fbpx
February 2, 2022

US နိုင်ငံရှိ University များအကြောင်းဆွေးနွေးပွဲ။ 🤗
 
💭 US နိုင်ငံရဲ့ ပညာရေးစနစ်တွေ ဘယ်လိုရှိလဲ❓
 
💭 US နိုင်ငံမှာရှိတဲ့ University တွေရဲ့ အကြောင်း❓
 
💭 US နိုင်ငံရှိ University တွေရဲ့ ပညာရေးစနစ် ဘယ်လိုရှိလဲ❓
 
💭 US နိုင်ငံရှိ University တွေမှာ ဘယ်လို ပညာရပ်တွေ လေ့လာတက်ရောက်လို့ရလဲ❓
 
အခုလို မေးခွန်းမျိုးတွေအပြင် မိမိသိချင်တဲ့ မေးခွန်းတွေနဲ့ ပက်သက်ပြီးလည်း ဒီ Webinar ပွဲလေးမှာ ဝင်ရောက်ဆွေးနွေးမေးမြန်းနိုင်ပါတယ်။
 
သင်က US မှာ ကျောင်းသွားတက်ဖို့ စဉ်းစားထားတဲ့ သူဆိုရင် February 5 ရက်နေ့မှာ ပြုလုပ်မယ့် Webinar မှာဝင်ရောက် ဆွေးနွေးစုံစမ်းလိုက်ပါ။ 🤗
 
မိဘတွေအနေနဲ့လည်း မိမိတို့ရဲ့ သားသမီး ပညာရေးလမ်းကြောင်းနဲ့ပက်သက်ပြီး ဆွေးနွေးချင်လို့ရှိရင် ဒီ Webinar ပွဲလေးကို ဝင်ရောက်ပြီးဆွေးနွေးနိုင်ပါတယ်။ 🤗
 
📅 Date – 5 February, 2022
🕒 Time – 6:00 PM to 7:00 PM
 
▪️Webinar တက်ရောက်လိုပါက အောက်ပါလင့်ခ်မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။
👉 https://bit.ly/3GybCTn
 
Webinar Event Link 👇
https://fb.me/e/1WQXC4hIN
 
#LetsPlanYourCareerTogether
#RelyOnExperts
#StudyAbroadWithEEVS
February 2, 2022

𝐉𝐨𝐢𝐧 𝐏𝐓𝐄 𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬 𝐚𝐧𝐝 𝐆𝐞𝐭 $𝟓𝟎 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭
▪️UK, US, Australia, Canada အစရှိသည့် နိုင်ငံများသို့ သွားရောက်ပညာသင်ယူမည့် ကျောင်းသား/သူများအတွက် EEVS Myanmar မှ Professional PTE Preparation Class ကို Sydney PTE Study Center နှင့် ပူးပေါင်းဖွင့်လှစ်လျက်ရှိပါသည်။ 🙆‍♂️
🧑‍🏫👩‍🏫 EEVS Myanmar မှ ဖွင့်လှစ်ထားသည့် Professional PTE Preparation Class တွင် training period package ၁လ၊ ၃လ၊ ၆လ၊ ၁၂ လ ဟူ၍ training ကာလ အမျိုးမျိုးရှိပြီး package ယူထားတဲ့ ကာလအတွင်းတွင် class များ၊ feedbacks sessions များနှင့် learning resources များစွာက်ို unlimited access ရရှိမှာဖြစ်ပါတယ်။ 💁‍♂️
🔹Professional PTE Preparation တွင် ပါဝင်သော training sessions များမှာ –
• Live Class portal : Non-stop Live Training
• 20 PTE Topic Confidence Tracker
• Broadcast Video Lectures
• PTE Materials Portal
• AI-aided Practical Portal
• Intensive Exam Support
• 24/7 Video Lectures Portal
• Daily Q and A Support
• Guided Practice Support
• Daily Speaking Feedback
• Full Mock Test with Automated Scoring
• 1-on-1 Full Mock Test Feedback
• Topicwise 1-on-1 Intensive Feedback တို့ ပါဝင်ပါသည်။
▪️Professional PTE Preparation Class ၏ Package နှုန်းထားများမှာ –
📌 1-Month Package – $315
📌 3-Month Package – $395
📌 6-Month Package – $495
📌 12-Month Package – $695
▪️ဒါ့အပြင် ယခုလအတွင်း PTE Class ကို အပ်နှံသူများအတွက် $50 လျှော့ပေးသွားမှာဖြစ်ပါတယ်။ Professional PTE Preparation သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ်အကြောင်းရာများကိုအောက်ပါ Link တွင်လေ့လာနိုင်သည့်အပြင် EEVS ရဲ့ Messenger Chat-box မှာလဲ သိလိုသမျှကို လာရောက်မေးမြန်းနိုင်ပါတယ်။ 🙆‍♂️😇
January 31, 2022

𝐉𝐚𝐦𝐞𝐬 𝐌𝐚𝐝𝐢𝐬𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲
——————————
US နိုင်ငံရှိ 𝐉𝐚𝐦𝐞𝐬 𝐌𝐚𝐝𝐢𝐬𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ကနေ ပေးအပ်သွားမယ့် 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 အများဆုံး $8,000 ရရှိမယ့် အခွင့်အရေး ကိုပြောပြပေးသွားမှာပါ။ 🤩
လာမည့် 𝟮𝟬𝟮𝟮 ခုနှစ်တွင် 𝐉𝐚𝐦𝐞𝐬 𝐌𝐚𝐝𝐢𝐬𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ကနေပေးအပ်သွားမည့် 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 နှစ်မျိုးရှိပါသည်။
📌 Undergraduate Pathway Scholarship- $3,000 to $8,000
📌 Undergraduate Direct Admission Scholarships – $5,000
🔷 𝐉𝐚𝐦𝐞𝐬 𝐌𝐚𝐝𝐢𝐬𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 သည် နိုင်ငံတကာကျောင်းသားများအကြား ရေပန်းစား ကျော်ကြားပြီး Best Value U.S Colleges & Universities တွင် 113rd out of 1,204 အဆင့်ရှိသော တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ Harrisonburg, Virginia တွင်တည်ရှိပြီး အထင်ကရနေရာများဖြစ်သော Washington, D.C, Richmond တို့နှင့် နှစ်နာရီခန့်သာ ဝေးသော နေရာတွင် တည်ထောင်ထားပါတယ်။
🔷 College of Business, College of Education, College of Integrated Science and Technology စသည့် ကောလိပ်ကျောင်း (၇) ခုဖြင့် ဖွဲ့စည်းထားပြီး (48)နိုင်ငံမှ ကိုယ်စားပြု ကျောင်းသားများ ရှိကြပြီး China, Vietnam, South Korea နိုင်ငံမှ ကျောင်းသားအများစု ရှိကြပါတယ်။ ကမ္ဘာ့အဆင့်မီ သင်ကြားရေးနည်းပညာများနှင့် ပြည့်စုံသော ဝန်ဆောင်မှုများအပြင် Club, Sport Club, Entertainment, Educational events များနဲ့ Activities များစွာရှိတာကြောင့် မိမိဝါသနာပါရာကို ရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။
🔷 ယခု 𝐉𝐚𝐦𝐞𝐬 𝐌𝐚𝐝𝐢𝐬𝐨𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှပေးအပ်သော 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽𝘀 များနှင့်အတူ 𝗨𝗦 နိုင်ငံတွင်သွားရောက် ပညာသင်ကြားချင်ကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခု 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 ကိုအမြန်ဆုံးလျှောက်ထားရယူလိုပါက EEVS Myanmar ၏ Message Box မှ ဖြစ်စေ အောက်ပါဖုန်းနံပါတ်များမှ ဖြစ်စေ အသေးစိတ်မေးမြန်းလျှောက်ထားနိုင်ပါသည်။
◼ Scholarships များ နှင့် ပတ်သက်ပြီး အသေးစိတ်စုံစမ်းမေးမြန်းမှုများကို EEVS ၏ message box (သို့မဟုတ်) အောက်ပါ ဖုန်းနံပါတ်များမှ တစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
☎ 09 740969959, 09 740969956

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

January 31, 2022

𝐂𝐚𝐥𝐢𝐟𝐨𝐫𝐧𝐢𝐚 𝐒𝐭𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐄𝐚𝐬𝐭 𝐁𝐚𝐲
——————————————–
🔷 𝐂𝐚𝐥𝐢𝐟𝐨𝐫𝐧𝐢𝐚 𝐒𝐭𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐄𝐚𝐬𝐭 𝐁𝐚𝐲 သည် Public University တစ်ခုဖြစ်ပြီး 1957 တွင် စတင်တည်ထောင်ခဲ့ပါသည်။ 𝐂𝐚𝐥𝐢𝐟𝐨𝐫𝐧𝐢𝐚 𝐒𝐭𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐄𝐚𝐬𝐭 𝐁𝐚𝐲 တ္ငင် ကျောင်းသား၊ ကျောင်းသူဦးရေ 15,000 နီးပါးရှိပါသည်။ စတင်တည်ထောင်ခဲ့ချိန်တွင် ဆရာ၊ ဆရာမ 25 ယောက် နှင့် ကျောင်းသား၊ ကျောင်းသူ 293 ယောက်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။
🔷 𝐂𝐚𝐥𝐢𝐟𝐨𝐫𝐧𝐢𝐚 𝐒𝐭𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐄𝐚𝐬𝐭 𝐁𝐚𝐲 သည် ထူးချွန်ပြီး အရည်အချင်းရှိသော ကျောင်းသား၊ ကျောင်းသူပေါင်း 130,000 ကျော်ကိုမွေးထုတ်ပေးခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူဟောင်းများသည် လုပ်ငန်းခွင်အနယ်နယ် အရပ်ရပ်တွင် ရာထူးကြီးကြီးများဖြင့် ဝင်ရောက်လုပ်ကိုင်နေကြသော သူများစွာရှိပါသည်။
𝐂𝐚𝐥𝐢𝐟𝐨𝐫𝐧𝐢𝐚 𝐒𝐭𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐄𝐚𝐬𝐭 𝐁𝐚𝐲 တွင် တက်ရောက်နိုင်သော Program များစွာရှိပါသည်။ မိမိကြိုက်နှစ်သက်ရာ လေ့လာချင်သော Program ကိုရွေးချယ်တက်ရောက်နိုင်ပါသည်။ 𝐂𝐚𝐥𝐢𝐟𝐨𝐫𝐧𝐢𝐚 𝐒𝐭𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐄𝐚𝐬𝐭 𝐁𝐚𝐲 တွင် တက်ရောက်နိုင်သော Program များမှာ-
📘Art and Design
📘Engineering and Project Management
📘Behavioral and Health Sciences
📘Health Care
📘Hospitality
📘Business and Management
📘Legal Studies
📘Medical
📘Construction and Sustainability
📘Sport Performance
📘Continuing Education for Licensure
📘Tech Bootcamps
📘Test Preparation
📘Corporate Training
📘Transportation
📘Cyber Security
📘Veterinary
📘Education
𝐂𝐚𝐥𝐢𝐟𝐨𝐫𝐧𝐢𝐚 𝐒𝐭𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐄𝐚𝐬𝐭 𝐁𝐚𝐲 သည် Ranking ကောင်းကောင်းရရှိထားသော တက္ကသိုလ်တစ်ခုလည်းဖြစ်ပါသည်။ 𝐂𝐚𝐥𝐢𝐟𝐨𝐫𝐧𝐢𝐚 𝐒𝐭𝐚𝐭𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲, 𝐄𝐚𝐬𝐭 𝐁𝐚𝐲 ရရှိထားသော Ranking များမှာ –
🌟10 Best Physical Therapy Schools in California – #1
🌟25 Best Master’s in Speech Pathology Schools 2020 – #2
🌟Best Undergraduate Engineering Programs – #129
🌟Regional Universities West – #71
🌟Best Undergraduate Teaching – #19
🌟Top Performers on Social Mobility – #34
🌟Top Public Schools – #34
January 26, 2022

𝐃𝐞𝐏𝐚𝐮𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲
————————–
ပညာသင်ဆု ရယူ၍ US နိုင်ငံမှာ ကျောင်းတက်ရောက်ပြီး ပညာရပ်တွေကို သင်ယူလိုပါသလား? 🤗
ဒါဆိုရင်တော့ US နိုင်ငံရှိ 𝐃𝐞𝐏𝐚𝐮𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ ပညာသင်ဆုရယူပြီး တက်ရောက်လိုက်ပါ။ 𝐃𝐞𝐏𝐚𝐮𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 နေ ပေးအပ်သွားမယ့် 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 အများဆုံး $𝟐𝟒,𝟎𝟎𝟎 ထိရရှိမယ့် အခွင့်အရေး ကိုပြောပြပေးသွားမှာပါ။ 🤩
 
လာမည့် 𝟮𝟬𝟮𝟮 ခုနှစ်တွင် 𝐃𝐞𝐏𝐚𝐮𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ကနေပေးအပ်သွားမည့် 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 သုံးမျိုးရှိပါသည်။
📌 Undergraduate Pathway Scholarship- $5,000 to $15,000
📌 Undergraduate Direct Admission Scholarships – $15,000 to $24,000
📌 Graduate Pathway Scholarships – $4,000
🔷 𝐃𝐞𝐏𝐚𝐮𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 သည် Chicago အနီးတစ်ဝိုက်တွင် campus ငါးခုရှိပြီး အဓိကcampus များဖြစ်သော Loop နှင့် Lincoln Park campuses များသည် downtown တွင်တည်ရှိပါတယ်။ Individual academic collegesများဖြစ်သောCollege of Education, College of Liberal Arts and Social Sciences နှင့် Driehaus College of Business သည် campus တစ်ခုတည်းတွင်သီးခြားတည်ရှိပါသည်။
🔷 ကျောင်းသားဆရာအချိုး 16:1 ရှိပြီး ၂၀၂၁ခုနှစ် အကောင်းဆုံး National Universities များစာရင်းတွင် ranking #124 ရရှိထားပါသည်။
🔷 𝐃𝐞𝐏𝐚𝐮𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 တွင်တက်ရောက်လိုသော နိုင်ငံတကာကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-
IELTS – 6.5
TOEFL – 80
SAT – 1145
ACT – 25
🔷 ကျောင်းသားများအတွက် Career Center ထားရှိပေးပြီး career readiness ရှိစေရန် ပြင်ဆင်ပေးခြင်း၊ Internship များချိတ်ဆက်ပေးခြင်း၊ Job Fairs များနှင့် On-Campus Interview များကိုလည်း စီစဉ်ပေးထားပါသည်။
🔷 ယခု 𝐃𝐞𝐏𝐚𝐮𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှပေးအပ်သော 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽𝘀 များနှင့်အတူ 𝗨𝗦 နိုင်ငံတွင်သွားရောက် ပညာသင်ကြားချင်ကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခု 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 ကိုအမြန်ဆုံးလျှောက်ထားရယူလိုပါက EEVS Myanmar ၏ Message Box မှ ဖြစ်စေ အောက်ပါဖုန်းနံပါတ်များမှ ဖြစ်စေ အသေးစိတ်မေးမြန်းလျှောက်ထားနိုင်ပါသည်။
 
◼ Scholarships များ နှင့် ပတ်သက်ပြီး အသေးစိတ်စုံစမ်းမေးမြန်းမှုများကို EEVS ၏ message box (သို့မဟုတ်) အောက်ပါ ဖုန်းနံပါတ်များမှ တစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
 
☎ 09 740969959, 09 740969956
 
October 28, 2021

ယခုပြောပြပေးမှာက နိုင်ငံတကာ ကျောင်းသား/သူများအကြားတွင် ပညာသင်ယူဖို့ အကောင်းဆုံးဟု သတ်မှတ်ခံထားရသော အမေရိကန်ရှိ မြို့များကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

  1. Boston

Boston မြို့သည် အမေရိကန်နိုင်ငံတွင် အကောင်းဆုံး ကျောင်းသားမြို့တော်အဖြစ် အသိအမှတ်ပြုခံထားရပြီး ကမ္ဘာပေါ်ရှိ ထိပ်တန်းတက္ကသိုလ်ကျောင်းများတွင် ပါဝင်သော Massachusetts Institute of Technology (MIT) နှင့် Harvard University တို့တည်ရှိရာမြို့ ဖြစ်ပါတယ်။ Boston မြို့တွင် အဖွဲ့အစည်းများစုက ကျောင်းသားများအတွက် အထူးလျှော့ဈေးရှိသော metro pass များကို စီမံပေးထားသောကြောင့် သက်သာလွယ်ကူစွာ သွားလာနိုင်ပါတယ်။

  1. New York

နယူးယောက်မြို့သည် အမေရိကန်နိုင်ငံတွင် ဒုတိယ အကောင်းဆုံး မြို့တော်ဖြစ်ပြီး World Ranking အရ 19th နေရာတွင် တည်ရှိသော မြို့ ဖြစ်ပါတယ်။ လူဦးရေ ၂သန်းကျော်ရှိပြီး 1.5% သည် ကျောင်းသား/သူများ ဖြစ်ကြပါတယ်။ Columbia University, University of New York, Cornell University များတည်ရှိရာ NYမြို့သည် Brooklyn Bridge, Empire State Building, Central Park, Liberty စသည့် ထင်ရှားသော အဆောက်အအုံများကြောင့် ဗဟုသုတများစွာ ရှာဖွေနိုင်သော မြို့ပဲဖြစ်ပါတယ်။

  1. Los Angeles

Los Angeles မြို့သည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များကြီးများဖြစ်သော California Institute of Technology, University of California, Los Angeles (UCLA), University of Southern California ကျောင်းကြီးများတည်ရှိပြီး business, technology, science, fashion, medicine, sports စသည့် အမျိုးမျိုးသော နယ်ပယ်များတွင် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်သော မြို့လဲဖြစ်ပါတယ်။ နေရောင်ခြည်ကောင်းစွာ ရရှိပြီး နေထိုင်လို့ကောင်းသော မြို့ပဲဖြစ်ပါတယ်။

  1. San Francisco

San Francisco သည် အမေရိကန်နိုင်ငံတွင် လည်ပတ်မှု အများဆုံး မြို့ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးတက္ကသိုလ်များ ဖြစ်ကြသော Stanford University, University of California, Berkeley ကျောင်းများတည်ရှိရာ မြို့လည်း ဖြစ်ပါတယ်။ နှစ်သက်ဖွယ် လူနေထိုင်မှုပုံစံ၊ ဖော်ရွေတတ်မှု၊ လှပသော ရာသီဥတုများရှိခြင်းကြောင့် နိုင်ငံတကာကျောင်းသားများအကြား ရေပန်းစား ကြော်ကြားခြင်းဖြစ်ပြီး Google, Facebook, Apple စသည့် ကုမ္ပဏီများနှင့် နည်းပညာ ဖွံ့ဖြိုးသော မြို့ဖြစ်တာကြောင့် အတွေ့အကြုံနှင့် နည်းပညာ ဗဟုသုတများ ရှာမှီးလိုသူများအတွက် အကောင်းဆုံး ဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 10, 2021

▪️American နိုင်ငံရဲ့ ထိပ်တန်းမြို့ကြီးတွေထဲက တစ်ခုဖြစ်တဲ့ Boston မြို့မှ Suffolk University ဟာဆိုရင် Northern US တွင် Respected University တစ်ခုဖြစ်ပါတယ်။ Law, Art and Science and Business ဟူ၍ Campus ကြီး သုံးခု ခွဲထားပြီး ယနေ့ခေတ်လူငယ်များ စိတ်ဝင်စားမှု များသည့် Cybersecurity နှင့် Game Design Major များအပါဝင် ဘွဲ့ကြို ဘွဲ့လွန် Course ပေါင်းများစွာ Major များကိုပါ ရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ 🙆‍♂️

▪️ယင်း University ရဲ့ Business school ဟာဆိုရင် US ရဲ့အကောင်းဆုံး Business School များထဲမှ တစ်ခုဖြစ်ပြီး Law School မှာလည်း  World Rank ဝင် Major များကိုပို့ချလျက်ရှိပါတယ်။ ကျောင်းသား/သူ ပေါင်း 10,000 ကျော် မှာ ဋ္ဌာနပေါင်း 12 ခုကျော်တွင်  Major ပေါင်း 200 နီးပါးကို တက်ရောက် ပညာသင်ယူနေပါပြီး Best College for International Students တွင် Rank #7 ကိုရရှိထားပါတယ်။ 💁‍♂️

▪️တက်ရောက်နိုင်တဲ့ Fields တွေကတော့

📌Area, Ethnic, Culture, & Gender Studies

📌Biological & Biomedical Sciences

📌Business, Management & Marketing

📌Communication & Journalism

📌Communications Technologies & Support

📌Computer & Information Sciences

📌Engineering

📌English Language & Literature

📌Foreign Languages & Linguistics

📌History

📌Homeland Security, Law Enforcement & Firefighting

📌Legal Professions

📌Liberal Arts / Sciences & Humanities

📌Mathematics & Statistics

📌Multi / Interdisciplinary Studies

📌Natural Resources & Conservation

📌Philosophy & Religious Studies

📌Physical Sciences

📌Psychology

📌Social Sciences

📌Visual & Performing Arts တို့ပဲဖြစ်ပါတယ်။

▪️Annual Tuition Fees အနေနဲ့ကတော့ $40,000 ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။ 💁‍♂️

▪️တက်ရောက်လိုသော International Student များက English Requirements များအနေနဲ့

🔹TOEFL iBT score of 80, with no subscore lower than 17, or a minimal TOEFL Essentials overall band score of 8.5, with no subsection below 8,

🔹International English Language Testing System (IELTS). A minimum score of 6.5 (with no subscore below 6.0)

🔹PTE-Academic (Pearson Test of English). A minimum score of 65 

🔹Duolingo. A minimum score of 110  along with the following subscores:

Literacy: 110

Conversation: 100

Comprehension: 120

Production: 85

🏫 School Website – https://www.suffolk.edu/academics/global-engagement/study-abroad

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

October 10, 2021

🏫 Rice University

 

Rice University ဟာ Houston, Texas မှ university  တစ်ခုဖြစ်ပြီး ကျောင်းသား စုစုပေါင်းရဲ့ 70% ဟာ ကျောင်း ရဲ့ ကျယ်ဝန်းလှတဲ့ Hostel ဟာမှာပဲနေရင်း ပညာသင်ကြပါတယ်။ Rice University တွင် ဘာသာရပ်နယ်ပယ်ကြီး 6ခု မှ အရည်သွေးမြင့်မားတဲ့ ဘွဲ့ပေါင်း 180 ကျော်ကို နှစ်စဥ်သင်ကြားပို့ချလျက်ရှိပါတယ်။ ကျောင်းသား/သူ ဟောင်းများထဲ တွင် US လွှတ်တော်အမတ် များစွာ ၊ Astronaut 9 ဦး နှင့် ဘာသာရပ်နယ်ပယ်အလိုက် စံပြထူးချွန်သူ များစွာပါဝင်ပါတယ်။

🏫 Stanford University

World Rank-3 University ဖြစ်တဲ့ Stanford University ဟာဆိုရင် ကမ္ဘာကျော် Silicon Valley မှာတည်ရှိပြီး တီထွင်စမ်းသစ်မှုများစွာတို့ အတွက် နာမည်ကြီးလှပါတယ်။ ဧက 8,000 ကျော် Campus ကြီးထဲတွင် ကျောင်းသားပေါင်း 16,000 ကျော် ပညာသင်လျက်ရှိပါတယ်။ နိုဗယ်ဆုရှင် 19 ယောက်တိုကိုမွေးထုတ်ပေးခဲ့တဲ့ University ဖြစ်ပြီး Graduate များမှာလည်း Nike, Netflix, Instagram အပါဝင် ကမ္ဘာ့ထိပ်သီး Company များတွင် အများစု အလုပ်လုပ်ကိုင်လေ့ရှိပါတယ်။

🏫 Massachusetts Institute of Technology (MIT)

MIT လို့ကမ္ဘာကျော်လူသိများတဲ့ ဒီ World Rank 1st University ဟာဆိုရင် လွတ်လပ်မှု၊ ဖန်တီးနိုင်မှု နှင့် လက်တွေ့ဆန်မှု တို့ကြောင့် နာမည်ကျော်ပါတယ်။ Noble ဆုရှင် 85 ယောက်တို့ရဲ့ University ဖြစ်ပြီး ကျောင်းသားပေါင်း 11,000 ကျော်တို့ရဲ့ ပညာရေးသာမက Student life ပါပြည့်ဝစေရန် အားကစားကွင်းများ၊ ပန်းခြံကြီးများစွာ ကို Campus ကြီးထဲမှာထည့်သွင်းထားပါတယ်။ ကျောင်းစထောင်သည်မှစ၍ ကျောင်းဆင်း ပေါင်း 4.5 သန်းကို Company ပေါင်း 3 သောင်း ကျော်တွင် အလုပ်ရရှိနိုင်ရန် ကူညီပေးခဲ့ပြီးဖြစ်ပါတယ်။

🏫 Virginia Polytechnic Institute and State University

Virginia Tech ဟာဆိုရင် ခေါင်းဆောင်များနှင့် ကမ္ဘာ့ပြသာနာများကို အဖြေဖော်ထုတ်သူ များကိုပြင်ဆင်ပေးနေတဲ့ University တစ်ခုဖြစ်ပြီး ကျောင်းသား/သူ ပေါင်း 3 သောင်းကျော်ပညာဆည်းပူးလျက်ရှိပါတယ်။ လှပပြီး ခေတ်မှီလှတဲ့ Campus အဆောက်အုံများကိုပိုင်ဆိုင်ထားပြီး ပြင်ပမှ လုပ်ငန်းကြီများ လုပ်ငန်းသေးများနှင့်ပူးပေါင်းကာ နယ်ပယ်ဘာသာရပ်အလိုက် တီထွင်ဆန်းသစ်မှုများကို အဆက်မပြတ်ဆောင်ရွက် လျက်ရှိပါတယ်။

🏫 Yale University

ကမ္ဘာ့အဆင့် ၁၄ တွင်ရပ်တည်နေသော Yale University ဟာဆိုရင် 1701 ခုနှစ်ကတည်းက စတင်တည်ထောင်လာသော University ကြီးဖြစ်ပြီး Oxford, Cambridge တို့ကဲ့သို့ College အခွဲများစွာဖြင့် သက်ဆိုင်ရာဘာသာများကို ပို့ချလျက်ရှိပါတယ်။ US President 5 ယောက် တက်ရောက်ခဲ့တဲ့ University ကြီးဖြစ်ပြီး Noble Prize, Pulitzer Prize Winner များစွာကိုမွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Reference- https://www.timeshighereducation.com/student/best-universities/most-recommended-universities-united-states

October 5, 2021

🏫 Sanford University

▪️Sanford University ကတော့ 1841 ခုနှစ်ကတည်းက တည်ထောင်ခဲ့သော Homewood, Alabama မှာတည်ရှိတဲ့ Private University တစ်ခုဖြစ်ပါတယ်။ Student Population ၏ 66% မှာ US ရဲ့ State ပေါင်း 44 နှင့် ပြည်ပနိုင်ငံပေါင်း 140 မှကျောင်းသား/သူ များဖြစ်ကြပါတယ်။ University တက်ရောက်ရာတွေလည်း သိလိုရာအချက်လက်များနှင့် လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနိုင်ရန် ကျောင်းသားဟောင်းများဖြင့်ဖွဲ့စည်းထားသော Support Team လည်းရှိပါတယ်။

🏫 James Madison University

▪️Harrisonburg, Virginia တွင်တည်ရှိသော James Madison University ကတော့ မြန်မာနိုင်ငံသား Student များအသွားများသော Public Research University တစ်ခုဖြစ်ပါတယ်။ ကျောင်းသား/သူ များစွာ အကြိုက်တွေ့သောအချက်တွေကတော့ အဆင့်တန်းမြင့်မားသော စာသင်ခန်းကြီးများ၊ ကျောင်းသူ/သား များအတွက်နေရာထိုင်ခင်း ၊ မြောက်မြားစွာသော Sport Club, Organization များ နှင့် အခြား Student life Activity များစွာတို့ပဲဖြစ်ပါတယ်။

🏫 University of Notre Dame

▪️Private Catholic University တစ်ခုဖြစ်တဲ့ University of North Dame ဟာဆိုရင် Indiana ပြည်နယ်မှ University တစ်ခုဖြစ်ပြီး Media နှင့် သက်ဆိုင်သော Major များအတွကိနာမည်ကြီးပါတယ်။ Knowledge sharing, Debates, Faith Practise နှင့် Sports ဆိုင်ရာ Clubs ပေါင်း 400 ကျော်တည်ထောင်ထားပြီး ကျောင်းသား/သူ များ၏ စိတ်ကျေနပ်မူအပြည့်ဝဆုံးပေးနိုင်သော University များထဲမှတစ်ခုဖြစ်ပါတယ်။

🏫 University of Mary Hardin Boyer

▪️Texas ပြည်နယ်တွင်ပညာသင်ကြားလိုသော ကျောင်းသား / သူ များအတွက် University of Mary Hardin Boyer ကတော့ ကောင်းမွန်တဲ့ရွေးချယ်မူတစ်ခုဖြစ်မှာတော့အမှန်ပါ ။ ကျောင်းသား/သူများ ၏ Recommendation များကိုဂရုစိုက်ခြင်း ကြောင့် Local / International Student များကြားတွင်နာမည်ကြီးတဲ့ University တစ်ခုလည်းဖြစ်ပါတယ်။

🏫 University of Wisconsin-River Falls

▪️ University of Wisconsin-River Falls ကတော့ Public Liberal Arts University တစ်ခုဖြစ်ပြီး ကျောင်းသား များ၏ တစ်ဦး နှင့် တစ်ဦး ကူညီပေးနေသည့် Sustainable Community Department ကြောင့်လူသိများပါတယ်။ ၎င်း University မှကြီးမှူးကျင်းပပေးသော ဘာသာရပ်ဆိုင်ရာပွဲတော်များ၊ ပြပွဲများ၊ Career Fair နှင့် Student fair များစွာကို လည်း တစ်နှစ်ပတ်လုံး ကျင်းပပေးလျက်ရှိပါတယ်။

🗂 Reference- https://www.timeshighereducation.com/student/best-universities/most-recommended-universities-united-states

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 25, 2021

Drexel University သည် ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပြီး Philadelphia, Pennsylvania တွင်တည်ရှိပါတယ်။  ၁၈၉၁ ခုနှစ်တွင် Drexel Institute of Art, Science and Industry အဖြစ်စတင်တည်ထောင်ခဲ့ပြီး ၁၉၃၆ တွင် Drexel Institute of Technology ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။ Drexel University အဖြစ်ကိုတော့ ၁၉၇၀ ခုနှစ်တွင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Drexel University သည် အမေရိကန်နိုင်ငံတွင်းရှိ ထိပ်တန်း ပုဂ္ဂလိက ၁၅ ခုတွင်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျောင်းသား/သူပေါင်း ၂၄၀၀၀ ကျော်သည် undergraduate programs ပေါင်း ၇၀ ကျော်နှင့် master’s, doctoral နှင့် professional programs ပေါင်း ၁၀၀ ကျော်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိပါတယ်။ ဒါ့အပြင် ကျောင်းသား/သူများ၏ degree program များအလိုက် paid, full-time နှင့် part-time job များကို စီစဥ်ပေးလျက်ရှိပါတယ်။

Drexel University ကို

  • College Of Arts and Sciences, 
  • School of Biomedical Engineering,
  • Science and Health Systems, 
  • Lebow College of Business,
  • College of Computing & Informatics,
  • School of Education, and
  • College of Engineering တို့ဖြင့် ဖွဲ့စည်းထားပြီး ထင်ရှားသော ဘာသာရပ်များမှာ Mechanical Engineering, Accounting, Nursing စသော ဘာသာရပ်များဖြစ်ပါတယ်။ 

Tuition Fees အနေနဲ့ Undergraduate – 54,615 USD, Graduate – 36,021 USD ကျသင့်နိုင်မှာပဲ ဖြစ်ပါတယ်။ Intake များအနေဖြင့် Fall Intake, Winter Intake နှင့် Spring Summer Intake စသဖြင့် စာသင်နှစ်များကို သတ်မှတ်ထားပါတယ်။ 

Drexel University Ranking ၏ rankings များမှာ

#133-National University Ranking – US News & World Report 2021

#387-Global Universities – US News & World Report 2021

#351-400-University Ranking – THE (Times Higher Education) 2021

#601-650 -World University Ranking – QS 2021

#301-400 Universities Rankings – ARWU (Shanghai Ranking) 2020

 

University Website Link – https://drexel.edu 

တက်ရောက်နိုင်သော Degree program များကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://drexel.edu/search/?q=course is&t=web& 

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar