fbpx
October 20, 2021

▪️ EEVSမှ ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ Kaplan Singapore တွင် တက်ရောက်နိုင်သော Diploma in Accountancy ဘာသာရပ် ဖြစ်ပါတယ်။ 💁‍♂️

▪️Diploma in Accountancy ပရိုဂရမ်တွင် ယူနစ် ၈ ခုပါဝင်ပြီး Term ၄ ခုဖြင့် ၈ လတက်ရောက်ရပါမယ်။ ယူနစ်တစ်ခုဆီတွင် အကဲဖြတ်ခြင်း၊ ဆွေးနွေးခြင်း နှင့် နည်းပညာဘက်ပေါင်းစုံဖြင့် သင်ကြားပေးလျက်ရှိပါတယ်။ 🙆‍♂️

▪️တစ်ပတ်လျှင် ၅ ရက် တက်ရောက်ရပြီး တစ်နေ့လျှင် ၃ နာရီကြာတက်ရောက် ရပါမယ်။ ယူနစ် တစ်ခုစီတွင် သင်ကြားမှုကြာချိန်မှာ ၄၂ နာရီ ဖြစ်ပါတယ်။ အကဲဖြတ်ရာတွင် အတန်းတွင်း ပါဝင်မှု၊ Assignment ရေးသားခြင်း၊ အဖွဲ့လိုက် ပရောဂျက်များ ဆောင်ရွက်ခြင်း နှင့် စာမေးပွဲ ဖြေဆိုခြင်းတို့ပါဝင်ပါတယ်။ 🧑‍🎓👨‍🎓

▪️Tuition fees – S$ 13,268 ကုန်ကျနိုင်ပြီး Application fees-S$ 492.20, Administration fees- S$ 963 ကျသင့် ပါတယ်။ Intake အနေဖြင့် ဖေဖော်ဝါရီ၊ ဧပြီ၊ သြဂုတ်၊ အောက်တိုဘာ၊ ဒီဇင်ဘာ လများတွင် လျှောက်ထားနိုင်ပါတယ်။ 🗓

🔹Diploma in Accountancy Program တွင်သင်ကြားပေးသော ဘာသာရပ်များမှာ-

• Principles of Management (PMGT)

• Business Statistics and Data-Driven Decision Making (BSDDDM)

• Principles of Economics (POE)

• Commercial Law (CL)

• Financial Accounting (FA)

• Cost and Management Accounting (CMA)

• Corporate Finance & Planning (CFP)

• Financial Reporting Analysis (FRA)

▪️တက်ရောက်လိုသူများအနေဖြင့် Year 12 အောင်မြင်ထားရပါမယ်။ English proficiency အနေဖြင့်  GCE O-Level English (Grade 1 to 7) ,Kaplan English Placement Test; IELTS 6.0 ရှိရပါမယ်။ 📈

▪️ဘွဲ့ရပြီးပါက လုပ်ကိုင်နိုင်သော နယ်ပယ်များမှာ Financial Accountant, Accounting Officer,Tax Practitioner, Tax Consultant, Assistant Manager, Management Accountant စသော Career အခွင့်အများ ရှိပါတယ်။ 😇

📚 Program Link – https://www.kaplan.com.sg/course/diploma/accounting-and-finance/diploma-in-accountancy-studies/?versionb=1#full-time

#LetsPlanYourCareerTogether#StudyInSingapore#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 20, 2021

▪️EEVS နှင့် လက်တွဲအလုပ်လုပ်ကိုင်နေသည့် INTO Organization မှ Architecture, Fashion, Fine Art နှင့် Photography ဘာသာရပ်များကို ဝါသနာပါ၊ စိတ်ဝင်စားသည့် ကျောင်းသား/သူ များအတွက် UK ရှိ University ပေါင်း 100 ကျော်တွင် ရွေးချယ်တက်ရောက်နိုင်ရန်ပြင်ဆင်ပေးတဲ့ Foundation Course လေးနဲ့ မိတ်ဆက်ပေးပါရစေ။ 💁‍♂️

▪️တက်ရောက်လိုသည့် ကျောင်းသား/သူ များအနေနှင့်  Online အပြင် January 2022 မှစ၍ INTO LONDON campus တွင်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ Students များကိုလည်း စာသင်နှစ်အတွင်း ရွေးချယ်စရာ University ဆွေးနွေးပေးမူများနှင့် Academic English Lessons များကိုပါတစ်ပါတည်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 😇

▪️ဘာလို့ INTO London ကိုရွေးချယ်သင့်သလဲဆိုရင်တော့ INTO London သည် UK University ပေါင်း 60 ကျော်ကိုရွေးချယ်နိုင်ခြင်း၊ Campus မှာလည်း London မြို့လယ်တွင်တည်ရှိခြင်း၊ Individual Student Career Support နှင့် Pathway Consultation များရှိခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။ 🙆‍♂️

🔹လေ့လာသင်ယူရမည့် ဘာသာရပ်များက –

📌Term 1 modules

  • English Language for Foundation Study
  • Art Design and Practice
  • Concepts in Art and Design
  • Final Major Project for Art and Design
  • Self-Initiated Project
  • Study Skills for Art and Design

📌Term 1 specialist modules

  • Applications of Digital Technology in Contemporary Practice
  • Global Issues

▪️ဒီ Foundation course  ဟာ ဆိုရင် 1 နှစ် (3 trimesters) တက်ရောက်ရမှာဖြစ်ပြီး Fees အနေနဲ့ကတော့ £19,000 ဝန်းကျင်ကျသင့်မှာဖြစ်ပြီး English requirement အနေနဲ့ကတော့ IELTS 4.5 ( no band less than 4) သာလိုအပ်မှာဖြစ်ပါတယ်။ 💁‍♂️

▪️အသေးစိတ်လေ့လာသိရှိလိုပါက Page Messenger တွင် လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။ 😇

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 20, 2021

EEVS မှ ယခုတစ်ခါ ပြောပြပေးချင်တာကတော့ UK မှာ ပညာသင်ယူသင့်တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။

UK နိုင်ငံသည် နိုင်ငံတကာကျောင်းသားများ ပညာသင်ယူမှုအများဆုံး ဒုတိယနေရာမှာရှိဖြီး နိုင်ငံတကာကျောင်းသားပေါင်း လေးသိန်းကျော်တက်ရောက် ပညာသင်ကြားလျက်ရှိပါတယ်။

၁. နိုင်ငံတကာအသိအမှတ်ပြု ထိပ်တန်းပညာရေးစနစ်များရှိခြင်း

UK နိုင်ငံ၏ အဆင့်မြင့်ပညာရေးမှ Degree များသည် နိုင်ငံတကာမှ အသိအမှတ်ပြုခြင်းခံရပြီး

လေ့လာနိုင်တဲ့ ဘာသာရပ်နယ်ပယ်တွေကလည်း ကျယ်ပြန့်ပါတယ်။ British Higher Education Providers များသည် နိုင်ငံတကာတွင် အသိအမှတ်ပြုခံရပြီး ကျောင်းသားများကို အကောင်းဆုံးဖြစ်စေရန် ပံ့ပိုးပေးပါတယ်။

အခြားနိုင်ငံများနှင့်ယှဉ်လျှင် ပညာသင်ကာလတိုခြင်း

UK နိုင်ငံရဲ့ Degree Program များသည် အမေရိကန် နှင့် အခြားနိုင်ငံများနှင့်ယှဉ်လျှင် တက်ရောက်ရတဲ့ အချိန်နည်းတာကြောင့် အချိန်ကုန်ပိုသက်သာစေတဲ့အပြင် cost လည်းပိုသက်သာနိုင်ပါတယ်။ လေးနှစ်တက်ရောက်ရတဲ့ Program တွေက ခေတ်စားလာသော်လည်း UK မှာတော့ Degree Program အများစုက သုံးနှစ်ဖြစ်ပြီး Master Program များက တစ်နှစ်သာကြာမြင့်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းများ ပေါများခြင်း

UK တွင် နိုင်ငံတကာကျောင်းသားများ အနေဖြင့် ကျောင်းတက်နေစဉ်ကာလတွင် တစ်ပတ်လျှင် နာရီ ၂၀ အလုပ်လုပ်နိုင်ပါတယ်။ ပညာသင်နေစဉ်ကာလအတွင်းမှာ Part-Time Jobs (သို့) Internships များလုပ်ကိုင်နိုင်ပါတယ်။ အလုပ်သင်ဆင်းသည့် အစီအစဉ်တွေကိုလည်း တက္ကသိုလ်မှ ချိတ်ဆက် ဆောင်ရွက်ပေးတာမျိုးလဲရှိပါတယ်။ QS Graduate Employability Rankings 2019 အရ UK တက္ကသိုလ်များမှ graduate များအလုပ်ရရှိမှုသည် ထိပ်တန်းအဆင့်တွင် ပါဝင်လျက်ရှိပါတယ်။ UK Government သည်  ၂၀၂၁ နွေရာသီတွင် ဘွဲ့ရခဲ့သော နိုင်ငံတကာကျောင်းသားများအား နောက်ထပ် ၂ နှစ်ကြာ နေထိုင်အလုပ်လုပ်ရန် ခွင့်ပြုသည့် ဗီဇာအသစ်ကိုကြေညာခဲ့ပါတယ်။ 

နိုင်ငံတကာကျောင်းသားများအတွက် Scholarship အခွင့်အလမ်းများစွာရှိခြင်း

UK နိုင်ငံသည် နိုင်ငံတကာကျောင်းသားများအတွက် အကောင်းဆုံးသော Scholarship အခွင့်အလမ်းများနှင့် ပတ်သက်ပြီးကျော်ကြားပါတယ်။ Scholarship များကို တက္ကသိုလ်များ၊ အစိုးရနှင့် ပြင်ပလုပ်ငန်းအဖွဲ့အစည်းတွေက ပေးအပ်လျက်ရှိပါတယ်။ လူသိများ ထင်ရှားတဲ့ Scholarship option တွေကတော့

  • Great Scholarship
  • Charles Wallace India trust
  • Hornby Scholarships
  • Commonwealth Scholarships & Fellowships Plan
  • Scotland Saltire Scholarship
  • Goa Education Trust (GET) Scholarship အစရှိတာတွေပဲဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

October 13, 2021

ဒီနေ့တော့ UK နိုင်ငံမှာ ပညာသင်ယူဖို့ စဉ်းစားနေသူများအတွက် ranking ကောင်းများ ရရှိထားတဲ့ တက္ကသိုလ်တစ်ခုနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

🏫 University of Glasgow သည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၀၀ တွင် ပါဝင်လျက်ရှိပြီး UK နိုင်ငံရှိ တက္ကသိုလ်များတွင် ဘာသာရပ်အများဆုံး သင်ကြားပို့ချလျက်ရှိသည့် တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ ၁၄၅၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့အသိအမှတ်ပြု တက္ကသိုလ်တစ်ခုအနေဖြင့် ရပ်တည်လျက်ရှိပါတယ်။ University of Glasgow သည် အင်္ဂလိပ်စကားပြောနိုင်ငံများရှိ တက္ကသိုလ်များတွင် ရှေးအကျဆုံး နံပါတ် ၄ တက္ကသိုလ်တစ်ခုပဲ ဖြစ်ပြီး စကော့တလန်နိုင်ငံရှိ ရှေးဟောင်းတက္ကသိုလ်များတွင် တစ်ခုအပါအဝင် ဖြစ်ပါတယ်။  💁‍♂️

 

▪️ University of Glasgow သည် စကော့တလန်နိုင်ငံ Glasgow မြို့တွင်တည်ရှိပြီး Gilmorehill campus, Garscube campus နှင့် Dumfries Campus တို့ဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကျောင်းသား/သူပေါင်း ၂၈,၀၀၀ ကျော် ပညာသင်ကြားလျက်ရှိပါတယ်။  🙆‍♂️

📍 University of Glasgow သည် စကော့တလန်နိုင်ငံ Glasgow မြို့တွင်တည်ရှိပြီး Gilmorehill campus, Garscube campus နှင့် Dumfries Campus တို့ဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကျောင်းသား/သူပေါင်း ၂၈,၀၀၀ ကျော် ပညာသင်ကြားလျက်ရှိပါတယ်။  

🔹 University of Glasgow သည် Rankings ကောင်းများစွာကိုလဲ ပိုင်ဆိုင်ထားပါတယ်။

📌 Times Higher Education World University Rankings – 86

📌 QS World University Rankings – 77

📌 Complete University Guide – 16

📌 UK University Rankings – 12 စသည်ဖြင့် rankings ကောင်းများ များစွာရရှိထားတဲ့ တက္ကသိုလ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ 🏫

 

▪️University of Glasgow ကို ကျောင်း ၂၀၊ ကောလိိပ် ၄ ခု၊ research institute ၄ ခုတို့ဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ 🏫🏢🏤

🏫 School

• Adam Smith Business School

• Dental School

• School of Chemistry

• School of Computing Science

• School of Critical Studies

• School of Culture & Creative Arts

• School of Education

• James Watt School of Engineering

• School of Geographical & Earth Sciences

• School of Humanities | Sgoil nan Daonnachdan

• School of Interdisciplinary Studies

• School of Law

• School of Life Sciences

• School of Mathematics & Statistics

• School of Medicine, Dentistry & Nursing

• School of Modern Languages & Cultures

• School of Physics & Astronomy

• School of Psychology

• School of Social & Political Sciences

• School of Veterinary Medicine

🏫 Colleges

•College of Arts

•College of Medical, Veterinary & Life Sciences

•College of Science & Engineering

•College of Social Sciences

🏫 Research Institutes

COLLEGE OF ARTS

•ArtsLab Glasgow

COLLEGE OF MEDICAL, VETERINARY & LIFE SCIENCES

•Institute of Biodiversity, Animal Health and Comparative Medicine

•Institute of Cancer Sciences

•Institute of Cardiovascular & Medical Sciences

•Institute of Health & Wellbeing

•Institute of Infection, Immunity & Inflammation

•Institute of Molecular, Cell and Systems Biology

•Institute of Neuroscience & Psychology

COLLEGE OF SCIENCE & ENGINEERING

•Institute of Neuroscience & Psychology

COLLEGE OF SOCIAL SCIENCES

•Institute of Health & Wellbeing

 

▪️ သင်ယူနိုင်သည့် ဘာသာရပ်တွေကတော့ Undergraduate Program ပေါင်း ၁၂၀ ကျော် Postgraduate Program ပေါင်း ၃၀၀ ကျော်၊ PHD, MRES, MD, ENGD & MSC‌/‌MLITT‌/‌MPHIL‌(Research Program) ပေါင်း ၉၀ ကျော်ကို စိတ်ကြိုက် ရွေးချယ်တက်ရောက်နိုင်ပါတယ်။ Programs အသေးစိတ်ကို အောက်ပါဖော်ပြပါ လင့်ခ်များမှ တစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။  💁‍♂️

📌Undergraduate Program အတွက်

https://www.gla.ac.uk/undergraduate/degrees/ 

📌 Postgraduate Program အတွက်

https://www.gla.ac.uk/postgraduate/taught/ 

📌 PHD, MRES, MD, ENGD & MSC‌/‌MLITT‌/‌MPHIL‌(Research Program) အတွက်

https://www.gla.ac.uk/postgraduate/research/ 

 

🔸 Tuition Fees, Intake Seasons & English Language Requirements

Tuition Fees အနေဖြင့် – £18,350 မှ £20,400  ထိ Programs အပေါ်မူတည်ပြီးကုန်ကျနိုင်ပါတယ်။

🔸 Intake Season တွေကတော့ January Intake နှင့် September Intake ဆိုပြီးရှိပါတယ်။

🔸 International Students တွေအနေနဲ့ လိုအပ်တဲ့ English Language Requirements က ဘာသာရပ်တစ်ခုချင်း အလိုက်ကွာခြားမှုရှိသည့်အတွက် အောက်ဖော်ပြပါ link များတွင် အသေးစိတ် လေ့လာဖို့ အကြံပြုပါတယ်။

📌 Undergraduate Programs များအတွက်

https://www.gla.ac.uk/undergraduate/degrees/

📌 Postgraduate Programs များအတွက်

https://www.gla.ac.uk/postgraduate/taught/

📌 University Website

https://www.gla.ac.uk

🗒 References:

https://www.gla.ac.uk 

https://en.wikipedia.org/wiki/University_of_Glasgow

https://www.topuniversities.com/universities/university-glasgow

https://www.gla.ac.uk/international/support/welcomeandorientation/

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

October 13, 2021

▪️Scholarship တော်တော်များများသည် ထူးချွန်သောပညာရေးရလဒ်များအပေါ်မူတည်ပြီး ပေးအပ်ကြတာဖြစ်ပေမယ့် အခြားသောလိုအပ်ချက်များကလဲ အရေးကြီးလှပါတယ်။ ယခုဖော်ပြပေးမယ့် အချက်အလက်များသည် scholarship များတွင် တောင်းခံလေ့ရှိသည့် အချက်များဖြစ်ပါတယ်။ 💁‍♂️

1. Transcript of Records

ကိုယ်က undergraduate အတွက် လျှောက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ အထက်တန်းရလဒ်တွေကို လိုအပ်မှာဖြစ်ပြီး graduate program အတွက် လျှောက်မယ်ဆိုရင်တော့ undergraute ရဲ့ transcript လိုအပ်မှာဖြစ်ပါတယ်။

2. Essay 

Essay တစ်ပုဒ်က ကိုယ့်ရဲ့ personality နဲ့ ကိုယ်ကဘာကြောင့် ဒီ scholarship နဲ့ ထိုက်တန်တယ်ဆိုတဲ့ အရာတွေကို ဖော်ပြပေးနိုင်တဲ့အတွက် essay ကောင်းတစ်ပုဒ်ကလဲ scholarship လျှောက်တဲ့အခါမှာ အရေးကြီးလှပါတယ်။

3. Extracurricular Activities

ကျောင်းပြင်ပ လှုပ်ရှားမှု အတွေ့အကြုံများကလဲ scholarship များ လျှောက်ထားသည့် အခါ အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျောင်းပြင်ပ လှုပ်ရှားမှုများကို ပြင်ဆင်ထားချင်းကလဲ scholarship လျှောက်တဲ့အခါမှာ အထောက်အကူ ပြုစေမှာဖြစ်ပါတယ်။ 

4. Letter of Recommendation

တစ်ချို့သော scholarship များဟာ recommendation letter တောင်းလေ့ရှိကြပါတယ်။ Scholarship လျှောက်ထားသူ၏ ပညာအရည်အချင်းတစ်ခုထဲသာမကပဲ လူမှုပတ်ဝန်းကျင်နှင့် အခြားသော လုပ်ငန်းနယ်ပယ်များတွင်ပါ ထူးချွန်မှုရှိကြောင်း သိရှိစေဖို့ဖြစ်ပါတယ်။ Undergraduate program အတွက်ဆိုရင် ကိုယ့်ရဲ့ဆရာ၊ ဆရာမများ၏ ထောက်ခံချက်လိုအပ်ပြီး Graduate program အတွက်ဆိုရင် ဆရာ၊ ဆရာမ၏ ထောက်ခံချက်သာမက အလုပ်အရာရှိ၏ ထောက်ခံပေးမှုပါလိုအပ်ပါတယ်။

5. Photocopy of Certificate & Diploma

ကိုယ့်ရဲ့ highschool transcript or university transcript အပြင် အထက်တန်း အောင်မြင်ကြောင်း လက်မှတ်နှင့် ဘွဲ့လက်မှတ်များပါ တောင်းခံလေ့ရှိပါတယ်။ ဒါ့အပြင် ကျောင်းတက်နေစဥ် ရရှိခဲ့တဲ့ ဆုလက်မှတ်များပါ တင်သွင်းပေးရတဲ့ schoalrship များလဲရှိတတ်ပါတယ်။

6. Resume/ CV

Resume နဲ့ CV များဟာ အလုပ်လျှောက်သည့် အခါများတွင်သာ လိုအပ်တာမျိုးမဟုတ်ပါဘူး။ ကိုယ့်ရဲ့ academic acheivement များ job experience များကို ပေါ်လွင်အောင် ဖော်ပြပေးထားတဲ့ Resume နဲ့ CV များကိုလဲ scholarship များတွင် တောင်းခံလေ့ရှိပါတယ်။

7. ID-Size Photo

Scholarship လျှောက်ထားသူ၏ 1×1 (သို့) 2×2 အချိုးအစားရှိတဲ့ ၆လအတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုလဲ scholarship တော်တော်များများမှာ တင်ပြပေးရပါတယ်။

8. Proof of Citizenship or National Registration Card (NRC)

နိုင်ငံသားဖြစ်တည်မှု အတည်ပြုချက်ကလဲ scholarship များတွင် အရေးပါလှပါတယ်။ ဥပမာ – မြန်မာနိုင်ငံသားများအတွက် သီးသန့်ပေးအပ်သော scholarship များတွင်ဆို ပို၍ အရေးပါလှပါတယ်။

▪️အထက်မှာ ဖော်ပြပေးခဲ့သည့် အချက်အလက်များသည် ပုံသေသတ်မှတ်လို့ မရပါဘူး။ ဖော်ပြပေးခဲ့သည့် တစ်ချို့သော အချက်အလက်များသည် မတောင်းခံသည့်အခြေအနေများ ရှိိသကဲ့သို့ မဖော်ပြထားသော အချက်အလက်များကိုလဲ တောင်းခံလေ့ရှိပါတယ်။ ထို့ကြောင့် ပုံသေမမှတ်ယူကြဖို့ အကြံပေးချင်ပါတယ်။ 🙆‍♂️

▪️ကျွန်တော်တို့ EEVS Myanmar ကနေလည်း Scholarship များကို ပုံမှန်မျှဝေပေးနေတာ ဖြစ်တဲ့အတွက် Page လေးကို Follow လုပ်ထားဖို့လဲ မမေ့နဲ့နော်။ 😇

#LetsPlanYourCareerTogether#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

October 11, 2021

▪️ဒီတစ်ခါမှာတော့ EEVS ရဲ့ Partner Organization တစ်ခုဖြစ်တဲ့ INTO မှ မြန်မာနိုင်ငံမှ Fashion ဒီဇိုင်း နှင့် ရုပ်ရှင်အနုပညာ ဘာသာရပ်များကို စိတ်ဝင်စားတဲ့ ၁၀ တန်းအောင် ကျောင်းသား/သူ တို့အတွက် Manchester မြို့မှ Manchester Metropolitan University တွင် Year 1 တက်ရောက်နိုင်အောင် ပြင်ဆင်ပေးတဲ့ Foundation course လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 💁‍♂️

▪️ဘာလို့ Manchester Metropolitan University ကိုရွေးချယ်သင့်သလဲဆိုရင်တော့ University Teaching နှင့် Student Life Facilities များကောင်းမွန်မူ၊ UK ရဲ့ Fashion ပိုင်းဆိုင်ရာ Major ရွေးချယ်ခွင့် အများဆုံးရှိမှု နှင့် ကျောင်းမှစီစဥ်ပေးသော အလုပ်ခွင်ကြီးများ တွင် Work-placement year အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ခွင့် တို့ကိုရရှိမှာဖြစ်ပါတယ်။ 🙆‍♂️

▪️INTO Foundation ကိုတက်ရောက်နေသည့် ကျောင်းသား/သူ များမှာ ကျောင်းတက်နေစဥ် Manchester School of Arts တွင်ပညာဆည်းပူးခွင့်ရရှိမှာဖြစ်ပြီး ထိုကျောင်း၏ Workshop များ Studio များ library များကိုဝင်ထွက်သွားလာအသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။ အတွေ့ကြုံရင့် Professor များနှင့် Professional များ၏အနီးကပ်သင်ကြားပေးမူအပြင် လုပ်ငန်းခွင်ကြီးများကို ကိုယ်တိုင် သွားရောက်လေ့လာနိုင်မှာပါဖြစ်ပါတယ်။ 👩‍🎓👨‍🎓

🔹Foundation course ပြီးပါက ရွေးချယ်ခွင့်ရှိတဲ့ Major များကတော့

📌Animation-BA (Hons)

📌Fashion Art Direction-BA (Hons)

📌Fashion Design and Technology: Menswear-BA (Hons)

📌Fashion Design and Technology: Sportswear-BA (Hons)

📌Fashion Design and Technology: Womenswear-BA (Hons)

📌Fashion-BA (Hons)

📌Filmmaking-BA (Hons)

📌Fine Art-BA (Hons)

📌Graphic Design-BA (Hons)

📌Illustration with Animation-BA (Hons) ဟူ၍ Option များစွာရှိမှာဖြစ်ပါတယ်။

▪️ဒီ Foundation course  ဟာ ဆိုရင် 1 နှစ် (3 trimesters) တက်ရောက်ရမှာဖြစ်ပြီးFees အနေနဲ့ကတော့ £16,000 ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။ 💁‍♂️

▪️ENGLISH REQUIREMENT အနေနဲ့ကတော့ IELTS 5.0 ( no band less than 5.0) သာလိုအပ်မှာဖြစ်ပါတယ်။ 😇

▪️အသေးစိတ်လော့လာလိုပါက https://partnerportal2.intoglobal.com/en/catalog/universities/manchester-metropolitan-university/courses/international-foundation-in-art-and-design တွင် ဝင်ရောက်လေ့လာနိုင်သလို Page Messenger ကိုလည်းလာရောက်မေးမြန်းနိုင်ပါတယ်နော်။ 🙆‍♂️💁‍♂️

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 10, 2021

▪️American နိုင်ငံရဲ့ ထိပ်တန်းမြို့ကြီးတွေထဲက တစ်ခုဖြစ်တဲ့ Boston မြို့မှ Suffolk University ဟာဆိုရင် Northern US တွင် Respected University တစ်ခုဖြစ်ပါတယ်။ Law, Art and Science and Business ဟူ၍ Campus ကြီး သုံးခု ခွဲထားပြီး ယနေ့ခေတ်လူငယ်များ စိတ်ဝင်စားမှု များသည့် Cybersecurity နှင့် Game Design Major များအပါဝင် ဘွဲ့ကြို ဘွဲ့လွန် Course ပေါင်းများစွာ Major များကိုပါ ရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ 🙆‍♂️

▪️ယင်း University ရဲ့ Business school ဟာဆိုရင် US ရဲ့အကောင်းဆုံး Business School များထဲမှ တစ်ခုဖြစ်ပြီး Law School မှာလည်း  World Rank ဝင် Major များကိုပို့ချလျက်ရှိပါတယ်။ ကျောင်းသား/သူ ပေါင်း 10,000 ကျော် မှာ ဋ္ဌာနပေါင်း 12 ခုကျော်တွင်  Major ပေါင်း 200 နီးပါးကို တက်ရောက် ပညာသင်ယူနေပါပြီး Best College for International Students တွင် Rank #7 ကိုရရှိထားပါတယ်။ 💁‍♂️

▪️တက်ရောက်နိုင်တဲ့ Fields တွေကတော့

📌Area, Ethnic, Culture, & Gender Studies

📌Biological & Biomedical Sciences

📌Business, Management & Marketing

📌Communication & Journalism

📌Communications Technologies & Support

📌Computer & Information Sciences

📌Engineering

📌English Language & Literature

📌Foreign Languages & Linguistics

📌History

📌Homeland Security, Law Enforcement & Firefighting

📌Legal Professions

📌Liberal Arts / Sciences & Humanities

📌Mathematics & Statistics

📌Multi / Interdisciplinary Studies

📌Natural Resources & Conservation

📌Philosophy & Religious Studies

📌Physical Sciences

📌Psychology

📌Social Sciences

📌Visual & Performing Arts တို့ပဲဖြစ်ပါတယ်။

▪️Annual Tuition Fees အနေနဲ့ကတော့ $40,000 ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။ 💁‍♂️

▪️တက်ရောက်လိုသော International Student များက English Requirements များအနေနဲ့

🔹TOEFL iBT score of 80, with no subscore lower than 17, or a minimal TOEFL Essentials overall band score of 8.5, with no subsection below 8,

🔹International English Language Testing System (IELTS). A minimum score of 6.5 (with no subscore below 6.0)

🔹PTE-Academic (Pearson Test of English). A minimum score of 65 

🔹Duolingo. A minimum score of 110  along with the following subscores:

Literacy: 110

Conversation: 100

Comprehension: 120

Production: 85

🏫 School Website – https://www.suffolk.edu/academics/global-engagement/study-abroad

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 8, 2021

▪️EEVS မှဒီတစ်ခါပြောပြပေးချင်တာကတော့ UK နိုင်ငံမှာ ပညာသင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့  UK မှာ Part-Time Jobs လုပ်ကိုင်တာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ 👨‍🎓👩‍🎓

▪️နိုင်ငံတကာကျောင်းသားများကြား Part-Time Jobs လုပ်ကိုင်လာတာတွေက ပိုမိုရေပန်းစားလာပါတယ်။ အပိုငွေရှာဖို့တစ်ခုတည်းအတွက်သာမက အလုပ်အတွေ့အကြုံ တွေရရှိဖို့အတွက်ပါ Part-Time Jobs တွေ လုပ်ကိုင်လာကြပါတယ်။ ကဲ ဒါဆို UK မှာ Part-Time Jobs လုပ်တာနဲ့ ပတ်သက်ပြီး သိချင်ရင်တော့ ပို့စ်လေးကို အဆုံးထိဖတ်ကြည့်နော်။ 🙆‍♂️

▪️UK အစိုးရသည် နိုင်ငံတကာကျောင်းသားများအတွက် အလုပ်အကိုင်၊ လုပ်ခလစာနှင့်

ပတ်သက်သည့် ညွှန်ကြားချက်များကို ရှင်းလင်းစွာချမှတ်ထားပါတယ်။ ကျောင်းသားများအနေဖြင့် ထို ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပြီး ကန့်သတ်ထားတဲ့ အလုပ်တွေကို မလုပ်ဖို့လည်း သတိပြုရပါမယ်။ 💁‍♂️

▪️တက္ကသိုလ်များတွင် Full Time ပညာသင်ကြားရန်စာရင်းသွင်းထားသည့်ကျောင်းသားများသည် တစ်ပတ်လျှင် နာရီ ၂၀ အလုပ်လုပ်ခွင့်ရှိပါတယ်။ 🏫

▪️Degree Program များအပြင် အခြား Program များတွင် စာရင်းသွင်းထားသည့် ကျောင်းသား/သူများသည် တစ်ပတ်လျှင် ၁၀ နာရီအလုပ်လုပ်ခွင့်ရှိပါတယ်။ 👨‍💻

▪️UK ရှိနိုင်ငံတကာကျောင်းသားတွေအနေနဲ့ Part-Time Jobs  တွေဘယ်လိုရှာနိုင်လဲ?

  • Local newspaper တွေက အလုပ်ခေါ်စာတွေ
  • Online Job Portal တွေ
  • တက္ကသိုလ်မှာရှိတဲ့ Career Team တွေမှာ guideline တွေရယူနိုင်ပါတယ်။

▪️On-Campus Part Time Job တွေကတော့ ကောလိပ်ကျောင်း အတွင်း အားလပ်ချိန်များတွင် အလုပ်လုပ်နိုင်ပြီးအပို ဝင်ငွေများရရှိနိုင်တာကြောင့် နိုင်ငံတကာကျောင်းသားတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ 😇

▪️On-campus jobs အများစုကတော့ libraries, bookstores, laboratories, computer labs,  gym, receptions, cafeteria, campus guide အစရှိတာတွေမှာလုပ်ကိုင်ရတာဖြစ်ပါတယ်။ ကျောင်းတက်နေစဉ်ကာလမှာ တစ်ပတ်ကိုနာရီ ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်တဲ့ကာလတွေမှာ  တစ်ပတ်ကိုနာရီ ၄၀ အလုပ်လုပ်နိုင်ပါတယ်။

▪️Off-Campus Part-Time Jobs  တွေကတော့ အလုပ်အခွင့်အလမ်းရှာဖွေရတာ ပိုမိုလွယ်ကူတာကြောင့် ကျောင်းသားအများစုလုပ်ကိုင်လျက်ရှိပါတယ်။ Off-Campus Jobs အများစုကတော့ delivery boy, cashier, bookstore helper, grocery store helper, data entry operator, waiters/waitresses, call centers executive, swimming pool maintenance အစရှိတာတွေပဲဖြစ်ပါတယ်။

▪️Job roles တွေအလိုက်  တစ်နာရီလျှင် ရရှိနိုင်တဲ့ လုပ်ခလစာများမှာ-

📌Helper at Retailer Shop – 8 to 9 Pound

📌Cashier – 8 to 10 Pound

📌Delivery Boy – 4 to 6 Pound per delivery

📌Clerk – 12 to 14 Pound

📌Library Assistant – 10 to 12 Pound

📌Waiters/waitresses -18 to 10 Pounds

▪️အသုံးများသော Job finding website တွေကတော့ https://www.studentjob.co.uk/part-time-job

💡https://uk.indeed.com/m/jobs?q=Student+Part+Time&l=London 

💡https://uk.linkedin.com/jobs/part-time-jobs တို့ပဲဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 5, 2021

🏫 Sanford University

▪️Sanford University ကတော့ 1841 ခုနှစ်ကတည်းက တည်ထောင်ခဲ့သော Homewood, Alabama မှာတည်ရှိတဲ့ Private University တစ်ခုဖြစ်ပါတယ်။ Student Population ၏ 66% မှာ US ရဲ့ State ပေါင်း 44 နှင့် ပြည်ပနိုင်ငံပေါင်း 140 မှကျောင်းသား/သူ များဖြစ်ကြပါတယ်။ University တက်ရောက်ရာတွေလည်း သိလိုရာအချက်လက်များနှင့် လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနိုင်ရန် ကျောင်းသားဟောင်းများဖြင့်ဖွဲ့စည်းထားသော Support Team လည်းရှိပါတယ်။

🏫 James Madison University

▪️Harrisonburg, Virginia တွင်တည်ရှိသော James Madison University ကတော့ မြန်မာနိုင်ငံသား Student များအသွားများသော Public Research University တစ်ခုဖြစ်ပါတယ်။ ကျောင်းသား/သူ များစွာ အကြိုက်တွေ့သောအချက်တွေကတော့ အဆင့်တန်းမြင့်မားသော စာသင်ခန်းကြီးများ၊ ကျောင်းသူ/သား များအတွက်နေရာထိုင်ခင်း ၊ မြောက်မြားစွာသော Sport Club, Organization များ နှင့် အခြား Student life Activity များစွာတို့ပဲဖြစ်ပါတယ်။

🏫 University of Notre Dame

▪️Private Catholic University တစ်ခုဖြစ်တဲ့ University of North Dame ဟာဆိုရင် Indiana ပြည်နယ်မှ University တစ်ခုဖြစ်ပြီး Media နှင့် သက်ဆိုင်သော Major များအတွကိနာမည်ကြီးပါတယ်။ Knowledge sharing, Debates, Faith Practise နှင့် Sports ဆိုင်ရာ Clubs ပေါင်း 400 ကျော်တည်ထောင်ထားပြီး ကျောင်းသား/သူ များ၏ စိတ်ကျေနပ်မူအပြည့်ဝဆုံးပေးနိုင်သော University များထဲမှတစ်ခုဖြစ်ပါတယ်။

🏫 University of Mary Hardin Boyer

▪️Texas ပြည်နယ်တွင်ပညာသင်ကြားလိုသော ကျောင်းသား / သူ များအတွက် University of Mary Hardin Boyer ကတော့ ကောင်းမွန်တဲ့ရွေးချယ်မူတစ်ခုဖြစ်မှာတော့အမှန်ပါ ။ ကျောင်းသား/သူများ ၏ Recommendation များကိုဂရုစိုက်ခြင်း ကြောင့် Local / International Student များကြားတွင်နာမည်ကြီးတဲ့ University တစ်ခုလည်းဖြစ်ပါတယ်။

🏫 University of Wisconsin-River Falls

▪️ University of Wisconsin-River Falls ကတော့ Public Liberal Arts University တစ်ခုဖြစ်ပြီး ကျောင်းသား များ၏ တစ်ဦး နှင့် တစ်ဦး ကူညီပေးနေသည့် Sustainable Community Department ကြောင့်လူသိများပါတယ်။ ၎င်း University မှကြီးမှူးကျင်းပပေးသော ဘာသာရပ်ဆိုင်ရာပွဲတော်များ၊ ပြပွဲများ၊ Career Fair နှင့် Student fair များစွာကို လည်း တစ်နှစ်ပတ်လုံး ကျင်းပပေးလျက်ရှိပါတယ်။

🗂 Reference- https://www.timeshighereducation.com/student/best-universities/most-recommended-universities-united-states

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 1, 2021

▪️ကနေဒါဆိုတာ ရှရှားပြီီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၁ အတွက် ကမ္ဘာ့အကောင်းဆုံးနိုင်ငံတွေထဲမှာလဲ နံပါတ် (၁) ရရှိထားတဲ့နိုင်ငံပဲဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာ ပညာသင်ကြားမယ်ဆိုရင်တော့ ကမ္ဘာ့အဆင့်မှီတက္ကသိုလ်တွေမှာ နိုင်ငံတကာအသိအမှတ်ပြု ပညာရေးတွေကို လေ့လာသင်ယူနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ကနေဒါနိုင်ငံမှာ International Students ပေါင်း သန်းတစ်ဝက်လောက် ပညာသင်ကြားလျက်ရှိပါတယ်။ 💁‍♂️

▪️ဒါဆိုရင်တော့ ဘယ်လိုအချက်တွေကြောင့် ကနေဒါမှာပညာသင်ကြားသင့်လဲဆိုတာကိုပြောပြပေးသွားမှာပါ။ 🙆‍♂️

၁။ အကောင်းဆုံးပညာရေးအဆင့်အတန်း 👨‍🎓👩‍🎓

ကနေဒါမှာ တက္ကသိုလ်တွေသာမက မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေးတွေကိုလဲ ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုကြပါတယ်။ ဒါတင်မကသေးပဲ World Ranking 250 ထဲဝင်တဲ့ တက္ကသိုလ် ၁၀ ခုကလဲ ကနေဒါနိုင်ငံမှာရှိနေပါတယ်။

၂။ လုံခြုံနွေးထွေးမူ 🙆‍♂️😇

လူတော်တော်များများ ကနေဒါလူမျိုးတွေကို ‘warm and friendly’ ဖြစ်ကြတယ်လို့ ရည်ညွှန်းကြပါတယ်။ မြို့ပြကနေ ကျေးလက်ဒေသအထိ ဘယ်နေရာရောက်ရောက် လုံခြုံနွေးထွေးတဲ့ ခံစားချက်ကို ရရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာက ကျောင်းသား/ ကျောင်းသူတွေက ကနေဒါကို ရွေးချယ်ကြတာပဲဖြစ်ပါတယ်။

၃။ အကောင်းမွန်ဆုံးနေထိုင်မှုဘဝ 🏫🏤

အဆင့်အတန်းမြင့်မြင့်နဲ့ ကောင်းမွန်တဲ့လူနေမှုဘဝကို လိုချင်သူတွေအတွက်တော့ ကနေဒါနိုင်ငံက ပြည့်စုံလှတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက်တွေအရ ကနေဒါနိုင်ငံဟာ ကျောင်းသားတွေလေ့လာသင်ယူလို့ကောင်းတဲ့ နိုင်ငံအဆင့် ၄နေရာမှာရပ်တည်နေပါတယ်။

၄။ စိတ်ချ၊ သေချာတဲ့အနာဂတ်လမ်းကြောင်း 🛤🛣

နေထိုင်မှုဘဝသာမက အလုပ်အကိုင်အခွင့်အလှမ်းတွေကလဲ ပြည်တွင်းကျောင်းသားများ အတွက်ပါမက နိုင်ငံတကာကျောင်းသားများအတွက်ပါ ပေါများလှပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ကနေဒါနိုင်ငံက ဘွဲ့ရကျောင်းသား၊ ကျောင်းသူတွေအတွက် အလုပ်အကိုင်ပေါင်း ၁.၆ သန်းဖန်တီးပေးခဲ့ပါတယ်။

၅။ သင့််တော်တဲ့ ပညာရေးစရိတ် 💸💰

ကနေဒါနိုင်ငံက အင်္ဂလိပ်စကားပြောနိုင်ငံတွေထဲမှာ ပညာသင်စရိတ်

အသက်သာဆုံးနိုင်ငံပဲဖြစ်ပါတယ်။

၆။ မတူကွဲပြားတဲ့ အတွေ့အကြုံများ 🤸⛷🪂

ကနေဒါနိုင်ငံမှာလူပြောများတဲ့ စကားတစ်ခွန်းက “စွန့်စားခန်းတွေနဲ့အတူ ကနေဒါနိုင်ငံက မင်းကိုစောင့်နေပါတယ်တဲ့”။ ကနေဒါနိုင်ငံရဲ့ ရာသီဥတု၊ ယဉ်ကျေးမှုနှင့်ဘဝပုံစံတွေကလဲ တခြားဘယ်နိုင်ငံနဲ့မှမတူတဲ့အတွက် လုံးဝကိုကောင်းမွန်တဲ့အတွေ့အကြုံတွေကို ရရှိမှာပဲဖြစ်ပါတယ်။

ဒီလိုအချက်တွေကြောင့်ပဲ ကနေဒါနိင်ငံကပညာသင်ယူလို့ကောင်းတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ ✨

#LetsPlanYourCareerTogether#StudyInCanada#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar