employment Relations in Asia

Talent Management

Business Analytics စသည်တို့ပဲဖြစ်ပါတယ်။ 

တက်ရောက်လိုသော ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ- 

(IELTS) – 6.0 Overall

Cambridge Advanced English (CAE) -169 Overall

Pearson Test of English (PTE) – 50 Overall

IBT (TOEFL IBT)- 73 Overall

Intake Season များမှာ –  January, May, September တို့ပဲဖြစ်ပါတယ်။

Application Fee – S$492.20 ဖြစ်ပြီး non-refundable ဖြစ်ပါတယ်။ 

Career opportunities များအနေဖြင့်လည်း Multinational Corporation များတွင် Human Resources Executive, Human Resources Analyst, Human Resources Policy Officer, Payroll and Operations Support, Project Manager, Recruitment Resourcer များအဖြစ်ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 29, 2021

သင်က Brands တွေနဲ့  stakeholders တွေကြားမှာ communicate လုပ်ပေးရတာကို စိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး brand communication, promotion, advertising အစရှိတဲ့ နယ်ပယ်တွေမှာ ဝင်ရောက်လုပ်ကိုင်ချင်သူတစ်ဦးလား?

ဒါဆိုရင်တော့ အခုပြောပြပေးမယ့် PSB Academy မှာသင်ကြားပေးပို့ချပေးတဲ့ Bachelor Of Communication degree (major’s in Public Relations or News Media) program ကတော့ သင့်အတွက်ပဲ ဖြစ်ပါလိမ့်မယ်။ 

Bachelor Of Communication degree (major’s in Public Relations or News Media)  ကို Public Relations Institute of Australia (PRIA)မှ အသိအမှတ်ပြုထားသောကြောင့် ကျောင်းသားများအနေဖြင့် e-membership ရရှိမည်ဖြစ်ပြီး PRIA ၏ online resourcesများဖြစ်သော Golden Target Award case studies, the Asia-pacific PR Journals, industry news, blogs များအပြင် webinars များတက်ရောက်နိုင်ရန်အတွက် access ရရှိမှာဖြစ်ပါတယ်။ ထို့အပြင် ကျောင်းသားများသည် UONS Student Chapter of the Institute of Public Relations of Singapore (IPRS) ၏ အဖွဲ့ဝင်များဖြစ်လာပြီး  industry visits များနှင့်  IPRS မှကျင်းပသော events များတွင် အတွေ့အကြုံများရယူနိုင်မှာ ဖြစ်ပါတယ်။ 

Full Time တက်ရောက်ရမည်ဖြစ်ပြီး  သုံးလတစ်ကြိမ်လျှင် module ၄ ခုကို သင်ကြားပေးကာ ၁၆ လမှ ၂၈ လအတွင်းပြီးဆုံးမည်ဖြစ်သည်။ 

Course Structure မှာ- 

Core Modules

Audience Participation and Interaction

Communication, Creativity and Cultural Production

Creative Collaborations

Design Thinking and Innovation

Digital and Social Media

Entrepreneurship

Media and Communication Concepts

Strategic Creativity

Compulsory Modules

Media Storytelling

Mobile Media Making

News Media Major Modules

Communication Research and Data Analytics

Creative Industries Professional Project

Feature Writing

Global Trends in Media and Communication

Multiplatform Journalism

News Media

Podcasting and Radio

Visual and Data Journalism

Public Relations Major Modules

Creative Industries Professional Project

Communication Research and Data Analytics

Principles of Public Relations

Public Relations Campaigns

Public Affairs

Strategic Communication

Tuition Fees အချို့မှာ- 

24 modules: S$42,115.20 (payable in 6 instalments)

16 modules: S$28,076.80 (payable in 4 instalments)

Bachelor Of Communication degree တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သောသတ်မှတ်ချက်များမှာ- 

GCSE English Language or Literature with a minimum grade C; OR

IGCSE A-level English or Humanities with a minimum grade C; OR

IELTS (Academic) score of 6.5 with no individual band score less than 6.0; OR

TOEFL Internet-based Test with a minimum score of 79; R: 19, L: 20, S: 20 and W: 24; OR

Pearson Test of English Academic (GSE) with a minimum overall score of 58 with section minimum no less than 61; OR

PSB Certificate in Academic English (PSB CAE) with a minimum score of 65% in 3 of the 4 exams. Only one exam may be in the 60 to 64% range.

Assignments, tests, projects, final examinations များဖြင့် အကဲဖြတ်အမှတ်ပေးမည်ဖြစ်ပြီး Intake Season များမှာ- January, May, September တို့ဖြစ်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 29, 2021

Australian National University (ANU) သည် သြစတြေးလျနိုင်ငံ၏ မြို့တော် Canberra မြို့တွင် တည်ရှိသော Public Research University ဖြစ်ပါတယ်။ ၁၉၄၆ တွင် စတင်တည်ထောင်ခဲ့ပြီး Parliament of Australia မှ တည်ထောင်ခဲ့သော တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါတယ်။  Canberra University College ဟု စတင်ခေါ်ဝေါ်ခဲ့ပြီး ၁၉၆၀ တွင် ANU ဟူ၍ ပြောင်းလဲခဲ့ပါတယ်။ 

ANU သည် ကမ္ဘာ့စံပြ သုတေသန တက္ကသိုလ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်ပြီး QS World University Ranking 2022 အရ  ကမ္ဘာ့ထိပ်တန်းကျောင်းများတွင် နံပါတ် ၂၇ ရရှိထားပါတယ်။

2020 Times Higher Education တွင် အလုပ်အကိုင်ရရှိမှု၊ ဘွဲ့ရမှုနှုန်းများအရ ကမ္ဘာ့ တက္ကသိုလ်များ စာရင်းတွင် နံပါတ် ၁၅ တွင် ရပ်တည်ပြီး သြစတြေးလျတွင် နံပါတ် တစ် တက္ကသိုလ်ဖြစ်ပါတယ်။ Times Higher Education 2021 အရ ကမ္ဘာပေါ်ရှိ တက္ကသိုလ်များတွင် နံပါတ် ၅၉၊ သြစတြေးလျတွင် နံပါတ် ၃ နေရာတွင် ရှိပါတယ်။2020 QS World University by Subject အရ ထိပ်တန်းဘာသာရပ် ၁၀ ခုတွင် Anthropology, Earth and Marine Sciences, Geography, Geology, Philosophy, Politics, Sociology စသော ဘာသာရပ်များ ပါဝင်ပါတယ်။ 

ကျောင်းသား လျှောက်လွှာပေါင်း Undergraduate -10052, Postgraduate-10840  ရရှိခဲ့ပြီး ပညာရေးဝန်ထမ်းပေါင်း ၃၇၅၃ ဖြင့် အရည်အသွေးမြင့် ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိပါတယ်။ Main Campus မှာ Acton တွင် တည်ရှိပြီး ပညာရေးနှင့် သုတေသန ကောလိပ်ပေါင်း ၇ ခု ရှိပါတယ်။ 

တက်ရောက်နိုင်သော ဘာသာရပ်များမှာ Business, Economics, Finance, International Studies, Mathematics ,Politics, Statistics, Ceramics, Creative design, Film and Photography, Graphic Design, Music, Visual Arts, Woodwork, Biology, Computing, Creative Design, Engineering, Environmental Studies, Physics, Robotics, Software design, Criminology, Debating, Journalism, Legal Studies, Psychology, Chemistry, Human movement စသော ဘာသာရပ်များအပါအဝင် ၁၂၀ ကျော်ကို Foundation မှ PHD  အထိ ရွေးချယ်တက်ရောက်နိုင်ပါတယ်။

Undergraduate Program လျှောက်ထားလိုသူများအတွက် University Average GPA score 4 to 6 လိုအပ်ပြီး IGCSE အောင်မြင်ထားသူများအတွက် University Foundation Program များကို လျှောက်ထားနိုင်ပါတယ်။ Postgraduate တွက် IELTS အနည်းဆုံး 6.5 လိုအပ်ပါတယ်။

ANU မှ နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာကျောင်းသားများအတွက် ANU Global Diversity Scholarship များကိုပေးအပ်လျက်ရှိပြီး ကျောင်းလျှောက်လိုက်တဲ့ application တွေကိုကြည့်ပြီး လိုအပ်ချက်များ ကိုက်ညီမှုရှိပါက တစ်နှစ်လျှင် $18,750 scholarship ကိုပညာသင်နှစ် လေးနှစ်စာအတွက် ပေးအပ်မှာဖြစ်ပါတယ်။အသေးစိတ်ကို https://www.anu.edu.au/study/scholarships/find-a-scholarship/anu-global-diversity-scholarshipတွင်ကြည့်နိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 28, 2021

EEVS မှ ယနေ့မှာ တော့ ပိုလန် နိုင်ငံတွင် ပညာသင်သွားလိုသော ကျောင်းသားများ အမေးများသော မေးခွန်းနှင့် အဖြေများကို ဖော်ပြပေးလိုက်ပါတယ်။

Poland နိုင်ငံတွင် ပညာသင်နှစ် ဘယ်နှစ်နှစ် တက်ရောက်ရသလဲ။ 

ယေဘုယျအားဖြင့် Bachelor degree ကို  ၃ နှစ် တက်ရောက်ပြီး Semester ၆ ခု တက်ရောက်ရပါတယ်။ Master degree သည် ဘာသာရပ်ပေါ် မူတည်၍  ၁၊ ၂၊ ၅ နှစ် စသဖြင့် Semester ၃ ခု သို့ ၄ ခု တက်ရောက်ရပါမယ်။ 

ပိုလန် ဘာသာစကား ပြောတတ်ဖို့လိုသလား။

နိုင်ငံတကာ ကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာစကားဖြင့် ဘာသာရပ်များကို ပို့ချပေးသဖြင့် ပိုလန် ဘာသာစကား တတ်ထားရန် မလိုပါ။ သို့သော် ပိုလန် တွင် အလုပ်လုပ်ရန် နှင့် ဆက်လက်နေထိုင်လိုသူများအနေဖြင့် ပိုလန် ဘာသာစကားပြောတတ်လျှင် ပိုကောင်းပါတယ်။ 

ပညာသင်နှစ် တွေက ဘယ်လို တက်ရောက်ရသလဲ။

ပိုလန် တက္ကသိုလ် အများစုသည် တစ်နှစ်လျှင် Semester ၂ ခုကို ၁၅ ပတ်နှုန်းဖြင့် တက်ရောက်ရပါတယ်။ Fall Semester သည် အောက်တိုဘာလ မှ စကာ ဖေဖော်ဝါရီလ အလယ်တွင် ပြီးဆုံးပြီး ခရစ်စမတ် အားလပ်ရက် ၂ ပတ်နှင့် ဖေဖော်ဝါရီလတွင် အားလပ်ရက် တစ်ပတ် ရရှိပါတယ်။ Spring Semester သည် ဖေဖော်ဝါရီ လလယ်မှ စကာ ဇွန်လ အထိ Easter အားလပ်ရက် အနေဖြင့်တစ်ပတ် ရရှိပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ဇူလိုင်လ အစ မှ စက်တင်ဘာလ တွင် ပြီးဆုံးပါတယ်။ 

ပညာသင်စရိတ် ဘယ်လောက်ကုန်ကျနိုင်သလဲ။

ပိုလန် Public ကျောင်းများသည် နိုင်ငံတကာကျောင်းသားများအတွက် တစ်နှစ်လျှင် အောက်ပါ အတိုင်းကုန်ကျနိုင်ပါတယ်။ 

  • EUR 2000 -master’s and postgraduate master’s courses;
  • EUR 3000 – doctoral, postgraduate ( scientific, artistic, specialist and habilitation internships)
  • EUR 3000 ( vocational courses and apprenticeship)
  • EUR 2000 ( a language course)

အချိန်ပိုင်း လုပ်ကိုင်လို့ရသလား။

ပိုလန်နိုင်ငံတွင် နိုင်ငံတကာကျောင်းသားများအနေဖြင့် တစ်ပတ်လျင် နာရီ ၂၀ အချိန်ပြည့်လုပ်ကိုင်နိုင်ပြီး နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ပြည့် လုပ်ကိုင်နိုင်ပါတယ်။ 

နေရာထိုင်ခင်း ဘယ်လို ရှာရလဲ။

နိုင်ငံတကာကျောင်းသားများအတွက် ပိုလန် တက္ကသိုလ်အများစုသည် တက္ကသိုလ် အဆောင်များ ထားရှိပေးထားပါတယ်။ 

တစ်လလျှင် အသုံးစရိတ် ဘယ်လောက်လိုအပ်လဲ။

နေထိုင်မှု ပုံစံပေါ် မူတည်၍ ကုန်ကျစရိတ် ကွဲပြားနိုင်သော်လည်း ယေဘုယျအားဖြင့် တစ်လလျှင် ၁၂၀၀-၂၅၀၀ PLN ကျသင့်ပါမယ်။ ထိုပမာဏတွင် ငှားရမ်းခ၊ အစားအသောက်၊ အဝတ်အထည်၊ ယာဉ် စီးခ၊ သင်ထောက်ကူ ပစ္စည်းများ၊ ဖုန်းဘေလ်နှင့် အခြားသော အသုံးစရိတ်များအတွက် ကာမိပါတယ်။ သို့သော် ထိုပမာဏတွင် Tuition fees မပါပါ။ ကျောင်းအဆောင်ခသည် ၄၀၀-၆၀၀ PLN ၊ စပ်တူ ငှားရမ်းသော တိုက်ခန်းခ-၁၀၀၀-၁၆၀၀ PLN ၊ အစားအသောက် ၅၀၀-၇၀၀၊ယာဉ် စီးခ ၆၅ PLN ကျသင့်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 28, 2021

တစ်နှစ်ကို မြန်မာငွေ သိန်းတစ်ရာဝန်းကျင် ကုန်ကျရုံနဲ့ Poland နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်မယ်ဆိုတဲ့ အကြောင်းကို သင်သိပါသလား

Poland နိုင်ငံက မတူကွဲပြားပြီး အံ့သြဖွယ်ကောင်းလောက်အောင် ပညာရေးသမိုင်းကြောင်းတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ Poland နိုင်ငံမှာ ပညာသင်ယူပါက နိုင်ငံတကာ အသိအမှတ်ပြု high quality European degree တွေကို ကုန်ကျစရိတ်သက်သာစွာဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။ဒါတင်မကသေးပဲ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း EU နိုင်ငံတွေမှာ ဆက်လက်လုပ်ကိုင်နိုင်ဖို့ အခွင့်အရေးတွေရရှိမှာဖြစ်ပါတယ်။ 

ပိုလန်နိုင်ငံရှိကျောင်းများသည် high quality courses တွေကို သင်ကြားပေးရုံသာမက  MBBS, Engineering, International business, Tourism, Hospitality စသောနယ်ပယ်များအတွက် ကုန်ကျစရိတ်သက်သာသော programများကို ပို့ချပေးလျက်ရှိပါတယ်။ 

Poland နိုင်ငံမှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်အချို့မှာ – Medical University of Warsaw, Poznan University of Technology, SGH Warsaw School of Economics, Siedlce University of Natural Sciences and Humanities, Warsaw University of Life Sciences – SGGW, Warsaw University of Technology စသည်တို့ပဲဖြစ်ပါတယ်။ 

Poland နိုင်ငံတွင် ပညာသင်ကြားလိုသူများအတွက် ဘာသာရပ်နယ်ပယ်အလိုက် ကုန်ကျစရိတ် range များမှာ- 

For MBBS 

7500 EUR –  12000 EUR 

For Engineering 

Bachelor Degree – 500 – 6,000 EUR

Master Degree – 1,000 – 8,000 EUR

For Business Studies 

For Undergraduate and Master Degree  –  2000 and 4000 EUR 

High Quality Education Program များကို English Language ဖြင့်သင်ကြားခြင်း၊ ပညာသင်စရိတ်သက်သာခြင်း၊ ရွေးချယ်စရာ တက္ကသိုလ်များစွာရှိခြင်း၊ နေထိုင်စရိတ်များ သက်သာခြင်းတို့အပြင် EU နိုင်ငံများမှမဟုတ်သော ကျောင်းသားများအတွက်ပါ Scholarships Opportunities များပေါများခြင်းကြောင့် နိုင်ငံတကာကျောင်းသားများ၏  စိတ်အဝင်စားဆုံး study destination တစ်ခုဖြစ်လာပါတယ်။ 

Poland နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ကြားဖို့အတွက် စိတ်အားထက်သန်နေသူတစ်ဦးဆိုရင်တော့ သင့်ရဲ့အိမ်မက်တွေအကောင်အထည်ဖော်နိုင်ဖို့အတွက်ကတော့ EEVSရဲ့ တာဝန်ဖြစ်ပါတယ်။ 

Poland နိုင်ငံရှိ ကျောင်းတွေရဲ့ Intake Seasonအများစုမှာ- February, October ဖြစ်ပြီး October Intake Season အမှီကျောင်းသွားတက်လိုသူတွေအနေနဲ့တော့ လက်မနှေးပဲ EEVS ကို ဆက်သွယ်စုံစမ်းလိုက်တော့နော်။ 

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 28, 2021

EEVSမှ ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Kaplan Singapore တွင် တက်ရောက်နိုင်သော Diploma in Accountancy ဘာသာရပ် ဖြစ်ပါတယ်။ 

Diploma in Accountancy ပရိုဂရမ်တွင် ယူနစ် ၈ ခုပါဝင်ပြီး Term ၄ ခုဖြင့် ၈ လတက်ရောက်ရပါမယ်။ ယူနစ်တစ်ခုဆီတွင် အကဲဖြတ်ခြင်း၊ ဆွေးနွေးခြင်း နှင့် နည်းပညာဘက်ပေါင်းစုံဖြင့် သင်ကြားပေးလျက်ရှိပါတယ်။

တစ်ပတ်လျှင် ၅ ရက် တက်ရောက်ရပြီး တစ်နေ့လျှင် ၃ နာရီကြာတက်ရောက် ရပါမယ်။ ယူနစ် တစ်ခုစီတွင် သင်ကြားမှုကြာချိန်မှာ ၄၂ နာရီ ဖြစ်ပါတယ်။ အကဲဖြတ်ရာတွင် အတန်းတွင်း ပါဝင်မှု ၊ Assignment ရေးသားခြင်း၊အဖွဲ့လိုက် ပရောဂျက်များ ဆောင်ရွက်ခြင်း နှင့် စာမေးပွဲ ဖြေဆိုခြင်းတို့ပါဝင်ပါတယ်။ 

Tuition fees – S$ 13,268 ကုန်ကျနိုင်ပြီး Application fees-S$ 492.20, Administration fees- S$ 963 ကျသင့် ပါတယ်။ Intake အနေဖြင့် ဖေဖော်ဝါရီ၊ ဧပြီ၊ သြဂုတ်၊ အောက်တိုဘာ၊ ဒီဇင်ဘာ လများတွင် လျှောက်ထားနိုင်ပါတယ်။ 

Diploma in Accountancy Program တွင်သင်ကြားပေးသော ဘာသာရပ်များမှာ- 

  • Principles of Management (PMGT)
  • Business Statistics and Data-Driven Decision Making (BSDDDM) 
  • Principles of Economics (POE)
  • Commercial Law (CL)
  • Financial Accounting (FA)
  • Cost and Management Accounting (CMA)
  • Corporate Finance & Planning (CFP)
  • Financial Reporting Analysis (FRA)

တက်ရောက်လိုသူများအနေဖြင့် Year 12 အောင်မြင်ထားရပါမယ်။ English proficiency အနေဖြင့်  GCE O-Level English (Grade 1 to 7) ,Kaplan English Placement Test; IELTS 6.0 ရှိရပါမယ်။ 

ဘွဲ့ရပြီးပါက လုပ်ကိုင်နိုင်သော နယ်ပယ်များမှာ Financial Accountant, Accounting Officer,Tax Practitioner, Tax Consultant, Assistant Manager, Management Accountant စသော Career အခွင့်အများ ရှိပါတယ်။ 

Program Link – https://www.kaplan.com.sg/course/diploma/accounting-and-finance/diploma-in-accountancy-studies/?versionb=1#full-time

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 25, 2021

Poland နိုင်ငံတွင်  တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၄၀၀ နှင့် အထက်ရှိပြီး နှစ်စဉ် ကျောင်းသားပေါင်း ၁.၅ မီလီယမ် တက်ရောက်လျက်ရှိပါတယ်။ ထို့အတူ Poland  နိုင်ငံသည် ဥရောပနိုင်ငံများတွင် ကုန်ကျစရိတ် ပိုမို သက်သာပြိး အရည်အသွေးမြင့် ပညာရေး ဒီဂရီများကို အင်္ဂလိပ်ဘာသာစကားဖြင့် ပို့ချပေးလျက် ရှိပါတယ်။ 

ပညာသင် ကျောင်းသားများစိတ်ဝင်စားသော Poland နိုင်ငံ၏ ကျောင်းစရိတ်နှင့် အခြားသော ကုန်ကျစရိတ်များအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Tuition Fees 

Public University များတွင် Polish, EU/EEA နှင့် Switzerland ကျောင်းသားများသည် ပိုလန် ဘာသာစကားဖြင့် တက်ရောက်ပါက Tuition fees ပေးစရာ မလိုပါ။

 အခြား ပညာရေး ပရိုဂရမ်များသည် –

500 – 6,000 EUR/academic year for Bachelor’s degrees

1,000 – 8,000 EUR/academic year for Master’s degrees

သို့သော် Dentistry and Business (အထူးသဖြင့်  MBAs) ပရိုဂရမ်များကမူ 15,000 EUR/year ကျသင့်ပြီး ပုဂ္ဂလိက တက္ကသိုလ်များတွင် ပိုကုန်ကျနိုင်ပါတယ်။ Tuition fee သက်သာသော ကျောင်းများမှာ- 

  • Warsaw University of Technology
  • Poznan University of Life Sciences
  • University of Agriculture in Krakow
  • University of Opole

Living Costs

Poland နိုင်ငံသည် စီးပွားရေးတည်ငြိမ်သော နိုင်ငံဖြစ်ပြီး ကုန်ကျစရိတ်သက်သာသော ဥရောပ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသားများအနေဖြင့် တစ်လလျှင် နေထိုင်စရိတ် 350 – 550 EUR/month ကျသင့်ပြီး  မြို့ကြီးများဖြစ်သော Krakow or Warsaw တို့တွင်  500 – 850 EUR/month ကျသင့်ပါတယ်။ 

Accommodation costs

နေရာ ထိုင်ခင်းသည် လစဉ် နေထိုင်စားသောက်မှု ကုန်ကျစရိတ်တွင် ၃၀% အရေးကြီးပါတယ်။ နိုင်ငံတကာ ကျောင်းသားများသည် နားနေဆောင်ခန်းမ များ သို့ သီးသန့် တိုက်ခန်းငှားရမ်း နေထိုင်ကြပါတယ်။ ကျောင်းသားနားနေဆောင် ခန်းမများသည် တစ်လလျှင် 60 – 150 EUR ကျသင့်ပါတယ်။ တိုက်ခန်း မျှငှားရမ်းခသည် 80 – 150 EUR တစ်လလျှင် ကျသင့်ပြီး ပိုလန်နိုင်ငံကျောင်းသားများ အရွေးများပါတယ်။ မြို့ကြီးဖြစ်သော Krakow တွင် တစ်ယောက်အိပ်ခန်းပါ တိုက်ခန်းသည် တစ်လလျှင် 300 – 465 EUR ကျသင့်ပြီး Warsaw မြို့တွင်  350 – 650 EUR ကျသင့်ပါတယ်။ 

Food Costs

နိုင်ငံတကာ ကျောင်းသားများ၏ စားသောက် စရိတ်မှာ တစ်လလျှင် 100 – 150 EUR ကျသင့်ပါတယ်။ Tesco, Auchan, Carrefour, Leclerc, and Lidl စသော စူပါ မားကတ်များတွင် ဈေးသက်သာပြီး နှစ်ယောက်တွက် သုံးနပ်စာ စားသောက်ဆိုင်တွင်  ကုန်ကျစရိတ်မှာ 5 EUR or 23 EUR, Light drink 2 EUR ကျသင့်ပါတယ်။ 

 Transportation costs

ယာဉ်စီးခ ကုန်ကျစရိတ်သည် Semester တစ်ခု လျှင် ၆ လစာ 50 EUR ကျသင့်ပါတယ်။ ကျောင်းသားများ၏ ၁၈% သည်ကားဖြင့် သွားရောက်ကြပြီး သာယာသော ရှုခင်းများကို ခံစားရင်း စက်ဘီး (သို့) လမ်းလျှောက်သွားလို့ရပါတယ်။ 

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 25, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Australia နိုင်ငံရှိ University of Newcastleမှ သင်ကြားပို့ချပေးနေတဲ့ Master of Clinical Epidemiology Program ပဲဖြစ်ပါတယ်။ 

Master of Clinical Epidemiology သည်ကျန်းမာရေးစောင့်ရှောက်မှုသုတေသနအပေါ်အဓိကထားပြီး ကူးစက်ရောဂါဆိုင်ရာနည်းလမ်းများကို အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုသုတေသနပြုခြင်း၊ ရရှိလာသည့် သုတေသနသက်သေအထောက်အထားများကို လက်တွေ့လေ့ကျင့်မှုများနှင့်ကျန်းမာရေးစောင့်ရှောက်မှုတွင်မည်သို့အသုံးချရမည်ကို လေ့လာနိုင်ပါတယ်။ 

Master of Clinical Epidemiology Program ကို Full-Time ၁နှစ်တက်ရောက်ရမည်ဖြစ်ပြီးအဓိကသင်ကြားပေးမည့် ဘာသာရပ်များမှာ- 

Biostatistics

Clinical Statistics

Epidemiology

Health Economics

Randomised Control Trials

Research Protocol Design

Applied Research တို့ဖြစ်ပါတယ်။ 

Master of Clinical Epidemiology Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ- 

Biomedical science, Applied science, Nursing, Medicine, Pharmacy, Allied health, Psychology, Sociology and social/ Behavioural science စသောဘာသာရပ်နယ်ပယ်များတွင် အနည်းဆုံး၄နှစ် undergraduate degree ရရှိထားသူဖြစ်ရမည်။ 

Undergraduate degree ၃နှစ် ရှိသော လျှောက်ထားသူများအနေဖြင့် Honours degree (သို့) postgraduate qualifications များဖြစ်သော Graduate Certificate , Graduate Diploma (သို့) သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ တစ်နှစ်ရှိရမည်။ 

IELTS – 6.5

PTE – 56

TOEFL iBT – 77

Start dates -Semester 1 (21 Feb 2022)

Scholarships အမျိုးအစားများစွာကိုပေးလျက်ရှိပြီး အသေးစိတ်ကို https://www.newcastle.edu.au/scholarships တွင်ကြည့်နိုင်ပါတယ်။ 

Career opportunities များအနေဖြင့် clinical epidemiologist အဖြစ် ကူးစက်ရောဂါများကို လျော့ချခြင်းနှင့် ထိန်းချုပ်ခြင်းအတွက် လက်တွေ့ကျသော နည်းလမ်းများကို ရှာဖွေလုပ်ဆောင်ရာတွင်လုပ်ကိုင်နိုင်ပါတယ်။ Epidemiology research, Academia, Policy advisor, Health related industriesများတွင်လည်း career path ကိုစတင်နိုင်ပါတယ်။ 

 #LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar