EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ UK နိုင်ငံရှိ University of Edinburgh မှသင်ကြားပို့ချပေးနေတဲ့ MSc Medicinal and Biological Chemistry Program ပဲဖြစ်ပါတယ်။
Medicinal and Biological Chemistry ဆိုသည်မှာ macromolecules မှ cellsများ၏ ဇီဝဗေဒဆိုင်ရာ တည်ဆောက်ပုံများ၊ ဓာတ်ခွဲခန်းရှိဆေးဝါးပစ္စည်းများဒီဇိုင်းနှင့်လက်တွေ့အခြေအနေများတွင် ၄င်းတို့၏လုပ်ဆောင်ချက်များကို လေ့လာရသော program ဖြစ်ပါတယ်။
Degree တွင်အဆင့်မြင့် lecture courses များဖြစ်သော Biological Chemistry, Biomacromolecules, Chemical Medicine, Biophysical Chemistry စသည်တို့ကိုလည်း ထည့်သွင်းသင်ကြားပေးပါတယ်။
Program ကိုတစ်နှစ် Full-Time တက်ရောက်ရမည်ဖြစ်ပြီး Medicinal and biological chemistry နယ်ပယ်ရှိ ထိပ်တန်းသုတေသီများက သင်ခန်းစာများကို ပို့ချပေးမှာ ဖြစ်ပါတယ်။
ပို့ချချက်များနှင့်အတူ tutorial များပါစစ်ဆေးမည်ဖြစ်ပြီး မေလတွင်ပြုလုပ်မည့် coursework နှင့်စာမေးပွဲမှ ရမှတ်များဖြင့် အကဲဖြတ်မည်ဖြစ်သည်။
Professional chemists များနှင့်သုတေသနဖြစ်စဉ်များအတွက် အရေးကြီးသည့် skillများဖြစ်သော science communication, data handling, statistics စသည်တို့တွင် အတွေ့အကြုံရှိစေရန်အတွက် training များထည့်သွင်းပေးလျက်ရှိပါတယ်။
MSc Medicinal and Biological Chemistry Program ကိုတက်ရောက်လိုသော နိုင်ငံတကာမှ ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ-
Honours degree (သို့) international standard နှင့်အညီ ဓာတုဗေဒအစိတ်အပိုင်းနှင့်အနီးကပ်ဆက်နွယ်မှု ရှိရမည်။
Supporting reference များနှင့်အတူ သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိရမည်။
IELTS Academic – total 6.5 with at least 6.0 in each component.
TOEFL-iBT (including Special Home Edition) – total 92 with at least 20 in each section.
CAE and CPE: total 176 with at least 169 in each paper
Intake – September
UK Government Funding များစွာပေးလျက်ရှိပြီး အသေးစိတ်ကို https://www.ed.ac.uk/student-funding/postgraduate/uk-eu/other-funding တွင်ကြည့်နိုင်ပါတယ်။
Career Opportunities များအနေဖြင့်လည်း chemical and pharmaceutical industriesများတွင်သာမက academia, education, scientific publishing, research-support sector, consultancy စသောနယ်ပယ်များတွင်ပါ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။
#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar