fbpx
June 17, 2021

Long Island Universityကို ၁၉၂၆တွင် စတင်တည်ထောင်ခဲ့ပြီး Middle States Commission on Higher Education(MSCHE) ၏ အသိအမှတ်ပြုခံရသော တက္ကသိုလ်ဖြစ်ပါတယ်။ 

ထို့အတူ Long Island University၏ ပညာရေး ပရိုဂရမ်များ၊ ကျောင်းများနှင့် ကောလိပ်များသည်  ပညာရေး အေဂျင်စီများဖြစ်သော Accreditation Council for Pharmacy Education(ACPE), Commission on Collegiate Nursing Education(CCNE), Association to Advance Collegiate Schools of Business (AACSB) , American Psychological Association Commission တို့၏ အသိအမှတ်ပြုခြင်းကိုလဲ ရရှိပါတယ်။ 

LIU တွင် Graduate ,Undergraduate, Doctoral degree, certificate စသော ပရိုဂရမ်ပေါင်း ၅၀၀ ကျော်ကို တက်ရောက်နိုင်ပါတယ်။ တက်ရောက်နိုင်သော ဘာသာရပ်များမှာ  Accounting, Theatre , Film , Sciences, Business, Communication, Computer Science, Arts, Education, Health Science, Journalism, Nursing, Psychology, Pharmacy, Sports စသော ဘာသာရပ်များဖြစ်ပါတယ်။ 

LIU တွင်  နိုင်ငံတကာ ကျောင်းသားဦးရေ အလွန်များပြိး Main Campus- Brooklyn တွင် ကျောင်းသား ၂၀၀၀၀ ကျော်တက်ရောက်လျက်ရှိပါတယ်။ 

တက်ရောက်နိုင်သော Program အချို့၏ Tuition Fees များကို ဖော်ပြပေးလိုက်ပါတယ်။ 

MBA – USD 25,480

MS – USD 22,839-30,981

BE/Btech – USD 37,926

BBA – USD 37,926

MIM – USD 25,480

BSC –USD 36,452

MA – USD 25,694

Other courses – USD 25,694-36452 ကျသင့်ပါတယ်။ 

ပရိုဂရမ် အသေးစိတ်ကို ဖော်ပြပါ Link-https://liu.edu/brooklyn/academics တွင်ကြည့်ရှုနိုင်ပါတယ်။ 

IELTS overall 6,6.5 , TOEFL- 75 နှင့် အထက် ပြပေးရန် လိုအပ်ပါတယ်။ 

အခြားသော ကုန်ကျစရိတ်များအနေဖြင့် Accommodation -$4339/term , Meals Plan –$2564/term (14 meals /week) ကုန်ကျမှာ ဖြစ်ပါတယ်။ Off-campus နေထိုင်စရိတ်မှာ တစ်လလျှင် ပျမ်းမျှ $1300 to $2100 ကျသင့်မှာဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 17, 2021

Western Washington Universityသည် ဝါရှင်တန်ပြည်နယ် Bellingham တွင် တည်ရှိပြီး academic programs ပေါင်း ၁၇၅ ခု ရှိကာ လက်ရှိတွင် ကျောင်းသား ၁၆၁၄၂ ဦး enroll လုပ်ထားလျက်ရှိပါတယ်။ 

Western Washington Universityကို Graduate School နှင့် Undergraduate colleges များဖြစ်သော the College of Business and Economics, the College of Fine and Performing Arts, Fairhaven College of Interdisciplinary Studies, the College of Humanities and Social Sciences, Huxley College of the Environment, the College of Science and Engineering, Woodring College of Education တို့ဖြင့် ဖွဲ့စည်းထားပါတယ်။

နိုင်ငံတကာနှင့် မြန်မာကျောင်းသားများအတွက် ပို့ချပေးသော Graduate နှင့် Undergraduate program များမှာ- 

Bachelor of Arts, Bachelor of Arts in Education, Bachelor of Fine Arts, Bachelor of Music, Bachelor of Science,Bachelor of Science in Nursing, Master of Arts, Master of Business Administration, Master of Education, Master of Fine Arts, Master of Music, Master in Teaching, Master of Science, Master of Professional Accounting  တို့ဖြစ်ပါတယ်။

Western Washington University မှာတက်ရောက်လိုတဲ့ ကျောင်းသားတွေအတွက် ဝင်ခွင့်လိုအပ်ချက်များမှာ-

Average SAT Score 1090- 1300

Average ACT Score 22- 29

Average GPA 3.27- 3.84

IELTS Minimum Score –  6.5

Duolingo Score: 105 or higher

TOEFL Minimum Score: 80 (iBT) or 550 (paper-based)

Applications Fees ပေးဆောင်ရမည်ဖြစ်ပြီး Non-Refundable ဖြစ်ပါတယ်။

Undergraduate Application: USD 60

Graduate Application: USD 100

Career Opportunities များစွာရှိသည့်အပြင် Western Washington University students များအတွက် Student Employment Center မှတစ်ဆင့် part-time အလုပ်အကိုင် အခွင့်အလမ်းတွေရှာဖွေနိုင်ပြီး မိမိနှင့်ကိုက်ညီသည့် career options တွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ 

Scholarship  နှင့် Financial Aid များကိုလည်း  Western Washington University မှ ထူးချွန်ကျောင်းသားများအတွက် ပေးအပ်လျက်ရှိပါတယ်။

Intake Sessions – Fall/ Spring

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 16, 2021

Manhattan College ကို The Brothers of the Christian School(De La Salle Christian Brothers) မှ ၁၈၅၃ တွင် စတင်  တည်ထောင်ခဲ့သော ပုဂ္ဂလိကကောလိပ်ဖြစ်ပါတယ်။ Undergraduateလျှောက်လွှာပေါင်း  ၃၄၈၅ လက်ခံရရှိလျက်ရှိပြီး Arts , Business, Education, Health Engineering , Science စသော ဘာသာရပ်များမှာ ထင်ရှားပါတယ်။ 

၂၀၁၉ Money magazine တွင် Manhattan college သည် နိုင်ငံတွင်း ထိပ်တန်း Transformative ကျာင်းအဖြစ် ဘွဲ့ ရရှိမှုနှုန်းနှင့် ကျောင်းသားဝန်ဆောင်မှုများအပေါ်အခြေခံ၍ သတ်မှတ်ခံရပါတယ်။ Payscale’s 2018 အရ ငွေကြေးမြှုပ်နှံသော ကျောင်းပေါင်း ၂၈၇၉ တွင် နံပါတ် ၇၈ တွင် ရှိပါတယ်။ ၂၀၁၅ Brookings Institution study အရ နိုင်ငံတွင် အကောင်းဆုံးကျောင်းများတွင် နံပါတ် ၉ တွင် ရှိပါတယ်။ 

Manhattan College တွင် တက်ရောက်နိုင်သော Undergraduate ကျောင်းများမှာ 

  • The School of Liberal Arts
  • The O’Malley School of Business
  • The School of Education and Health
  • The School of Engineering
  • The School of Science
  • The School of Continuing and Professional Studies

The School for Liberal Arts သည် Manhattan college  ၏ အကြီးဆုံးကျောင်းဖြစ်သော်လည်း  The School of Engineering ၏ ပရိုဂရမ်များသည် ပိုပြီး လူသိများပါတယ်။ Manhattan college တွင် ပရိုဂရမ်ပေါင်း ၆၀ ကျော်ကို တက်ရောက်နိုင်ပါတယ်။ 

Semester based တက်ရောက်ရပြီး 1st semester သည် August နှောင်းပိုင်းတွင် စတင်ပြီး ဒီဇင်ဘာတွင် ပြီးဆုံးပါတယ်။ 2nd semester သည် ဇန်နဝါရီလလယ်တွင် စတင်ပြီး မေလ လယ်တွင် ပြီးဆုံးပါတယ်။ Winter, summer တွင် တက်ရောက်နိုင်သော ဘာသာရပ်များလဲရှိပါတယ်။

Manhattan College တွင် Pre-Professional ပရိုဂရမ်များဖြစ်သော 

  • Per-Dental
  • Pre-Law
  • Pre-Medical
  • Pre-Physical Therapy
  • Pre-veterinary စသော ဘာသာရပ်များအပြင် Graduate program များဖြစ်သော Mathematics,Education, Engineering, Business စသော ဘာသာရပ်များကို တက်ရောက်နိုင်ပါတယ်။ 

The School of Engineering တွင် ကောလိပ်ပြောင်းစရာမလိုဘဲ 3+2 engineering program ကို တက်ရောက်နိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 16, 2021

1927 ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော University of Bridgeport သည်  Undergraduate Engineering Programs များအတွက် Top ranking ရရှိထားသော ကျောင်းများတွင် အပါအဝင်ဖြစ်ပြီး နိုင်ငံပေါင်း ၈၀မှ မတူကွဲပြားသောကျောင်းသားများအတွက် career အတွက်အဆင်သင့်ဖြစ်စေသည့်အပြင် ဆန်းသစ်တီထွင်မှုနှင့် စိန်ခေါ်မှုရှိသော  learning environment ကိုပါ ပေါင်းစပ်ဖန်တီးပေးထားပါတယ်။ 

UB ၏ ၆၀ဧကကျယ်ဝန်းသော ကျောင်းဝင်းသည်နယူးယောက်မြို့မှ ၁.၅ နာရီသာဝေးပြီး Connecticut အနောက်တောင်ဘက်ရှိသာယာလှပတဲ့  Long Island Sound တွင် တည်ရှိပါတယ်။

Engineering, Business, Health Science, Education ဘာသာရပ်များကို Undergraduate Programs, Graduate Programs, Accelerated Degree Completion, Online, Continuing Ed. / Certificate Programs စသည့် Programs များအတွက် ပို့ချသင်ကြားပေးလျက်ရှိပါတယ်။  Programs အသေးစိတ်ကို ဒီလင့်ခ် https://www.bridgeport.edu/academics/programs တွင် ကြည့်နိုင်ပါတယ်။ 

ကျောင်းသား / ဆရာအချိုး 16: 1 ရှိပြီး Undergraduate Enrollment လုပ်ထားသော ကျောင်းသားဦးရေ 2,740 ရှိပါတယ်။ 

နိုင်ငံတကာနှင့် မြန်မာကျောင်းသားများအနေဖြင့် တက်ရောက်လိုသော မေဂျာများကို တိုက်ရိုက်လျောက်ထားနိုင်ပြီး freshman များအတွက် Average incoming GPA 3.23, transfer students များအတွက် Average incoming GPA 3.08 လိုအပ်ပါတယ်။ 

University of Bridgeport သို့တက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သောသတ်မှတ်ချက်များမှာ- 

TOEFL – IBT – 75

PTE – 54

IELTS – 6.0

Duolingo English Test (DET) -55

Financial Aid ထောက်ပံ့ပေးခြင်းများရှိပြီး Student Support အနေဖြင့် Academic Support Services, Health Services, Counselling Services များလည်း ထားရှိပေးထားပါတယ်။

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 16, 2021

၁၈၇၂ ခုနှစ် ဖေဖော်ဝါရီ ၂၈တွင် စတင်တည်ထောင်ခဲ့သော Concord University သည် public university ဖြစ်ပြီး ၁၂၅ ဧကကျယ်ဝန်းသော ကျောင်းcampusသည် အနောက်ဗာဂျီးနီးယား၊အေသင်မြို့တွင်တည်ရှိပါတယ်။ 

၂၀၂၁ ခုနှစ် အကောင်းဆုံး Regional Universities များစာရင်းတွင် ranking 94 ရရှိပြီး ကျောင်းသား ဆရာအချိုး 16:1 ရှိပါတယ်။ Intake Section များအနေဖြင့် Summer,Spring,Fall Section ၃ခုရှိပါတယ်။ 

Undergraduate နှင့် Graduate program များအတွက် သင်ကြားပို့ချပေးလျက်ရှိသော ဘာသာရပ်များမှာ- Biology, Business, Education, Fine Arts and Communications, Health Sciences, Humanities, Interdisciplinary Studies, Mathematics and Computer Science, Physical and Environmental Sciences, Social Sciences, Social Work and Sociology တို့ဖြစ်ပြီး အရည်အသွေးမြင့်မားသော ပညာရေး အစီအစဉ်များ၊ ထူးချွန်သော ဆရာ၊ဆရာမများ နှင့် supportive learning environment တစ်ခုအဖြစ် ဖန်တီးပေးထားပါတယ်။programs အသေးစိတ်ကို အောက်ပါလင့်ခ်တွင် ကြည့်နိုင်ပါတယ်။ https://www.concord.edu/Academics.aspx

Concord University တွင်  91%  undergraduate ကျောင်းသားကျောင်းသူများ အနေဖြင့် grant (သို့) scholarship များရလေ့ရှိပြီး undergraduate ကျောင်းသားကျောင်းသူများကို ပျမ်းမျှချီးမြှင့်လေ့ရှိသော scholarship ပမာဏမှာ $9,846 ဖြစ်ပါတယ်။ 

Concord University သို့တက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သောသတ်မှတ်ချက်များမှာ- 

  • တက်ရောက်ခဲ့သော ကျောင်းများမှ academic records များ 
  • စာရွက်စာတမ်းများအားလုံးသည်အင်္ဂလိပ်ဘာသာဖြင့်ဖြစ်ရပါမည်
  • IB results, GCSE/IGCSE results, WAEC results စသော external examination results များ (သို့) ခန့်မှန်း results များ 
  • ၁၃ လထက်ပိုသော  educational gaps များအတွက် ရှင်းပြချက်များ 
  • Concord University Admissions မှတောင်းခံသော လိုအပ်သည့် စာရွက်စာတမ်းများ 
  • SAT ERW Score – at least 470 
  • ACT English score – at least 15, Reading score – at least 18 
  • TOEFL iBT score – at least 60 
  • IELTS band – at least 6.0 
  • Duolingo English Test score – at least 85 
  • GTEC score – at least 1095 
  • Eiken score – at least 2A 
  • iTEP score – at least 3.5 

Counselling Center  နှင့် Wellness Center များထားရှိပေးသည့်အပြင် healthy lifestyles, social interactions, နှင့်  leadership skills များပိုမိုတိုးတက်လာနိုင်စေရန်ရည်ရွယ်သော activities များစွာကို ဖန်တီးပေးထားပါတယ်။

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 16, 2021

Germanyနိုင်ငံသည် နိုင်ငံတကာကျောင်းသားများအတွက် အဆင့်မြင့်ပညာရေးစနစ်ကို ပေးစွမ်းနိုင်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်သောကြောင့် ကျောင်းသားများ၏ ideal study destinationတွင် တစ်ခုအပါအဝင် ဖြစ်လာပါတယ်။ Germanyရှိကျောင်းသားဦးရေ၏ သုံးပုံနှစ်ပုံသည် ကျောင်းတက်နေစဉ်ကာလအတွင်း အချိန်ပိုင်း အလုပ်များ လုပ်ကိုင်လျက်ရှိပြီး အပိုဝင်ငွေရှာဖွေရုံသာမကပဲ လုပ်ငန်းခွင်အတွက် လိုအပ်သည့် skill sets တွေကိုပါ သင်ယူကြပါတယ်။ 

၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှစ၍ တိုင်းတာချက်များအရ  international student  များအတွက် Germany နိုင်ငံတွင် လူနေမှုကုန်ကျစရိတ်များကို ကာမိစေရန် တစ်လလျှင် 861 EUR လိုအပ်ပြီး တစ်နှစ်လုံးစာအတွက် 10,332 EUR လိုအပ်ပါတယ်။ 

အချိန်ပိုင်းအလုပ်အတွက် သတ်မှတ်ထားတဲ့ rules and regulationsတွေ အမျိုးမျိုးရှိကြပါတယ်။

European Union, Iceland, Liechtenstein, Norway, နှင့် Switzerland နိုင်ငံများမှ လာရောက်သော ကျောင်းသားများအနေနှင့် job market တွင် German  ကျောင်းသားများနှင့် တန်းတူအခွင့်အရေးများရရှိနိုင်ပါတယ်။သို့သော် ထိုနိုင်ငံများမှလွဲ၍ အခြားနိုင်ငံမှလာရောက်သော ကျောင်းသားများအတွက် အောက်ပါကန့်သတ်ချက်များကို လိုက်နာရန် လိုအပ်ပါတယ်။ 

တစ်နှစ်တာကာလအတွင်း တစ်နေကုန်အလုပ်လုပ်နိုင်သည့်ရက်ပေါင်း ၁၂၀ (သို့) နေ့တစ်ဝက် အလုပ်လုပ်နိုင်သည့် ရက်ပေါင်း ၂၄၀ ရှိပါတယ်။ 

ကိုယ်ပိုင်အလုပ် (သို့) freelance လုပ်ကိုင်ခွင့်မရှိပါ။

သတ်မှတ်ထားသော အချိန်ထက်ပိုပြီး အလုပ်လုပ်လိုပါက local employment agency (Agentur für Arbeit) နှင့် foreigners’ registration office (Ausländerbehörde) တို့ထံမှ ခွင့်ပြုချက် တောင်းခံရမည်။ 

language course (သို့) preparatory course များတက်ရောက်နေသော ကျောင်းသားများအနေဖြင့် Federal Employment Agency နှင့် Immigration Office တို့မှ ခွင့်ပြုချက်ရယူရန်လိုအပ်ပြီး ကျောင်းပိတ်ထားသည့် ကာလတွင်သာ အလုပ်လုပ်ခွင့်ရှိပါတယ်။ 

ပုံမှန်အားဖြင့်  unemployment rates နိမ့်သော ဒေသများတွင် နေထိုင်သည့်ကျောင်းသားများကိုသာ အလုပ်ချိန်ပိုပြီးတိုးလုပ်ခွင့် ပေးလျက်ရှိပါတယ်။ 

academic assistants အနေဖြင့် အလုပ်လုပ်ကိုင်လျက်ရှိသော နိုင်ငံတကာကျောင်းသားများအတွက် အလုပ်ချိန်ကန့်သတ်ထားခြင်းမရှိပါ။ 

International Student များအနေဖြင့်  Part-Time Jobs တွေကို ဘယ်လိုရှာဖွေနိုင်သလဲ?

📌University Bulletin Board

University Bulletin Board တွေမှာအလုပ်ရှာတာကလည်း ထိရောက်သည့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ Bulletin Board တွေမှာ ကျောင်းသားရေးရာနှင့် ပတ်သက်သည့် ကြေညာချက်များ အပြင် အလုပ်ခေါ်စာတွေကိုလည်း ကပ်ထားလေ့ရှိပါတယ်။ 

📌University Career Centres

များသောအားဖြင့် University များတွင် ကျောင်းသားများအတွက် မိမိလေ့လာနေသော ဘာသာရပ်အလိုက် ကိုက်ညီမှုရှိသော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရန်အတွက် ကိုယ်ပိုင် Career Centres တွေထားရှိပါတယ်။ 

📌Online Job Portals

Germany နိုင်ငံတွင် industry ပေါင်းစုံတွင် part-time လုပ်လိုသော နိုင်ငံတကာကျောင်းသားများအတွက် အလုပ်ရှာဖွေရာတွင် Online Job Portals များက အထောက်အကူများစွာဖြစ်ပါတယ်။ 

Germany နိုင်ငံရှိ နိုင်ငံတကာကျောင်းသားများအနေဖြင့် industry မျိုးစုံတွင် အလုပ်ဝင်ရောက်လုပ်ကိုင်နိုင်ပြီး ကျောင်းသားအများစု လုပ်ကိုင်လေ့ရှိသော part-time job များမှာ- 

Academic assistants အလုပ်များဖြစ်သော Library supervisor, Literature researcher, Tutorial assistant များနှင့် Off-campus jobs များဖြစ်သော Waiter/Waitress, Trade Fairs, Courier, Babysitter, Bartender, Cashier, Filing office documents, Media (Journalism students)နှင့် Tutoring (Students in teacher training) တို့ပဲဖြစ်ပါတယ်။ 

များသောအားဖြင့် Germany နိုင်ငံတွင် အနိမ့်ဆုံးလုပ်အားခသည် တစ်နာရီလျှင် 9.19 EUR ဖြစ်ပြီး production, academic institutions နှင့် trade fairs များတွင်လုပ်ကိုင်သောသူများအနေဖြင့် အနိမ့်ဆုံးလုပ်အားခထက် ပိုရလေ့ရှိပါတယ်။ 

တစ်လလျှင် ဝင်ငွေ450 EUR အထက်ရှိသော ကျောင်းသားများအနေဖြင့် tax ပေးဆောင်ရန်လိုအပ်ပါတယ်။ 

Germany တွင် permanent အလုပ်ရပါက လူမှုဖူလုံရေးခံစားခွင့်ပေးချေရန်လိုအပ်ပြီး ၎င်းတွင်ကျန်းမာရေးအာမခံ၊သူနာပြုစောင့်ရှောက်မှုအာမခံ၊ပင်စင်နှင့်အလုပ်လက်မဲ့အာမခံတို့အတွက်ပေးချေမှုများပါဝင်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInGermany#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 16, 2021

University of Buckingham ကို (၁၉၈၃) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် Royal Charterဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး Times University Guide 2021 တွင် Ranking 108th ဝင်ထားသည့်အပြင် နိုင်ငံပေါင်း၇၀ကျော်မှ ကျောင်းသားပေါင်း ၃၃၀၀ ကျော်ကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။ 

University of Buckinghamသည် အင်္ဂလန်အရှေ့တောင်ဘက်ရှိ Oxfordshire တွင်တည်ရှိပြီး London မှ မိုင်၅၀အကွာနှင့် Oxfordမှ မိုင်၂၀အကွာတွင်တည်ရှိပါတယ်။ 

Undergraduate နှင့် Postgraduate program များအတွက် သင်ကြားပို့ချပေးလျက်ရှိသော ဘာသာရပ်များမှာ- 

Business 

Law 

Medicine 

Computing 

Education 

Psychology 

Humanities 

Security and Intelligence

Undergraduate နှင့် Postgraduate program များအပြင် ဘာသာရပ်အများစုအတွက် two-year degrees အစီအစဉ်ကိုလည်း September နှင့် January intakeတို့အတွက် လျှောက်ထားနိုင်ပါတယ်။ program များနှင့် ပတ်သက်သည့် အသေးစိတ်ကို အောက်ပါလင့်ခ်တွင် ကြည့်နိုင်ပါတယ်။ 

https://www.buckingham.ac.uk/find-a-course/?area=Any&level=Any&menu

Undergraduate နှင့် Postgraduate  ကျောင်းသားများအတွက် scholarships £2,500 အထိ ထောက်ပံ့ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်ဇန်နဝါရီလတွင်စတင်မည့်သင်တန်းများအတွက် scholarships deadline မှာ ၂၀၂၁  ဒီဇင်ဘာဒုတိယအပတ်သောကြာနေ့ ဖြစ်ပါတယ်။ 

University of Buckingham သို့တက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သော English Language အရည်အချင်းသတ်မှတ်ချက်များမှာ- 

IELTS – Average of 6.5 (with 6.0 or above in each component)

TOEFL* (Internet-based) – 87 (minimum component scores of Listening 21, Reading 22, Speaking 23, Writing 21)

TOEFL* (Paper-based) – 580 

Cambridge Certificate of Proficiency in English (CPE) – 176-184 

Pearson Test of English Academic (PTE Academic) – 59-65 

University of Buckingham သည် ကျောင်းသားများအတွက် ငွေကြေးထောက်ပံ့မှုများ၊နေထိုင်စရာများ ၊ကျောင်းသားဝန်ဆောင်မှုများအပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရေးအတွက် Career Services Portal များလည်းထားရှိပေးထားပါတယ်။

Reference – https://www.buckingham.ac.uk/

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUK#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 16, 2021

Acsenda School of Managementသည် ကနေဒါနိုင်ငံ Vancouver မြို့လယ်တွင် တည်ရှိသော ပုဂ္ဂလိက ကျောင်းဖြစ်ပါတယ်။ ၂၀၁၄ တွင် စတင်တည်ထောင်ခဲ့ပြီး Sprott Shaw Degree College ဟူ၍ ခေါ်ဝေါ်ခဲ့ပါတယ်။ 

📌နိုင်ငံတကာကျောင်းသားအရေ အတွက်များပြီး Undergraduate degrees, Pathway course များကို အဓိက ထားတက်ရောက်နိုင်ပါတယ်။ Semester Based တက်ရောက်နိုင်ပြီး  Two-Degree program ဖြစ်သော Bachelor’s in Business Administration, Bachelor in Hospitality Management နှစ်ဘာသာကို ၄ နှစ် ပရိုဂရမ်ဖြင့် တက်ရောက်နိုင်ပါတယ်။ 

📌BBA program ဖြစ်သော International Business Management, Human Resources Management, Marketing Management, Accounting, and General Business Management စသော ပရိုဂရမ်များကို တက်ရောက်နိုင်ပါတယ်။ ထို့ပြင် CPA,ACCA, Canadian Institute of Management စသော Professional Pathway ပရိုဂရမ်များကို တက်ရောက်နိုင်ပါတယ်။

📌English Proficiency အဖြစ် TOFEL(IBT) -84, TOFEL(PBT) -560 , IELTS- 6 ,PTE -60   လိုအပ်ပါတယ်။ ကုန်ကျစရိတ်များအနေဖြင့်-

Application fee- 155 CAD

Enrollment fee(Per term) – 51 CAD

International Tuition(per 3 credit course)- 1560 CAD 

Accomodation-756-3000 CAD ကုန်ကျနိုင်ပါတယ်။

📌Intake – October, January, April, and July

School website – https://acsenda.com/

Reference- https://collegedunia.com/canada/college/3001-acsenda-school-of-management-vancouver

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar