နိုင်ငံခြားမှာကျောင်းတွေတက်မယ်၊ Visa တွေလျှောက်မယ်ဆိုမဖြစ်မနေလိုအပ်တဲ့ IELTS, TOEFL, PTE တို့ကိုတော့ လူတွေသိကြမယ်ထင်ပါတယ်။ အခုတော့ လူသိသိပ်မများသေးတဲ့ Duolingo English Test အကြောင်းလေးကို ဝေမျှပေးသွားပါမယ်။
Duolingo ဆိုတာကတော့ ကိုယ့်ရဲ့ language proficiency ကိုစစ်ပေးတဲ့ online test တစ်မျိုးပါပဲ။
သူ့ရဲ့ အားသာချက်တွေက
စာမေးပွဲကြေး $49 သာကျသင့်ခြင်း
စာမေးပွဲဲဖြေဆိုချိန် ၁နာရီသာကြာမြင့်ခြင်း
ဖြေဆိုပြီး ၄၈နာရီအတွင်း စာမေးပွဲရလဒ်ကိုသိရှိနိုင်ခြင်း
Duolingo ရမှတ်တွေကို College, University များကိုအကန့်အသတ်မရှိပေးပို့နိုင်ခြင်း စတဲ့အားသာချက်များစွာရှိပါတယ်။
Duolingo ကိုတော့ USA, Canada, UK, Australia, Ireland, China, Japan, Qatar, Thailand and other European countries တွေက ကမ္ဘာအသိအမှတ်ပြု institution ပေါင်း ၁၀၀၀ ကျော်က လက်ခံထားပါတယ်။ ဆိုတော့ အခုလိုမျိုး COVID-19 crisis ကာလအတွင်းမှာ English Language Proficiency exams test center တွေလဲပိတ်ထားတော့ Duolingo English Test ကို ကျောင်းသား/ ကျောင်းသူတွေပိုပြီး ရွေးချယ်လာကြပါတယ်။ College, University တော်တော်များများက လက်ခံထားပေမယ့် လက်မခံသေးတဲ့ College တွေ University တွေရှိသေးတဲ့ အတွက်ကြောင့် စာမေးပွဲမဖြေခင် ကိုယ်လျှောက်မဲ့ကျောင်းက လက်ခံ၊မခံဆိုတာ လေ့လာထားဖို့တော့ လိုပါတယ်။
ဒါဆိုရင် Duolingo English Test ဖြေဖို့ဘာတွေလိုအပ်လဲဆိုရင်တော့ Passport, driver’s license သို့မဟုတ် government ID, internet လိုင်းကောင်းကောင်းနဲ့ စာမေးပွဲဖြေဖို့ webcam ပါတဲ့ computer တစ်လုံးပဲလိုပါတယ်။ Test ဖြေဆိုနေစဥ်မှာလဲ အခန်းထဲမှာတစ်ယောက်ထဲရှိနေရမှာဖြစ်ပြီး စကားပြောလို့လဲမရပါဘူး။ Test က AI based ဖြစ်တဲ့အတွက်ကြောင့် ဖြေဆိုသူရဲ့ဖြေဆိုနိုင်မှုပေါ်မူတည်ပြီး ခက်ခဲမှုအဆင့်က ပြောင်းလဲနေမှာဖြစ်ပါတယ်။ ဖြေဆိုပြီး ၄၈နာရီ အတွင်း ရမှတ် ၁၀-၁၆၀ အတွင်း ကိုယ့်ရဲ့ရမှတ်တွေကို သိရှိန်ိုင်မှာပဲဖြစ်ပါတယ်။
Test Duration က reading, writing, listening, and speaking skills တွေအတွက် ၄၅မိနစ်ဖြစ်ပြီး video interview အတွက် 10 minutes ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Duolingo English Test နဲ့ပက်သတ်ပြီး သိသွားကြပြီလို့ထင်ပါတယ်။ နောက်ထပ်လဲ Duolingo English Test အတွက် ဘယ်လိုတွေ ပြင်ဆင်ရမလဲဆိုတာ ပြောပြပေးသွားမှာဖြစ်လို့ page လေးကို Like & Follow လုပ်ပေးထားပါအုံးနော်။
#LetsPlanYourCareerTogether #BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar #ScholarshipsAndInternationalEducationMyanmar