fbpx
October 8, 2021

▪️EEVS မှဒီတစ်ခါပြောပြပေးချင်တာကတော့ UK နိုင်ငံမှာ ပညာသင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့  UK မှာ Part-Time Jobs လုပ်ကိုင်တာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ 👨‍🎓👩‍🎓

▪️နိုင်ငံတကာကျောင်းသားများကြား Part-Time Jobs လုပ်ကိုင်လာတာတွေက ပိုမိုရေပန်းစားလာပါတယ်။ အပိုငွေရှာဖို့တစ်ခုတည်းအတွက်သာမက အလုပ်အတွေ့အကြုံ တွေရရှိဖို့အတွက်ပါ Part-Time Jobs တွေ လုပ်ကိုင်လာကြပါတယ်။ ကဲ ဒါဆို UK မှာ Part-Time Jobs လုပ်တာနဲ့ ပတ်သက်ပြီး သိချင်ရင်တော့ ပို့စ်လေးကို အဆုံးထိဖတ်ကြည့်နော်။ 🙆‍♂️

▪️UK အစိုးရသည် နိုင်ငံတကာကျောင်းသားများအတွက် အလုပ်အကိုင်၊ လုပ်ခလစာနှင့်

ပတ်သက်သည့် ညွှန်ကြားချက်များကို ရှင်းလင်းစွာချမှတ်ထားပါတယ်။ ကျောင်းသားများအနေဖြင့် ထို ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပြီး ကန့်သတ်ထားတဲ့ အလုပ်တွေကို မလုပ်ဖို့လည်း သတိပြုရပါမယ်။ 💁‍♂️

▪️တက္ကသိုလ်များတွင် Full Time ပညာသင်ကြားရန်စာရင်းသွင်းထားသည့်ကျောင်းသားများသည် တစ်ပတ်လျှင် နာရီ ၂၀ အလုပ်လုပ်ခွင့်ရှိပါတယ်။ 🏫

▪️Degree Program များအပြင် အခြား Program များတွင် စာရင်းသွင်းထားသည့် ကျောင်းသား/သူများသည် တစ်ပတ်လျှင် ၁၀ နာရီအလုပ်လုပ်ခွင့်ရှိပါတယ်။ 👨‍💻

▪️UK ရှိနိုင်ငံတကာကျောင်းသားတွေအနေနဲ့ Part-Time Jobs  တွေဘယ်လိုရှာနိုင်လဲ?

  • Local newspaper တွေက အလုပ်ခေါ်စာတွေ
  • Online Job Portal တွေ
  • တက္ကသိုလ်မှာရှိတဲ့ Career Team တွေမှာ guideline တွေရယူနိုင်ပါတယ်။

▪️On-Campus Part Time Job တွေကတော့ ကောလိပ်ကျောင်း အတွင်း အားလပ်ချိန်များတွင် အလုပ်လုပ်နိုင်ပြီးအပို ဝင်ငွေများရရှိနိုင်တာကြောင့် နိုင်ငံတကာကျောင်းသားတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ 😇

▪️On-campus jobs အများစုကတော့ libraries, bookstores, laboratories, computer labs,  gym, receptions, cafeteria, campus guide အစရှိတာတွေမှာလုပ်ကိုင်ရတာဖြစ်ပါတယ်။ ကျောင်းတက်နေစဉ်ကာလမှာ တစ်ပတ်ကိုနာရီ ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်တဲ့ကာလတွေမှာ  တစ်ပတ်ကိုနာရီ ၄၀ အလုပ်လုပ်နိုင်ပါတယ်။

▪️Off-Campus Part-Time Jobs  တွေကတော့ အလုပ်အခွင့်အလမ်းရှာဖွေရတာ ပိုမိုလွယ်ကူတာကြောင့် ကျောင်းသားအများစုလုပ်ကိုင်လျက်ရှိပါတယ်။ Off-Campus Jobs အများစုကတော့ delivery boy, cashier, bookstore helper, grocery store helper, data entry operator, waiters/waitresses, call centers executive, swimming pool maintenance အစရှိတာတွေပဲဖြစ်ပါတယ်။

▪️Job roles တွေအလိုက်  တစ်နာရီလျှင် ရရှိနိုင်တဲ့ လုပ်ခလစာများမှာ-

📌Helper at Retailer Shop – 8 to 9 Pound

📌Cashier – 8 to 10 Pound

📌Delivery Boy – 4 to 6 Pound per delivery

📌Clerk – 12 to 14 Pound

📌Library Assistant – 10 to 12 Pound

📌Waiters/waitresses -18 to 10 Pounds

▪️အသုံးများသော Job finding website တွေကတော့ https://www.studentjob.co.uk/part-time-job

💡https://uk.indeed.com/m/jobs?q=Student+Part+Time&l=London 

💡https://uk.linkedin.com/jobs/part-time-jobs တို့ပဲဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 7, 2021

▪️Leeds Beckett University သည် UK နိုင်ငံတွင်းထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၂၀၀ တိုင် ရပ်တည်လျက်ရှိပါတယ်။ သင်ကြားရေးတွင်လဲ Teaching Excellence Framework – silver ရရှိထားပါတယ်။ ဘွဲ့ရပြီး အလုပ်အကိုင်ရရှိမှု နှင့် ပညာရေးဝန်ဆောင်မှုများကြောင့် QS – 5 stars ရရှိခဲ့ပါတယ်။ 🙆‍♂️

▪️Campus တွင် လိုအပ်သော အသုံးအဆောင် ၊ အဆောက်အဦးများအတွက် GBP 200 မီလီယံ မြှပ်နှံထားပြီး ဘွဲ့ရပြီး ၁၅ လအတွင်း အလုပ်အကိုင်ရရှိမှုနှုန်းမှာ ၉၀% ရှိပါတယ်။ ဒေသတွင်းနှင့် နိုင်ငံအနှံ့ စက်မှု လုပ်ငန်းများနှင့် ချိတ်ဆက်ထားပြီး Placement year များဖြင့် ကျောင်းသားများကို ထောက်ပံံပေးထားပါတယ်။ 💁‍♂️

▪️UK နိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး  Leeds Beckett University တွင် နိုင်ငံပေါင်း ၁၄၃ နိုင်ငံမှ ကျောင်းသားပေါင်း ၂၃၀၀၀ ကျော်တက်ရောက်လျက်ရှိပါတယ်။ တက်ရောက်နိုင်သော ပရိုဂရမ်များမှာ – English and University Preparation courses, International Foundation Year, 5-10-20 week pre-sessional, Undergraduate degree, Postgraduate research degree များကို တက်ရောက်နိုင်ပါတယ်။ ထင်ရှားသော ဘာသာရပ်အချို့မှာ

• MA International Business

• MSc Accounting and Finance

• MBA

• MSc Information and Technology

• MSc Physiotherapy (Pre-registration)

• MA International Political Economy

• MSc Sport and Exercise Science

▪️ကုန်ကျစရိတ်များအနေဖြင့်  Undergraduate – £10,540, Postgraduate – £10290,Living Costs –£ 9135, Campus Accommodation -£900 ကျသင့်မှာ ဖြစ်ပါတယ်။ English Proficiency အနေဖြင့်

• IELTS: 6.0 with no skill below 5.5

• Pearson – PTE Academic: Total of 54 (minimum of 51 in all components)

• ESOL Skills for Life: Level 1 (pass in all four components)

• TOEFL iBT: Total of 79 to 89. Minimum for reading (18), listening (17) and speaking (20)

🏫 University Ranking

#801-1000- THE (Times Higher Education) 2021

#118          – The Complete University Guide 2021

#106          – The Guardian 2021

#1455        -Global Universities- US News & World Report 2021

📚 Course Ranking

#501   *600PG Business and Economics- THE (Times Higher Education) 2021

#84    *Accounting & Finance Ranking- The Complete University Guide 2021

#98    *Business & Management Studies (UK)- The Complete University Guide 2021

#68    *Accounting & Finance Rankings- The Guardian 2021

#79    *Business, Management & Marketing- The Guardian 2021

#51    *Civil Engineering Ranking- The Complete University Guide 2021

#67    *Electrical & Electronic Engineering- The Complete University Guide 2021

#51    *Civil Engineering The Guardian 2021

#52     *Electronic & Electrical Engineering- The Guardian 2021

#96     *Computer Science- The Complete University Guide 2021

🏫 University website – https://www.leedsbeckett.ac.uk

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 6, 2021

ဒီတစ်ခါပြောပြပေးမဲ့ Scholarship Program လေးကတော့ INTO & University of Stirling ကနေပေးအပ်ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။

University of Stirling ကတော့ UK နိုင်ငံရဲ့အေကောင်းဆုံးတက္ကသိုလ်တွေမှာ #ranked30 ရရှိထားပြီး ကျောင်းသား၊ကျောင်းသူတွေ စိတ်ကျေနပ်မှုအရှိဆုံး UK တက္ကသိုလ်စာရင်းမှာတော့ #ranked20 ရရှိထားတဲ့တက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် သင်ကြားရေး၊ အလုပ်အကိုင်ရရှိနိုင်မှု၊ နိုင်ငံတကာဆက်ဆံရေးနဲ့ အထောက်အကူပြုပစ္စည်းပြည့်စုံမှုများကြောင့် QS Ranking မှာ 5 Stars ရရှိထားပါသေးတယ်။

Scholarship အတွက် ရွေးချယ်ခံရတဲ့ကျောင်းသား၊ ကျောင်းသူတွေကတော့ ပထမနှစ်အတွက် tuition fees £4,000 ကိုရရှိမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် undergraduate ကျောင်းသား၊ ကျောင်းသူတွေဆိုရင်တော့ နှစ်တိုင်း £2,000 စီထပ်ပြီးရရှိမှာပဲဖြစ်ပါတယ်။

ဒီ scholarship က မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက ကျောင်းသူ၊ ကျောင်းသားတွေကို အဓိကထားပေးတဲ့ scholarship ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်အတွက်အခွင့်အရေးတွေအများရှိတဲ့ scholarship တစ်ခုပဲဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် EEVS ကိုအမြန်ဆုံးဆက်သွယ်ပြီး scholarship ကိုအရယူလိုက်ရအောင်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 17, 2021

📣သင့်ရဲ့ ပညာရေးအိမ်မက်ကို US, UK, Australia နိုင်ငံတွေရှိ ထိပ်တန်းတက္ကသိုလ်တွေမှာအကောင်အထည်ဖော်ချင်သူတစ်ဦးလား?

ဒါဆိုရင်တော့ အခုမိတ်ဆက်ပေးမယ့် Kaplan International Pathways Programs တွေက သင့်အတွက်ပဲဖြစ်ပါတယ်။

Kaplan International Pathway Programs တွေကတော့ Bachelor’s preparation(Foundation Certificate), Accelerated bachelor’s preparation (International Year One), Master’s preparationဖြစ်ပြီး မိမိရဲ့ ပညာရေးလိုအပ်ချက်အလိုက် ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Arizona State University, University of Connecticut, University of Liverpool, City, University of London, University of Newcastle, University of Adelaide အစရှိသော တက္ကသိုလ်များအပါအဝင် US, UK, Australia ရှိတက္ကသိုလ်ပေါင်း ၄၀ကျော်နှင့် ချိတ်ဆက်ထားပြီး Degree Program ပေါင်း ၄၁၀၀ကျော်ကို သင်ကြားပို့ချပေးနေပါတယ်။

Pathway program တွေ အတွက် တက်ရောက်နိုင်တဲ့ ဘာသာရပ်နယ်ပယ်တွေကတော့-
Art and Design
Business and Finance
Computing
Education
Engineering
Environmental and Agriculture
Hospitality and Tourism
Law
Marketing and Media
Science and Health
Social Sciences တို့ပဲဖြစ်ပါတယ်။

UK Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

ပညာရေး – အနည်းဆုံး ၁၁ နှစ်ပညာရေး
English language: UKVI IELTS 4.0 to 5.5 or accepted equivalent

Preparation course များသည် ၅လမှ ၁၅လအတွင်းကြာမြင့်နိုင်ပါတယ်။ သင်တန်းအချိန်ကာလသည် ကျောင်းသား၏ လိုအပ်ချက်နှင့် English level ပေါ်မူတည်ပြီး အမျိုးမျိုးကြာမြင့်နိုင်ပါတယ်။

US Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

အထက်တန်းအဆင့်ပြီးမြောက်ရမည်ဖြစ်ပြီး အနည်းဆုံး GPA 2.00 to 2.75 အထိရှိဖို့လိုအပ်ပါတယ်။
English language: minimum TOEFL 55 to 74

Preparation course များသည် ကျောင်းသား၏ လိုအပ်ချက်နှင့် English level ပေါ်မူတည်ပြီး
၄လမှ ၁၂လအတွင်းကြာမြင့်နိုင်ပါတယ်။

Australia Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

အထက်တန်းအဆင့်ပြီးမြောက်ရမည်ဖြစ်ပြီး IELTS 5.5 အထိရှိဖို့လိုအပ်ပါတယ်။Preparation course များသည် ၈လမှ ၁၀လအတွင်းကြာမြင့်နိုင်ပါတယ်။

သင့်ရဲ့ နိုင်ငံတကာ ပညာရေးအိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက်ဆိုရင်
EEVS မှာ အမြန်ဆုံးလာရောက်ဆက်သွယ်စုံစမ်းလိုက်တော့နော်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 15, 2021

EEVS မှ ဒီတစ်ခါပြောပြပေးချင်တာကတော့ UKမှာ ပညာသင်ကြားတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာကျောင်းသားတွေ အမေးများလေ့ရှိတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။

UK ပညာရေးက ဘယ်ဘာသာရပ်နယ်ပယ်တွေအတွက် ဦးဆောင်နေသလဲ?

UK ပညာရေးသည် Engineering, science, art & design, business & management, law and finance စတဲ့ ဘာသာရပ်နယ်ပယ်များစွာအတွက် ထိပ်တန်းကရပ်တည်လျက်ရှိပါတယ်။ 

UK Qualifications တွေကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလား?

UK တက္ကသိုလ်များမှ Degree များကို  ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုထားပြီး အရည်အသွေးမြင့် ပညာရေးကြောင့် ကျော်ကြားလှပါတယ်။

UK တက္ကသိုလ်တွေက ဘယ်လိုမျိုး English Test တွေကို လက်ခံပေးပါသလဲ?

IELTS ကို UK မှာရှိတဲ့ တက္ကသိုလ်အဖွဲ့အစည်းအားလုံးနီးပါးက လက်ခံကြပါတယ်။ 98% သောတက္ကသိုလ်များသည်လည်း TOEFL နှင့် PTE Academic Test ကိုလက်ခံပေးပါတယ်။Score သတ်မှတ်ချက်တွေကတော့ မိမိလျှောက်ချင်တဲ့ ကျောင်းအပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားနိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားများအနေဖြင့် UK မှာကျောင်းတက်နေစဉ်ကာလအတွင်း အလုပ်လုပ်လို့ရပါသလား?

ကျောင်းတက်နေစဉ်ကာလအတွင်း တစ်ပတ်ကို နာရီ၂၀ part-time လုပ်ကိုင်နိုင်ပြီး ကျောင်းပိတ်နေတဲ့အချိန်တွေမှာ အချိန်ပြည့်လုပ်ကိုင်နိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေအတွက် UK မှာပညာသင်ယူမယ်ဆို ဘယ်လောက်ကုန်ကျနိုင်လဲ?

နိုင်ငံတကာကျောင်းသားတွေအတွက်Undergraduate Program များတက်ရောက်လျှင် £10,000 မှ £38,000 အတွင်းကုန်ကျနိုင်ပြီး  medical degrees များတက်ရောက်မည်ဆိုပါကပိုမိုကုန်ကျစရိတ်များနိုင်ပါတယ်။ Postgraduate Program များအတွက် £30,000 မှ £50,000 အတွင်းကုန်ကျနိုင်ပါတယ်။s Business, Engineering , Computer Science ဘာသာရပ်များသည် Journalism , Humanities စတဲ့ဘာသာရပ်တွေထက် အနည်းငယ်ပိုကုန်ကျနိုင်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေအတွက် Scholarships အခွင့်အရေးတွေရှိလား?

UK အစိုးရ၊ ပညာရေးအဖွဲ့အစည်းများ၊ public နှင့် private organization များမှ နိုင်ငံတကာကျောင်းသားများအတွက် scholarships, grants,  bursaries အမျိုးအစားများစွာပေးလျက်ရှိပါတယ်။ နိုင်ငံတကာကျောင်းသားများအတွက် ပေးအပ်လေ့ရှိသော Scholarships အများစုမှာ-

Chevening Commonwealth Scholarships

Fulbright Foreign Student Program

Edinburgh Global Research Scholarships အစရှိတာတွေပဲဖြစ်ပါတယ်။

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 15, 2021

UK နိုင်ငံမှာ သွားရောက်ပညာသင်ကြားမည့် နိုင်ငံတကာကျောင်းသားတွေ အတွက်UK မှာ အသုံးများသော application များအကြောင်းကို ပြောပြပေးချင်ပါတယ်။

Stint

UK မှာရှိတဲ့ နိုင်ငံတကာကျောင်းသားတွေ part-time jobs တွေရှာတဲ့အခါ အသုံးဝင်တဲ့ app ဖြစ်ပါတယ်။ Stint သည် အလုပ်ရှာဖွေတဲ့ app တစ်ခုဖြစ်ရုံသာမကပဲ မိမိ study schedule နှင့် အားလပ်ချိန်များအပေါ်မူတည်ပြီး အချိန်ပိုင်းအလုပ်များကိုရှာဖွေနိုင်မှာပါ။ Stint တွင်  retailersများစွာရှိပြီး     အချိန်ပိုင်းအလုပ်ခေါ်စာများကို မကြာခဏ ကြေညာသော စီးပွားရေးလုပ်ငန်းများစွာရှိပါတယ်။ ကျောင်းသားများသည် app တွင် အသေးစိတ်အချက်အလက်များကိုဖြည့်စွက်ပြီး မိမိနှင့် ကိုက်ညီမည့် အလုပ်အကိုင်များကိုစတင်ရှာဖွေနိုင်ပါတယ်။

University App

UK ရှိတက္ကသိုလ်အများစုတွင်ကိုယ်ပိုင် mobile app ရှိပါတယ်။ UK မှာပညာသင်ဖို့သွားတဲ့အခါ မဖြစ်မနေ download လုပ်ဖို့လိုအပ်တာကတော့ မိမိတက်ရောက်နေတဲ့ တက္ကသိုလ်က app ဖြစ်ပါတယ်။ပုံမှန်တက္ကသိုလ် app တွင်အီးမေးလ်၊ ဘာသာရပ်အချိန်ဇယား၊ ဟောပြောပွဲမှတ်စုများ၊တက္ကသိုလ်ရှိဖြစ်ရပ်များနှင့်ပတ်သက်သောအသိပေးချက်များနှင့်  campus mapများပါဝင်မှာဖြစ်ပါတယ်။

Too Good To Go

UK စားသောက်ဆိုင်တွေမှာ အစားအစာတွေပိုလျံပြီးကျန်နေတာနဲ့ ပတ်သက်ရင် တင်းကြပ်တဲ့ ဥပဒေတွေရှိပါတယ်။ မရောင်းရတဲ့ အစားအစာတွေကို ဆိုင်ပိတ်ချိန်မှာ စနစ်တကျစွန့်ပစ်ရပါတယ်။Too Good To Go ဆိုတာကတော့ တစ်နေ့တာအတွက်ပိုလျံနေတဲ့အစားအစာတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးမယ့် restaurant တွေကို user တွေနဲ့ချိတ်ဆက်ပေးတာပဲဖြစ်ပါတယ်။ဒီ app သုံးပြီး အစားအသောက်ကောင်းကောင်းတွေကို ကုန်ကျစရိတ်သက်သာစွာဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Trainline

UK မှာပညာသင်နေတဲ့ ကာလအတွင်းမှာ tourist attractionနေရာတွေကို သွားရောက်လည်ပတ်တဲ့အခါ ရထားစီးပြီးလည်ပတ်တာကလည်း အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။Trainline  app တွင် UK နှင့်ဥရောပတစ်ခွင်ရှိ ရထားလတ်မှတ်တွေကို ဈေးနှုန်းချိုသာစွာဖြင့် booking တင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ရထားအခြေအနေကို တိုက်ရိုက် ကြည့်ရှုနိုင်ပြီး ရထားအချိန်ဇယားများကိုစစ်ဆေးနိုင်သလို ရထားခရီးစဉ်များတွင်ငွေစုရန် SplitSave ကိုသုံးနိုင်ပါတယ်။

RefME

UK တက္ကသိုလ်တွေ မှာ ပညာရေးနဲ့ ပတ်သက်ပြီး စည်းကမ်းတင်းကြပ်ပါတယ်။coursework အဖြစ်တင်သွင်းရတဲ့ Essay နဲ့ စာတမ်းတစ်စောင်ချင်းစီမှာ ရည်ညွှန်းစာအုပ်မှအကြောင်းအရာများကိုဖော်ပြရန် (သို့) ထည့်သွင်းရန်အတွက်သင့်လျော်သောအညွှန်းများအမြဲတမ်းပါဖို့လိုပါတယ်။RefME app ကဒါနဲ့ပတ်သက်ပြီး ကူညီနိုင်ပါတယ်။ RefME ကိုသုံးပြီး reference book တွေမှာရှိတဲ့ barcode တွေကို scan ပြီး တက္ကသိုလ်မှသတ်မှတ်ထားတဲ့ ပုံစံအတိုင်းထည့်သွင်းနိုင်ပါတယ်။ RefME သုံး၍ ဖတ်စာအုပ်များ၏ဓာတ်ပုံများကိုရိုက်ကူးပြီးစာသားကို  digital format အဖြစ်ပြောင်းနိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

 

July 15, 2021

EEVS မှဒီတစ်ခါပြောပြပေးချင်တာကတော့ UK နိုင်ငံမှာ ပညာသင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့  UK မှာ Part-Time Jobs လုပ်ကိုင်တာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ 

နိုင်ငံတကာကျောင်းသားများကြား Part-Time Jobs လုပ်ကိုင်လာတာတွေက ပိုမိုရေပန်းစားလာပါတယ်။ အပိုငွေရှာဖို့တစ်ခုတည်းအတွက်သာမက အလုပ်အတွေ့အကြုံတွေရရှိဖို့အတွက်ပါ Part-Time Jobs တွေလုပ်ကိုင်လာကြပါတယ်။ ကဲ ဒါဆို UK မှာ Part-Time Jobs လုပ်တာနဲ့ ပတ်သက်ပြီး သိချင်ရင်တော့ ပို့စ်လေးကို အဆုံးထိဖတ်ကြည့်နော်။

UK အစိုးရသည် နိုင်ငံတကာကျောင်းသားများအတွက် အလုပ်အကိုင်နှင့် လုပ်ခလစာနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ရှင်းလင်းစွာချမှတ်ထားပါတယ်။ ကျောင်းသားများအနေဖြင့် ထို ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပြီး ကန့်သတ်ထားတဲ့ အလုပ်တွေကို မလုပ်ဖို့လည်း သတိပြုရပါမယ်။

တက္ကသိုလ်များတွင် Full Time ပညာသင်ကြားရန်စာရင်းသွင်းထားသည့်ကျောင်းသားများသည်တစ်ပတ်လျှင်နာရီ ၂၀ အလုပ်လုပ်ခွင့်ရှိပါတယ်။

Degree Program များအပြင် အခြား Program များတွင် စာရင်းသွင်းထားသည့်ကျောင်းသားများသည်တစ်ပတ်လျှင် ၁၀ နာရီအလုပ်လုပ်ခွင့်ရှိပါတယ်။

UK ရှိနိုင်ငံတကာကျောင်းသားတွေအနေနဲ့ Part-Time Jobs  တွေဘယ်လိုရှာနိုင်လဲ?

Local newspaper တွေက အလုပ်ခေါ်စာတွေ

Online Job Portal တွေ 

တက္ကသိုလ်မှာရှိတဲ့ Career Team တွေမှာ guideline တွေရယူနိုင်ပါတယ်။

On-Campus Part Time Job တွေကတော့ ကောလိပ်ကျောင်းအတွင်းတွင်အားလပ်ချိန်များတွင်အလုပ်လုပ်နိုင်ပြီးအပို ဝင်ငွေများရရှိနိုင်တာကြောင့် နိုင်ငံတကာကျောင်းသားတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။

On-campus jobs အများစုကတော့ libraries, bookstores, laboratories, computer labs,  gym, receptions, cafeteria, campus guide အစရှိတာတွေမှာလုပ်ကိုင်ရတာဖြစ်ပါတယ်။ ကျောင်းတက်နေစဉ်ကာလမှာ တစ်ပတ်ကိုနာရီ ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်တဲ့ကာလတွေမှာ  တစ်ပတ်ကိုနာရီ ၄၀ အလုပ်လုပ်နိုင်ပါတယ်။

Off-Campus Part-Time Jobs  တွေကတော့ အလုပ်အခွင့်အလမ်းရှာဖွေရတာ ပိုမိုလွယ်ကူတာကြောင့် ကျောင်းသားအများစုလုပ်ကိုင်လျက်ရှိပါတယ်။ Off-Campus Jobs အများစုကတော့ delivery boy, cashier, bookstore helper, grocery store helper, data entry operator, waiters/waitresses, call centres executive, swimming pool maintenance အစရှိတာတွေပဲဖြစ်ပါတယ်။

Job roles တွေအလိုက်  တစ်နာရီလျှင် ရရှိနိုင်တဲ့ လုပ်ခလစာများမှာ- 

Helper at Retailer Shop – 8 to 9 Pound

Cashier – 8 to 10 Pound 

Delivery Boy – 4 to 6 Pound per delivery 

Clerk – 12 to 14 Pound

Library Assistant – 10 to 12 Pound

Waiters/waitresses -18 to 10 Pounds 

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 5, 2021
  1. သင်ဟာ UK မှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ကျောင်းသွားတက်ချင်သူတစ်ဦးလား

    ဒါဆိုရင်တော့ အခုမိတ်ဆက်ပေးမယ့် UK နိုင်ငံရှိ INTO UEA မှဖွင့်လှစ်ပေးထားတဲ့ Newton A level Programme ကသင့်အတွက်ပဲဖြစ်ပါတယ်။

    INTO UEA ဆိုတာက INTO University နှင့် University of East Anglia တို့ပူးပေါင်းပြီး ထိပ်တန်းတက္ကသိုလ်များကို တက်ရောက်လိုသော နိုင်ငံတကာကျောင်းသားများအတွက် preparation courses များနှင့် English language programmes များကို သင်ကြားပေးတာဖြစ်ပါတယ်။

    ဒါဆိုရင် Newton A level Programme ကရောဘာလဲ? ဘယ်လိုလူမျိုးတွေ တက်ရောက်သင့်လဲ?

    Newton A level Programme ဆိုတာကတော့ သိပ္ပံနှင့်ဆေးပညာ၊ အင်ဂျင်နီယာနှင့်သင်္ချာ၊ စိတ်ပညာနှင့်ဘောဂဗေဒဘာသာရပ်များကို A level အဆင့်သတ်မှတ်သင်ကြားပေးတာဖြစ်ပါတယ်။ UK နိုင်ငံမှာရှိတဲ့ High Ranking University တွေကို တိုက်ရိုက် တက်ရောက်နိုင်ဖို့အတွက် A-level Programme တွေကို မဖြစ်မနေ တက်ရောက်ဖို့လိုအပ်ပါတယ်။UK မှာရှိတဲ့ ထိပ်တန်း တက္ကသိုလ်တွေမှာ Medicine, Science, Engineering နဲ့ Law ဘာသာရပ်တွေကို တက်ရောက်လိုသူတွေအတွက် ဒီ Program ဟာအသင့်တော်ဆုံး preparation program ပဲဖြစ်ပါတယ်။

    Cambridge Assessment International Education (CAIE) A levels များကို နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်များက အသိအမှတ်ပြုထားပြီး UK ရှိ ထိပ်တန်းတက္ကသိုလ်များဖြစ်သော Cambridge, Imperial, London School of Economics and Political Science (LSE), University College London (UCL) နှင့် medical schools များတွင် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

    တက်ရောက်နိုင်တဲ့ Program တွေအမျိုးမျိုးရှိပြီး မိမိနဲ့အဆင်ပြေတဲ့ Program တွေကို ရွေးချယ်
    တက်ရောက်နိုင်ပါတယ်။ Program များမှာ-

    A-level Economics, Business and Actuarial Science
    A-level Engineering and Mathematics
    A-level Science and Medicine

    Course length: 5 – 6 Terms ကြာမြင့်ပြီး Intake Season များမှာ- 2021: September, 2022: January, September, 2023: January တို့ဖြစ်ပါတယ်။

    Fees – £43,545

    တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များမှာ-

    IELTS 5.0 (with a minimum of 5.0 in all subskills) or equivalent

    အထက်တန်းပညာရေးပြီးမြောက်ထားရမည်

    အနည်းဆုံး GCSE grade 6 / B or above

    ကျောင်းတက်နေစဉ်ကာလများအတွင်းမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ၊ပညာရေး လေ့လာရေးခရီးစဉ်တွေ၊ ပညာရပ်ဆိုင်ရာပြိုင်ပွဲတွေနဲ့ စီမံကိန်း ရေးဆွဲနိုင်တဲ့ အခွင့်အလမ်းတွေ အစရှိတဲ့ အတွေ့အကြုံတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

    Newton Programme သည် UK တွင် university campus ဖြင့်သင်ကြားပေးသည့် တစ်ခုတည်းသော A Level programme ဖြစ်ပြီး 2018 ခုနှစ်အတွက် A2 Level Grade A* ရရှိထားသူ 91% ရှိပါတယ်။INTO UEA Newton Programme ပြီးမြောက်သူတွေက ဆေးကျောင်းလျှောက်ထားမှုတွေမှာလည်း အောင်မြင်မှုနှုန်းက 92% အထိရှိပါတယ်။

    ဒါဆိုရင်တော့ UK မှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တွေကို တက်ရောက်ဖို့ စိတ်အားထက်သန်ပြီး
    Newton A level Programme မှာ ဘယ် Program တွေကို တက်ရောက်ရမလဲ ရွေးချယ်ရ
    ခက်နေတယ်ဆိုရင်တော့ EEVS မှာ အမြန်ဆုံးလာရောက်ဆွေးနွေးလိုက်တော့နော်။

    #LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon
    #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar


June 25, 2021

EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ UK နိုင်ငံရှိ University of Glasgow မှ သင်ကြားပို့ချပေးနေတဲ့ Masters in Health Service Management Program ပဲဖြစ်ပါတယ်။ 

Masters in Health Service Management Program သည် ထိရောက်သော ခေါင်းဆောင်မှုစွမ်းရည်နှင့် စီမံခန့်ခွဲမှုစွမ်းရည်တို့ကို အသုံးချကာ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ရည်ရွယ်ထားပါတယ်။ 

Masters in Health Service Management Programကို Full-Time တစ်နှစ်တက်ရောက်ရမည်ဖြစ်ပြီး Intake Season မှာ September ဖြစ်ပါတယ်။

course structure မှာ- 

Compulsory courses – all completed in semester 1 

Introduction to Management and Leadership in Health Services 

Contemporary issues in Human Resource Management (Biotechnology)

Marketing Management  (Biotechnology)

Research Approaches in Healthcare 

Managing Strategic Change (Biotechnology)

ထို့အပြင် optional courses ၃ခုထပ်မံရွေးချယ်ရန် လိုအပ်ပါတယ်။ course အသေးစိတ်ကို https://www.gla.ac.uk/postgraduate/taught/healthservicemanagement/#tab=structureတွင်ကြည့်နိုင်ပါတယ်။ 

Academic supervisor များနှင့် external supervisor များဖြစ်သော NHS senior managersများ၏ ကြီးကြပ်မှုဖြင့် MSc Health Services Management Project (60 credits) အတွက် research project တင်ပေးရပါမည်။ 

International ကျောင်းသားများအတွက် Fees အချို့ကိုဖော်ပြပေးလိုက်ပါတယ်။ 

Full-time fee: £23000

Fee for re-assessment of a dissertation (PGT programme): £370

Submission of thesis after deadline lapsed: £350

Registration/exam only fee: £170

Masters in Health Service Management Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ- 

Medicine, dentistry, nursing or other healthcare professions, Health sciences including health service management, Social sciences စသောသက်ဆိုင်ရာ ဘာသာရပ်တစ်ခုခုတွင် degree ရရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင် အတွေ့အကြုံ၆လရှိရမည်။ 

First Degree သည်အထက်ပါ ဘာသာရပ်များအတွက် မရှိပါက  health service management နယ်ပယ်တွင် အနည်းဆုံးလုပ်သက်၂နှစ်ရှိရမည်။

IELTS-  6.5 with no sub-test under 6.0

TOEFL – 90 with minimum R 20, L 19, S 19, W 23. 

PTE (Academic) – 60 with minimum 59 in all sub-tests.

Duolingo – 120 with 120 in two or more sub-scores including literacy and no subscore below 110 for direct entry

Scholarships အမျိူးအစားများစွာပေးအပ်လျက်ရှိပြီး အသေးစိတ်ကို https://www.gla.ac.uk/scholarships/search/#/applicant,pg,890   တွင်ကြည့်နိုင်ပါတယ်။ 

Private healthcare sector, charity organisations, local and international pharmaceutical industry များတွင် Health service အတွက် management level တွေမှာဝင်ရောက်လုပ်ကိုင်လိုသူများအတွက် ဒီ Programက အသင့်လျော်ဆုံးပဲဖြစ်ပါတယ်။

 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

June 25, 2021

EEVS Medical Week အတွက် ယနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့  UK ရှိ University of Lincoln မှ သင်ကြားပို့ချပေးနေတဲ့ BA (Hons) Applied Social Science program ပဲဖြစ်ပါတယ်။

 BA(Hons) Applied Social Science ဘာသာရပ်ကို University of Lincoln ၏ ကျောင်းဖြစ်သော School of Health and Social Care ၏ Brayford Pool campus တွင် တက်ရောက်ရမှာဖြစ်ပါတယ်။

 ၃ နှစ်တက်ရောက်ရမှာဖြစ်ပြီး Tuition fees-£14,400 per level  ကျသင့်မှာ ဖြစ်ပါတယ်။

၂၀၂၁ Intake အတွက် လက်ခံသော English test များမှာ IELTS, Duolingo, TOFEL IBT, PTE တို့ဖြစ်ပြီး အသေးစိတ်ကို https://www.lincoln.ac.uk/home/studywithus/internationalstudents/englishlanguagerequirementsandsupport/englishlanguagerequirements/ တွင် ကြည့်ရှုနိုင်ပါတယ်။ 

ပထမနှစ်တွင်  နိုင်ငံရေး ၊ လူမှု ဗေဒ၊ စိတ်ပညာ ၊ ဥပဒေ၊ အားကစား ၊ကျန်းမာရေး၊ ပညာရေးနှင့် လူမှု စောင့်ရှောက်ရေး များကို သင်ကြားရမှာဖြစ်ပါတယ်။ ဒုတိယနှစ် နှင့် တတိယနှစ်တွင် လူမှုရေးသိပ္ပံဆိုင်ရာ သုတေသနနည်းလမ်းများနှင့် အသက်မွေးဝမ်ကြောင်း စီမံကိန်းများကို သင်ကြားရပါတယ်။ 

နှစ်အလိုက် တက်ရောက်ရမည့် Module အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Year -1

  • Developing Individual in Society (Core)
  • Skills for Health and Social Care: for study and the workplace. (Core)
  • Social Issues and Social Justice (Core)
  • Human Bioscience (Option)
  • Legal Systems and Skills (Option) 

Year-2

  • Career Planning (Core)
  • Researching in Social Science (Core)
  • Debating Welfare States (Option)
  • Developmental Psychology (Option)
  • Human Rights Law in the UK (Option)

Year -3

  • Final Year Project (Core)
  • Work Opportunities Study (Core)
  • Analysing the Policy Process (Option)
  • Autistic Spectrum Disorders (Option)

ကျောင်းသားများအနေဖြင့် စာသင်နှစ်အတွင်း လက်တွေ့လုပ်ငန်း အတွေ့အကြုံ သုံးကြိမ်ရရှိမှာ ဖြစ်ပါတယ်။ Work Placement Year အနေဖြင့် ဒုတိယနှစ်နှင့် တတိယနှစ်တို့တွင် UK သို့မဟုတ် နိုင်ငံရပ်ခြားတွင် လက်တွေ့လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ Placement Year ရွေးချယ်သော ကျောင်းသား၊သူများအနေဖြင့် tuition fees ထပ်ပေးစရာ မလိုသော်လည်း ခရီးစရိတ်၊ နေထိုင်စရိတ်နှင့် အခြားကုန်ကျစရိတ်တို့ကို ပေးချေရပါမယ်။ 

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar