fbpx
March 30, 2022

🥰 “𝐁𝐨𝐨𝐤 𝟏 𝐨𝐧 𝟏 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐰𝐢𝐭𝐡 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫” 🥰
—————————————————————————————————————
🥰 နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်ရောက်ဖို့ စဉ်းစားနေသူများ၊ ပြင်ဆင်နေသူများအတွက်။
😍 EEVS မှာ မိမိရဲ့ Career အတွက် 1 on 1 Counselling ပြုလုပ်လိုသူများ ‌အနေနဲ့ အောက်ပါ Link မှာ Register ပြုလုပ်၍ Counselling ပြုလုပ်နိုင်ပါပြီ။ Australia, US, UK, Canada, Poland, Singapore, Germany, New Zealand, Malaysia & UAE စတဲ့ နိုင်ငံများရှိ ထိပ်တန်း University နှင့် College များအကြောင်းဆွေးနွေးနိုင်ပါသည်။
🤗 ယခုဘဲ မိမိရဲ့ Career အတွက် ဆွေးနွေးဖို့ Register ပြုလုပ်နိုင်ပါပြီ။
Register Link 👉 https://bit.ly/3DlKW80
————————————-
📣 EEVS Myanmar ရဲ့ 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦, 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥, 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩, 𝐕𝐢𝐛𝐞𝐫 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐆𝐫𝐨𝐮𝐩 ကို မ Join ရသေးရင် ကျောင်းသူ၊ ကျောင်းသားတွေကော မိဘတွေကော Join ထားပါအုံးနော်။ EEVS Myanmar ကနေပြီးတော့ Information အသစ်အသစ်တွေကို တင်ပေးသွားမှာဘဲဖြစ်ပါတယ်။ 📣
Telegram Channel Link 👉 https://t.me/eeevsmm
Telegram Group Link 👉 https://t.me/+MKaTiAO_q7w3ZmU1
Viber Community Group Link 👉 https://bit.ly/3Gq5WdV
————————————-
July 21, 2021

🇵🇱အထက်တန်းအောင်မြင်ပြီး ဆေးပညာရပ်နယ်ပယ်ကို စိတ်ဝင်စားသော ကျောင်းသားများအတွက် ပိုလန်ရှိ ထိပ်တန်းဆေးတက္ကသိုလ်ဖြစ်သော Medical University of Lodz အကြောင်းကို ပြောပြပေးချင်ပါတယ်။

📌1949 တွင်တည်ထောင်ခဲ့သော Medical University of Lodz သည်ပိုလန်နိုင်ငံရှိ ထိပ်တန်း အစိုးရဆေးတက္ကသိုလ်တစ်ခုဖြစ်ပြီး ပိုလန်နိုင်ငံရှိ ထိပ်တန်းသုတေသနဌာနတစ်ခုလည်း ဖြစ်ပါတယ်။

📌U.S. News & World Report မှသတ်မှတ်ပေးသော Best Global Universities Rankings စာရင်းတွင်
ranking #1247 ရရှိထားပြီး နိုင်ငံတကာကျောင်းသားများအတွက် တက်ရောက်နိုင်သော Program များမှာ-

6-year MD (Medicine program)
MD Advanced program
5-year DMD (Dentistry program)
3-year BSc Nursing program
Ph.D. program
Preparatory Course (PREMED) တို့ပဲဖြစ်ပါတယ်။

📌Medical University of Lodz မှာ ပညာသင်ယူသင့်တဲ့ အကြောင်းတွေကတော့-

ကျောင်းသားတွေရဲ့ တိုးတက်မှုအတွက် အဆင့်မြင့်ပညာရေးစနစ်များကိုပေးနိုင်ခြင်း

နိုင်ငံတကာရှိ တက္ကသိုလ်ကျောင်း ၂၂ကျောင်းနှင့် ပူးတွဲလုပ်ဆောင်ခြင်း

နိုင်ငံတကာမှ အသိအမှတ်ပြုမှုကို ရရှိခြင်း

စနစ်တကျသင်ရိုးညွှန်းတမ်းနှင့်အတူ ခေတ်မီနည်းစနစ်များကို အသုံးပြု၍ သင်ကြားပို့ချပေးခြင်း

ကုန်ကျစရိတ်သက်သာခြင်း

Skype entrance exam ဖြေဆိုနိုင်ခြင်း

Europe ၏အချက်အချာနေရာတွင် တည်ရှိခြင်း

📌တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များမှာ-

သက်ဆိုင်ရာ အသိအမှတ်ပြု ကျောင်းများမှ အထက်တန်းအောင်မြင်ရမည်။

ဝင်ခွင့်စာမေးပွဲအတွက် Biology, Chemistry, Physics, Mathematics ဘာသာရပ်များနှင့် ပတ်သက်သည့် General Questions များကို ဖြေဆိုရမည်။

IELTS – 6.0
TOEFL – 75 points

📌Application Fee EUR 120 (non-refundable) ဖြစ်ပြီး Microsoft Teams entrance exam မတိုင်မီ ပေးသွင်းရမှာဖြစ်ပါတယ်။ Program အလိုက် ကုန်ကျစရိတ်များမှာ-

6-year MD program
11 800 EUR for the1st year
11 600 EUR/year for years from the 2nd to the 6th

5-year DMD program
13 200 EUR for the 1st year
13 000 EUR/year for years from the 2nd to the 5th

3-year BSc Nursing
5 700 EUR for the 1st year
5 500 EUR/year for years from the 2nd to the 3rd

University Link – https://studymed.umed.pl/

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 21, 2021

သင်ဟာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ပြီး ဆေးပညာနယ်ပယ်ကို World Ranking ကောင်းကောင်းရထားတဲ့ ကျောင်းမှာ တက်ရောက်ချင်ပါသလား

ဒါဆိုရင်တော့ ပိုလန်နိုင်ငံမှာရှိတဲ့ World Ranking QS#801 ရှိပြီးTop-5 စာရင်းဝင် Nicolaus Copernicus University ကတော့ သင့်ရဲ့ပညာရေးအိမ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့ ဖြစ်ပါတယ်နော်။

1945 တွင်တည်ထောင်ခဲ့သော Nicolaus Copernicus University သည် ပိုလန်နိုင်ငံ Toruń တွင်တည်ရှိပြီး ကျောင်းသားပေါင်း 30,000 ကျော်ပညာသင်ယူလျက်ရှိပါတယ်။ ပိုလန်ရှိ ထိပ်တန်းတက္ကသိုလ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာဌာန ၃ ခုအပါအဝင် ပညာရပ်ဆိုင်ရာ ဌာနပေါင်း ၁၆ ခုဖြင့် ဖွဲ့စည်းထားပါတယ်။

နိုင်ငံတကာကျောင်းသားများအတွက် ၂၀၀၉ ခုနှစ်တွင် ၆ နှစ်တက်ရောက်ရသော Full-degree Medical program ကိုစတင်ဖွင့်လှစ်ပေးခဲ့ပြီး ထိုအချိန်မှစ၍ လူကြိုက်များခဲ့ပါတယ်။

သင်ရိုးညွှန်းတမ်းတွင် ဆေးဘက်ဆိုင်ရာနယ်ပယ်များစွာအတွက် ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သူနာပြု၊ ပြင်ပလူနာကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ မိသားစုဆေးပညာ၊ ခွဲစိတ်ကုသမှု၊ အရေးပေါ်ဆေးပညာ၊ သားဖွားမီးယပ် အစရှိသောနယ်ပယ်မျိုးစုံကို သင်ကြားပေးပါတယ်။ Program အစ ပထမတစ်လတွင် biology, physics, chemistry, basics of Polish အစရှိသည်များကို preparatory course အဖြစ်သင်ကြားပေးပါတယ်။

ဆေးဘက်ဆိုင်ရာ၊ ကျန်းမာရေးနှင့်အားကစားသိပ္ပံနယ်ပယ်များတွင် ကျွမ်းကျင်ပညာရှင်များကို
မွေးထုတ်ပေးပြီး ရောဂါရှာဖွေခြင်း၊ လူနာကုသမှု၊ ကြိုတင်ကာကွယ်ရေးကျန်းမာရေးနှင့်ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုတို့နှင့်သက်ဆိုင်သည့်လက်တွေ့ကျသောကျွမ်းကျင်မှုများရရှိစေနိုင်ပါတယ်။

Program တက်ရောက်ဖို့အတွက် လိုအပ်ချက်တွေကတော့-

အထက်တန်းအောင်မြင်ပြီးကြောင်းလက်မှတ်မူရင်း
အမှတ်စာရင်းမူရင်း
IELTS 5.5
ကျောင်းဝင်ခွင့်ရရန်အတွက် နှုတ်ဖြေ ဖြေဆိုရန်လိုအပ်ပြီး Biology, Physics, Chemistry ဘာသာရပ်တွေကို ဖြေဆိုရမှာဖြစ်ပါတယ်။ A level မေးခွန်းများနှင့် ခန္ဓာဗေဒ ဆိုင်ရာ မေးခွန်းများ ကို ဖြေဆိုရမှာဖြစ်ပါတယ်။

နောက်ဆုံးပေါ်ခေတ်မှီ နည်းပညာများနှင့် သင်ထောက်ကူပစ္စည်းများရှိခြင်း၊ အခြားနိုင်ငံများနှင့် ယှဉ်လျှင် ကုန်ကျစရိတ်သက်သာခြင်း၊ အစိုးရဆေးရုံများတွင် လက်တွေ့ အလုပ်သင်ဆင်းရခြင်း၊ဥရောပနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုထားခြင်းတို့ကြောင့် ဆေးကျောင်းတက်ဖို့ စိတ်အားထက်သန်နေသူတွေအတွက် လက်မလွှတ်သင့်တဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

မြန်မာကျောင်းသားများကို 2021 October Intake အတွက်စတင်လက်ခံပေးနေပြီဖြစ်လို့ EEVS မှတစ်ဆင့် အမြန်ဆုံးဆက်သွယ်လျှောက်ထားလိုက်တော့နော်။

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 20, 2021

🇵🇱ပိုလန်နိုင်ငံမှာ ဆေးပညာသင်ယူဖို့ စိတ်အားထက်သန်သူတွေအတွက် Lublin မြို့တွင်တည်ရှိသော Medical University of Lublin (MUL) အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

📌၁၉၄၄ ခုနှစ်မှစတင် တည်ထောင်ခဲ့ပြီး ၁၉၉၅
ခုနှစ်တွင်နိုင်ငံတကာကျောင်းသားများကိုစတင်သင်ကြားပေးလျက်ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်တွင်နိုင်ငံပေါင်း ၅၀ ကျော်မှ MD နှင့် DDS ကျောင်းသားများအပါအဝင် ကျောင်းသားခုနစ်ထောင်ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

📌MUL ကို ပြည်တွင်းနှင့် EU ပညာရေးအဖွဲ့အစည်းများသာမက US Department of Education, Medical Board of California, New York State Education Department, FAIMER, Medical Councils of Thailand များနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများက အသိအမှတ်ပြုကြပါတယ်။

📌ဆေးပညာနယ်ပယ်အမျိုးမျိုးကို စိတ်ဝင်စားတဲ့ နိုင်ငံတကာကျောင်းသားတွေအတွက် အထက်တန်းပညာရေး အောင်မြင်ပြီးတာနဲ့ တက်ရောက်နိုင်တဲ့ Program တွေကတော့-

၆နှစ်တက်ရောက်ရသော Medicine Degree program
၅နှစ်တက်ရောက်ရသော Dentistry Degree program
၃နှစ်တက်ရောက်ရသော Bachelor of Nursing Program
၃နှစ်တက်ရောက်ရသော Bachelor of Midwifery Program

📌Program များအသေးစိတ်ကို https://www.umlub.pl/en/candidates/program-offer/ တွင်ကြည့်နိုင်ပါတယ်။

📌Medical University of Lublin (MUL) တွင်တက်ရောက်နိုင်ဖို့အတွက် အထက်တန်းအောင်မြင်ပြီး
ကြောင်းအောင်လတ်မှတ်များနှင့် အမှတ်စာရင်းတွေပြပေးဖို့လိုအပ်တဲ့အပြင် ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့လည်း လိုအပ်ပါတယ်။

📌Medicine နှင့် Dentistry Program များ၏ ဝင်ခွင့်စာမေးပွဲအတွက် Biology, Chemistry, Mathematics, Physics ဘာသာရပ်များကို Multiple Choice Question အပုဒ်ရေ ၁၀၀ ကိုဖြေဆိုရပါမယ်။

📌Nursing/Midwifery Program များ၏ ဝင်ခွင့်စာမေးပွဲအတွက် Biology အတွက် မေးခွန်းအပုဒ် ၃၀ နှင့် မေးခွန်းအပုဒ်ရေ ၂၀ကို ( mathematics, physics or chemistry)မှ တစ်ဘာသာကိုရွေးချယ်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အင်တာဗျူးဖြေဆိုဖို့လည်း လိုအပ်ပါတယ်။

အသေးစိတ်ကို https://www.umlub.pl/en/candidates/admission-requirements-and-procedures/
တွင်ကြည့်နိုင်ပါတယ်။

Intake Seasons – October, February

University Link – http://umlub.pl/en/university/about-us/

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 30, 2021

EEVS မှဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ Poland နိုင်ငံမှာ ရှိတဲ့ ထိပ်တန်း Business Schools တွေအကြောင်းပဲဖြစ်ပါတယ်။ 

Poland နိုင်ငံရှိတက္ကသိုလ်များသည် Quality Education ကိုပေးနိုင်ရုံသာမက နိုင်ငံတကာက အသိအမှတ်ပြုထားသောကြောင့်  စီးပွားရေးဘာသာရပ်များကို တက်ရောက်ပြီးသူများအနေဖြင့် Multinational Corporation တွေမှာဝင်ရောက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ 

Poland နိုင်ငံရှိ ထိပ်တန်းBusiness Schools များမှာ- 

SGH Warsaw School of Economics

SGH Warsaw School of Economics ခေါ်  Szkola Glowna Handlowa (SGH) သည် Poland တွင် 

သက်တမ်းအရင့်ဆုံးကျောင်းဖြစ်ပြီး ဥရောပရှိထိပ်တန်းစီးပွားရေးကျောင်းများတွင် အဆင့်သတ်မှတ်ချက် ၉၀ရရှိထားပါတယ်။ Local သတင်းစာ  “Rzeczpospolita”မှ ပိုလန်နိုင်ငံရှိအကောင်းဆုံးစီးပွားရေးတက္ကသိုလ်များအဆင့်သတ်မှတ်ခြင်းတွင် ပထမဝင်ပြီး 2018တွင်  Perspektywy Educational Foundationမှ ထုတ်ပြန်သော ပိုလန်နိုင်ငံရှိအကောင်းဆုံး  MBA programmes များစာရင်းတွင် ပထမရရှိထားပါတယ်။  MBA, doctorate, postgraduate, graduate, undergraduate degree programmes များအပြင် undergraduate level English courses များဖြစ်သော Global Business,  Big Data (Advanced Analytics) အစရှိသော postgraduate courses များအပြင် Hotel Industry and Leisure Services အတွက် courses များပါသင်ကြားပို့ချပေးလျက်ရှိပါတယ်။ SGH တွင်နိုင်ငံတကာ ကျောင်းသားပေါင်း ၃၀၀ကျော်တက်ရောက်လျက်ရှိပြီး ကမ္ဘာအနှံ့ရှိတက္ကသိုလ် ၂၀၀ ကျော်နှင့်ပူးပေါင်းထားသောတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ 

Poznań University of Economics and Business

Poznan University of Economics and Business – UEP  ခေါ် Uniwersytet Ekonomiczny w Poznaniu ကို ၁၉၂၆ ခုနှစ်တွင် college of commerce အဖြစ်တည်ထောင်ခဲ့ပါတယ်။ Rzeczpospolita မှသတ်မှတ်ထားသော ပိုလန်နိုင်ငံရှိထိပ်တန်းစီးပွားရေးကျောင်းများအနက် Warsaw School of Economics နှင့်  Kozminski University ပြီးလျှင် PUEBသည် တတိယနေရာတွင် ရှိပါတယ်။ ဒီ့အပြင် Eduniversal’s international ranking မှ Excellent Business School အမျိုးအစားအောက်တွင် ပထမနေရာ ရရှိထားပါတယ်။ Course ၁၄မျိုးသင်ကြားပေးလျက်ရှိပြီး Poznan တက္ကသိုလ်၏အဓိကဌာနများမှာ Economics, Informatics and Electronic Economy, International Economics, Commodity and Management စသည်တို့ဖြစ်ပါတယ်။ Superior Papers တွင် သုတေသနစာတမ်းများရေးသားသော စာရေးဆရာများအဖြစ် အရည်အချင်းပြည့်မီသောသုတေသီ ၅၁၈ ဦးမှ သင်ကြားပို့ချပေးနေပါတယ်။

Wroclaw University of Economics

Wroclaw University of Economics ကို ၁၉၄၇ခုနှစ်တွင်ပုဂ္ဂလိကစီးပွားရေးကျောင်းအဖြစ်စတင်တည်ထောင်ခဲ့ပြီး ၁၉၅၀ တွင် အစိုးရကျောင်းအဖြစ်ပြောင်းလဲခဲ့ပါတယ်။ မတူကွဲပြားသောဌာနခွဲများအောက်တွင် ပို့ချပေးသောဘာသာရပ်အမျိုးအစားများမှာ- 

Economic Sciences

Economics, Management and Tourism

Engineering and Economics

Computer Science and Finance တို့ပဲဖြစ်ပါတယ်။ 

အခြားတက္ကသိုလ်တွေနဲ့ မတူတာကတော့ Wroclaw University of Economics မှာရှိတဲ့ ၀န်ထမ်းများက သုတေသနလုပ်ငန်းများစွာတွင် ထူးချွန်ပြီး သိပ္ပံပညာ၊ ပညာရေးနှင့်စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများစွာတွင် ပါဝင်ကာ ပြည်တွင်းနှင့်နိုင်ငံတကာဂျာနယ်များတွင်စာပေနှင့်ဆောင်းပါးများစွာကိုရေးသားလျက်ရှိပါတယ်။

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 30, 2021

EEVS မှဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ Poland နိုင်ငံမှာ ရှိတဲ့ ထိပ်တန်း Medical Schools တွေအကြောင်းပဲဖြစ်ပါတယ်။ Poland နိုင်ငံသည် ဆေးပညာရပ်များကို သင်ကြားလိုသော ကျောင်းသားများအတွက်  အကောင်းဆုံး study destination တစ်ခုဖြစ်ပြီး ဥရောပတစ်ခွင်ရှိ အကောင်းဆုံးသော ဆေးကျောင်းတွေ စုဝေးတည်ရှိရာနေရာလည်း ဖြစ်ပါတယ်။ 

Poland နိုင်ငံရှိ ထိပ်တန်း Medical Schools များမှာ- 

Medical University of Warsaw (MUW)

Medical University of Warsaw သည် ပိုလန်ရှိ သက်တမ်းရင့် ဆေးကျောင်းတစ်ခုဖြစ်ပြီး နှစ်ပေါင်း ၂၀၀ကျော်အတွင်း ဆေးပညာနှင့် ဆေးဝါးဆိုင်ရာတို့အတွက် undergraduate နှင့် postgraduate program များစွာကို သင်ကြားပေးလျက်ရှိပါတယ်။ Medical University of Warsawရှိ program များသည် တက္ကသိုလ်အဆင့်ပညာရေး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီပြီး လက်တွေ့ကျသော သင်ကြားမှုစနစ်အပေါ် အခြေခံပါတယ်။လူနာများအတွက်ယေဘုယျနှင့်အဆင့်မြင့်ဆေးကုသမှုများပေးသောလက်တွေ့သင်ကြားရေးဆေးရုံ (၆) ခုတွင် ကျောင်းသားများသည်လေ့လာသင်ယူရပါတယ်။ ကျောင်းသားများနှင့် ဝန်ထမ်းများသည် ထိုသင်ကြားရေးဆေးရုံများတွင် scientific နှင့် clinical research များပြုလုပ်ရပြီး Warsawရှိ အခြားဆေးရုံများရှိရာ ဆေးဘက်ဆိုင်ရာပညာရပ်ဆိုင်ရာဌာနများတွင်လည်း ပါဝင်ရပါတယ်။Medicine, Dental medicine, Medical sciences, Pharmacy,  Health sciences အစရှိသော နယ်ပယ်များစွာအတွက် ဘာသာရပ်များကို သင်ကြားပေးပါတယ်။

Wrocław Medical University 

Wrocław Medical University သည် အကောင်းဆုံးသင်ကြားရေးအထောက်အကူပစ္စည်းတွေ အများကြီးရှိပြီး ၁၉၅၀ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီးဆေးပညာဌာနသည်တက္ကသိုလ်၏ပထမဆုံးဌာနများမှတစ်ခုဖြစ်ကာ  English medicine အတွက် full-time နှင့် part-time program များ စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ medical course ကို pre-clinical နှင့် clinical cycles ဆိုပြီးခွဲထားကာ ပထမစာသင်နှစ်သုံးနှစ်တွင် basic theoriesများကို lectures, seminars, and laboratory classesများအသုံးပြုပြီး သင်ကြားပေးမှာဖြစ်ပါတယ်။ စတုတ္ထနှစ် နှင့် ပဉ္စမနှစ်များတွင်  clinical education ကိုအဓိကထားမည်ဖြစ်ပြီး နောက်ဆုံးနှစ်ကျောင်းသားများကို သက်ဆိုင်ရာတွဲဖက်ဆေးရုံများတွင် လက်တွေ့အလုပ်ဆင်းစေမှာ ဖြစ်ပါတယ်။ ဒီ့အပြင် England, Germany, Spain, Italy အစရှိသောနိုင်ငံများမှ တက္ကသိုလ်များနှင့်လည်း တွဲဖက်ပူးပေါင်းထားသောကြောင့် program တစ်စိတ်တစ်ပိုင်းအဖြစ် ထိုနိုင်ငံများမှာ သွားရောက် ပညာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

Medical University Silesia 

၁၉၄၈ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော Medical University Silesia သည် Katowice, Polandအခြေစိုက် public educational institution တစ်ခုဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်တွင် US Department of Education accreditation ရရှိပြီးနောက် နိုင်ငံတကာကျောင်းသားများအတွက်program များကိုအင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချခြင်းကို စတင်ခဲ့ပါတယ်။ International MD နှင့် European MD courses အမျိုးအစား၂ခု သင်ကြားပေးပြီး program နှစ်ခုလုံးသည် ခြောက်နှစ်ကြာမြင့်ပါတယ်။ Medical University of Silesia သည်  ပိုလန်နိုင်ငံရှိအကြီးဆုံးဆေးကျောင်းတစ်ခုဖြစ်ပြီး Pharmacy, Medicine, Health Sciences, Dentistry, and Public Healthစသောဌာနများတွင် enroll လုပ်ထားသည့် ကျောင်းသား ၁၀,၀၀၀ ကျော်ရှိပါတယ်။ Medicine နှင့် Dentistry ဌာနတို့သည်နိုင်ငံတကာကျောင်းသားများကြားတွင် လူကြိုက်များပြီးနိုင်ငံတကာရှိ  health care professionals ပေါင်း ၅၀,၀၀၀ ကျော်ကိုမွေးထုတ်နိုင်ပေးနိုင်ခဲ့ပါတယ်။ 

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

June 28, 2021

EEVS မှ ယနေ့မှာ တော့ ပိုလန် နိုင်ငံတွင် ပညာသင်သွားလိုသော ကျောင်းသားများ အမေးများသော မေးခွန်းနှင့် အဖြေများကို ဖော်ပြပေးလိုက်ပါတယ်။

Poland နိုင်ငံတွင် ပညာသင်နှစ် ဘယ်နှစ်နှစ် တက်ရောက်ရသလဲ။ 

ယေဘုယျအားဖြင့် Bachelor degree ကို  ၃ နှစ် တက်ရောက်ပြီး Semester ၆ ခု တက်ရောက်ရပါတယ်။ Master degree သည် ဘာသာရပ်ပေါ် မူတည်၍  ၁၊ ၂၊ ၅ နှစ် စသဖြင့် Semester ၃ ခု သို့ ၄ ခု တက်ရောက်ရပါမယ်။ 

ပိုလန် ဘာသာစကား ပြောတတ်ဖို့လိုသလား။

နိုင်ငံတကာ ကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာစကားဖြင့် ဘာသာရပ်များကို ပို့ချပေးသဖြင့် ပိုလန် ဘာသာစကား တတ်ထားရန် မလိုပါ။ သို့သော် ပိုလန် တွင် အလုပ်လုပ်ရန် နှင့် ဆက်လက်နေထိုင်လိုသူများအနေဖြင့် ပိုလန် ဘာသာစကားပြောတတ်လျှင် ပိုကောင်းပါတယ်။ 

ပညာသင်နှစ် တွေက ဘယ်လို တက်ရောက်ရသလဲ။

ပိုလန် တက္ကသိုလ် အများစုသည် တစ်နှစ်လျှင် Semester ၂ ခုကို ၁၅ ပတ်နှုန်းဖြင့် တက်ရောက်ရပါတယ်။ Fall Semester သည် အောက်တိုဘာလ မှ စကာ ဖေဖော်ဝါရီလ အလယ်တွင် ပြီးဆုံးပြီး ခရစ်စမတ် အားလပ်ရက် ၂ ပတ်နှင့် ဖေဖော်ဝါရီလတွင် အားလပ်ရက် တစ်ပတ် ရရှိပါတယ်။ Spring Semester သည် ဖေဖော်ဝါရီ လလယ်မှ စကာ ဇွန်လ အထိ Easter အားလပ်ရက် အနေဖြင့်တစ်ပတ် ရရှိပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ဇူလိုင်လ အစ မှ စက်တင်ဘာလ တွင် ပြီးဆုံးပါတယ်။ 

ပညာသင်စရိတ် ဘယ်လောက်ကုန်ကျနိုင်သလဲ။

ပိုလန် Public ကျောင်းများသည် နိုင်ငံတကာကျောင်းသားများအတွက် တစ်နှစ်လျှင် အောက်ပါ အတိုင်းကုန်ကျနိုင်ပါတယ်။ 

  • EUR 2000 -master’s and postgraduate master’s courses;
  • EUR 3000 – doctoral, postgraduate ( scientific, artistic, specialist and habilitation internships)
  • EUR 3000 ( vocational courses and apprenticeship)
  • EUR 2000 ( a language course)

အချိန်ပိုင်း လုပ်ကိုင်လို့ရသလား။

ပိုလန်နိုင်ငံတွင် နိုင်ငံတကာကျောင်းသားများအနေဖြင့် တစ်ပတ်လျင် နာရီ ၂၀ အချိန်ပြည့်လုပ်ကိုင်နိုင်ပြီး နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ပြည့် လုပ်ကိုင်နိုင်ပါတယ်။ 

နေရာထိုင်ခင်း ဘယ်လို ရှာရလဲ။

နိုင်ငံတကာကျောင်းသားများအတွက် ပိုလန် တက္ကသိုလ်အများစုသည် တက္ကသိုလ် အဆောင်များ ထားရှိပေးထားပါတယ်။ 

တစ်လလျှင် အသုံးစရိတ် ဘယ်လောက်လိုအပ်လဲ။

နေထိုင်မှု ပုံစံပေါ် မူတည်၍ ကုန်ကျစရိတ် ကွဲပြားနိုင်သော်လည်း ယေဘုယျအားဖြင့် တစ်လလျှင် ၁၂၀၀-၂၅၀၀ PLN ကျသင့်ပါမယ်။ ထိုပမာဏတွင် ငှားရမ်းခ၊ အစားအသောက်၊ အဝတ်အထည်၊ ယာဉ် စီးခ၊ သင်ထောက်ကူ ပစ္စည်းများ၊ ဖုန်းဘေလ်နှင့် အခြားသော အသုံးစရိတ်များအတွက် ကာမိပါတယ်။ သို့သော် ထိုပမာဏတွင် Tuition fees မပါပါ။ ကျောင်းအဆောင်ခသည် ၄၀၀-၆၀၀ PLN ၊ စပ်တူ ငှားရမ်းသော တိုက်ခန်းခ-၁၀၀၀-၁၆၀၀ PLN ၊ အစားအသောက် ၅၀၀-၇၀၀၊ယာဉ် စီးခ ၆၅ PLN ကျသင့်ပါတယ်။ 

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 28, 2021

တစ်နှစ်ကို မြန်မာငွေ သိန်းတစ်ရာဝန်းကျင် ကုန်ကျရုံနဲ့ Poland နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်မယ်ဆိုတဲ့ အကြောင်းကို သင်သိပါသလား

Poland နိုင်ငံက မတူကွဲပြားပြီး အံ့သြဖွယ်ကောင်းလောက်အောင် ပညာရေးသမိုင်းကြောင်းတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ Poland နိုင်ငံမှာ ပညာသင်ယူပါက နိုင်ငံတကာ အသိအမှတ်ပြု high quality European degree တွေကို ကုန်ကျစရိတ်သက်သာစွာဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။ဒါတင်မကသေးပဲ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း EU နိုင်ငံတွေမှာ ဆက်လက်လုပ်ကိုင်နိုင်ဖို့ အခွင့်အရေးတွေရရှိမှာဖြစ်ပါတယ်။ 

ပိုလန်နိုင်ငံရှိကျောင်းများသည် high quality courses တွေကို သင်ကြားပေးရုံသာမက  MBBS, Engineering, International business, Tourism, Hospitality စသောနယ်ပယ်များအတွက် ကုန်ကျစရိတ်သက်သာသော programများကို ပို့ချပေးလျက်ရှိပါတယ်။ 

Poland နိုင်ငံမှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်အချို့မှာ – Medical University of Warsaw, Poznan University of Technology, SGH Warsaw School of Economics, Siedlce University of Natural Sciences and Humanities, Warsaw University of Life Sciences – SGGW, Warsaw University of Technology စသည်တို့ပဲဖြစ်ပါတယ်။ 

Poland နိုင်ငံတွင် ပညာသင်ကြားလိုသူများအတွက် ဘာသာရပ်နယ်ပယ်အလိုက် ကုန်ကျစရိတ် range များမှာ- 

For MBBS 

7500 EUR –  12000 EUR 

For Engineering 

Bachelor Degree – 500 – 6,000 EUR

Master Degree – 1,000 – 8,000 EUR

For Business Studies 

For Undergraduate and Master Degree  –  2000 and 4000 EUR 

High Quality Education Program များကို English Language ဖြင့်သင်ကြားခြင်း၊ ပညာသင်စရိတ်သက်သာခြင်း၊ ရွေးချယ်စရာ တက္ကသိုလ်များစွာရှိခြင်း၊ နေထိုင်စရိတ်များ သက်သာခြင်းတို့အပြင် EU နိုင်ငံများမှမဟုတ်သော ကျောင်းသားများအတွက်ပါ Scholarships Opportunities များပေါများခြင်းကြောင့် နိုင်ငံတကာကျောင်းသားများ၏  စိတ်အဝင်စားဆုံး study destination တစ်ခုဖြစ်လာပါတယ်။ 

Poland နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ကြားဖို့အတွက် စိတ်အားထက်သန်နေသူတစ်ဦးဆိုရင်တော့ သင့်ရဲ့အိမ်မက်တွေအကောင်အထည်ဖော်နိုင်ဖို့အတွက်ကတော့ EEVSရဲ့ တာဝန်ဖြစ်ပါတယ်။ 

Poland နိုင်ငံရှိ ကျောင်းတွေရဲ့ Intake Seasonအများစုမှာ- February, October ဖြစ်ပြီး October Intake Season အမှီကျောင်းသွားတက်လိုသူတွေအနေနဲ့တော့ လက်မနှေးပဲ EEVS ကို ဆက်သွယ်စုံစမ်းလိုက်တော့နော်။ 

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 28, 2021

Poland နိုင်ငံမှာ သွားရောက်ပညာသင်ကြားမည့် နိုင်ငံတကာကျောင်းသားတွေ အတွက်
Poland မှာ အသုံးများသော application များအကြောင်းကို ပြောပြပေးချင်ပါတယ်။

SkyCash. A nice Multipurpose App

SkyCash ကိုတော့ ဘက်စုံအသုံးပြုလို့ရတဲ့ app လို့တောင်သတ်မှတ်ထားကြပါတယ်။
Bus tickets တွေ Cinema tickets တွေကို app ကတစ်ဆင့်ဝယ်လို့ရတဲ့အပြင် Euronet ATMs တွေမှာ cardless withdraw လုပ်နိုင်ခြင်း၊ bills ဆောင်နိုင်ခြင်း၊ အသေးစားခရီးသွားအာမခံတွေ ရယူနိုင်ခြင်း တို့ကိုလည်း ဆောင်ရွက်နိုင်ပါတယ်။

Transferwise

Transferwise သည်နိုင်ငံခြားသို့ ငွေလွှဲပြောင်းရာတွင်အသက်သာဆုံးနှင့်အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ နိုင်ငံခြားသို့ငွေပို့သောအခါဘဏ်များနှင့် provider များက ငွေလွှဲပြောင်းခ ၅% ကောက်ခံပါတယ်။

JakDojade

Google Maps အစားထိုးအသုံးပြုနိုင်ပြီး public transportation သုံးသည့်အခါ ခရီးစဉ်များကို
အစီအစဉ်ချမှတ်နိုင်ပါတယ်။

Veturilo

ဒီ app ကို အသုံးပြုပြီး Warsaw မှာရှိတဲ့ public bikes တွေကို ငှားရမ်းနိုင်ပါတယ်။

Uber eats

Uber ရဲ့နည်းပညာများကို အသုံးပြုပြီး စားသောက်ဆိုင်အများစုမှ စားသောက်ဖွယ်ရာတွေ
မှာစားနိုင်ပါတယ်။ Delivery Time မှာမြန်ဆန်ပြီး Delivery Way ကိုလည်း tracking လုပ်နိုင်ပါတယ်။

Mytaxi (now FreeNow)

Mytaxi ခေါ် FreeNow appသည် အကောင်းဆုံးtaxi app တွင်တစ်ခုအပါအဝင်ဖြစ်ပြီး
drivers များအားလုံးမှာ licensed taxi drivers တွေဖြစ်ပါတယ်။ အခြား taxi app များထက်
ဈေးအနည်းငယ်ပိုကုန်ကျသော်လည်း လုံခြုံစိတ်ချမှုရှိသည့် app ဖြစ်ပါတယ်။

Pracuj.pl

Pracuj.pl app ကိုအသုံးပြုပြီးတော့ အလွယ်တကူ အလုပ်ရှာဖွေနိုင်ပါတယ်။ App ကို sign up လုပ်ထားပြီးတော့ ကိုယ့်ရဲ့ resume တင်ပေးထားရပြီး စိတ်ဝင်စားတဲ့အလုပ်နယ်ပယ်တွေကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။

Babbel Polish

Native များနှင့် အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် ဒီ app ကိုအသုံးပြုပြီး အခြေခံ Polish စကားလုံးတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

June 25, 2021

Poland နိုင်ငံတွင်  တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၄၀၀ နှင့် အထက်ရှိပြီး နှစ်စဉ် ကျောင်းသားပေါင်း ၁.၅ မီလီယမ် တက်ရောက်လျက်ရှိပါတယ်။ ထို့အတူ Poland  နိုင်ငံသည် ဥရောပနိုင်ငံများတွင် ကုန်ကျစရိတ် ပိုမို သက်သာပြိး အရည်အသွေးမြင့် ပညာရေး ဒီဂရီများကို အင်္ဂလိပ်ဘာသာစကားဖြင့် ပို့ချပေးလျက် ရှိပါတယ်။ 

ပညာသင် ကျောင်းသားများစိတ်ဝင်စားသော Poland နိုင်ငံ၏ ကျောင်းစရိတ်နှင့် အခြားသော ကုန်ကျစရိတ်များအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Tuition Fees 

Public University များတွင် Polish, EU/EEA နှင့် Switzerland ကျောင်းသားများသည် ပိုလန် ဘာသာစကားဖြင့် တက်ရောက်ပါက Tuition fees ပေးစရာ မလိုပါ။

 အခြား ပညာရေး ပရိုဂရမ်များသည် –

500 – 6,000 EUR/academic year for Bachelor’s degrees

1,000 – 8,000 EUR/academic year for Master’s degrees

သို့သော် Dentistry and Business (အထူးသဖြင့်  MBAs) ပရိုဂရမ်များကမူ 15,000 EUR/year ကျသင့်ပြီး ပုဂ္ဂလိက တက္ကသိုလ်များတွင် ပိုကုန်ကျနိုင်ပါတယ်။ Tuition fee သက်သာသော ကျောင်းများမှာ- 

  • Warsaw University of Technology
  • Poznan University of Life Sciences
  • University of Agriculture in Krakow
  • University of Opole

Living Costs

Poland နိုင်ငံသည် စီးပွားရေးတည်ငြိမ်သော နိုင်ငံဖြစ်ပြီး ကုန်ကျစရိတ်သက်သာသော ဥရောပ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသားများအနေဖြင့် တစ်လလျှင် နေထိုင်စရိတ် 350 – 550 EUR/month ကျသင့်ပြီး  မြို့ကြီးများဖြစ်သော Krakow or Warsaw တို့တွင်  500 – 850 EUR/month ကျသင့်ပါတယ်။ 

Accommodation costs

နေရာ ထိုင်ခင်းသည် လစဉ် နေထိုင်စားသောက်မှု ကုန်ကျစရိတ်တွင် ၃၀% အရေးကြီးပါတယ်။ နိုင်ငံတကာ ကျောင်းသားများသည် နားနေဆောင်ခန်းမ များ သို့ သီးသန့် တိုက်ခန်းငှားရမ်း နေထိုင်ကြပါတယ်။ ကျောင်းသားနားနေဆောင် ခန်းမများသည် တစ်လလျှင် 60 – 150 EUR ကျသင့်ပါတယ်။ တိုက်ခန်း မျှငှားရမ်းခသည် 80 – 150 EUR တစ်လလျှင် ကျသင့်ပြီး ပိုလန်နိုင်ငံကျောင်းသားများ အရွေးများပါတယ်။ မြို့ကြီးဖြစ်သော Krakow တွင် တစ်ယောက်အိပ်ခန်းပါ တိုက်ခန်းသည် တစ်လလျှင် 300 – 465 EUR ကျသင့်ပြီး Warsaw မြို့တွင်  350 – 650 EUR ကျသင့်ပါတယ်။ 

Food Costs

နိုင်ငံတကာ ကျောင်းသားများ၏ စားသောက် စရိတ်မှာ တစ်လလျှင် 100 – 150 EUR ကျသင့်ပါတယ်။ Tesco, Auchan, Carrefour, Leclerc, and Lidl စသော စူပါ မားကတ်များတွင် ဈေးသက်သာပြီး နှစ်ယောက်တွက် သုံးနပ်စာ စားသောက်ဆိုင်တွင်  ကုန်ကျစရိတ်မှာ 5 EUR or 23 EUR, Light drink 2 EUR ကျသင့်ပါတယ်။ 

 Transportation costs

ယာဉ်စီးခ ကုန်ကျစရိတ်သည် Semester တစ်ခု လျှင် ၆ လစာ 50 EUR ကျသင့်ပါတယ်။ ကျောင်းသားများ၏ ၁၈% သည်ကားဖြင့် သွားရောက်ကြပြီး သာယာသော ရှုခင်းများကို ခံစားရင်း စက်ဘီး (သို့) လမ်းလျှောက်သွားလို့ရပါတယ်။ 

#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar