fbpx
September 24, 2021

▪️Civil Engineering ဘာသာရပ်ကို တက်ရောက်လိုသူများအတွက် အမေရိကန်နိုင်ငံရှိ University of Massachusetts,Lowell တွင် တက်ရောက်နိုင်သော M.Sc Civil Engineering Program ကို ဖော်ပြပေးလိုက်ပါတယ်။ 😇

▪️M.Sc Civil Engineering ဘာသာရပ် ကို University of Massachusetts Lowell မှ  ခေတ်မီ နည်းပညာများဖြင့် ပို့ချပေးလျက်ရှိသော Intensive program ဖြစ်ပါတယ်။ ထို ပရိုဂရမ်တွင် ကျောင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ကိုက်ညီသော သင်ကြားရေးနည်းစနစ် များကို အသုံးပြုထားပါတယ်။ 🙆‍♂️

▪️သင်ကြားရမည့် ဘာသာရပ်များမှာ

📚Physical and Chemical Treatment Processes

📚Physical and Chemical Hydrogeology

📚Environmental Aquatic Chemistry

📚Environmental Fate and Transport

📚Biological Wastewater Treatment တို့ဖြစ်ပါတယ်။

▪️Tuition Fees မှာ $29,841 USD/per year ကျသင့်နိုင်ပြီး တစ်နှစ်ကြာမြင့် မှာဖြစ်ပါတယ်။ Intake များအနေဖြင့် Sep -2022, January-2023 တွင် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။  🗓🙆‍♂️

▪️အင်္ဂလိပ်စာ လိုအပ်ချက်အနေဖြင့် IELTS-6.5 or TOEFL-80 ပြပေးရန် လိုအပ်ပါတယ်။ အခြားသော လိုအပ်ချက်များအနေဖြင့် တက္ကသိုလ် အောင်လက်မှတ်နှင့် အမှတ်စာရင်းများ၊ Bank Statement, CV တို့ကို ပြပေးရန် လိုအပ်ပါတယ်။ 🧾📋

🔍 Website- https://www.uml.edu/about/

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 23, 2021

▪️ယနေ့မှာတော့ အမေရိကန်နိုင်ငံ၏ SUNY Polytechnic Institute တွင် တက်ရောက်နိုင်သော Ms in Computer and Information Science ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️

▪️Computer and Information Sciences Department သည် SUNY Poly ၏ အကြီးဆုံး ဌာန ဖြစ်ပြီး Graduate program – 3, Undergraduate program – 4 ခုကို ပို့ချပေးလျက်ရှိပါတယ်။ 🏫📚

▪️Ms in Computer and Information Science ပရိုဂရမ်သည် သီအိုရီ နှင့် လက်တွေ့အသုံးချမှု နည်းပညာများကို အလေးပေး လေ့လာသော ပညာရပ်ဖြစ်ပါတယ်။ ကျောင်းသာများအနေဖြင့် လုပ်ငန်းခွင် နယ်ပယ်၊ စီးပွားရေးနှင့် ပညာရေး ကဏ္ဍ တွင် computer ဆိုင်ရာ နည်းစနစ်များနှင့် ပြသာနာ ဖြေရှင်းနည်းများကို လဲ သင်ကြားပေးလျက်ရှိပါတယ်။ 💁‍♂️

▪️၁၈ လကြာ တက်ရောက်ရမှာဖြစ်ပြီး Tuition fees- USD 21,186 ကျသင့်မှာ ဖြစ်ပါတယ်။

သင်ကြားရမည့် ဘာသာရပ်များမှာ 

•    programing language and software engineering,

•    systems and architectures, 

•    algorithms and theory, 

•    artificial intelligence and modeling

🗂ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://sunypoly.edu/academics/majors-and-programs/ms-computer-information-science.html

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 23, 2021

▪️Graphic Design ဘာသာရပ်ကို လေ့လာလိုသူများအတွက် အမေရိကန်နိုင်ငံ University of Illinois Chicago ၏ College of Architecture, Design and the Arts တွင် တက်ရောက်နိုင်သော Bachelor of Design in Graphic Design ဘာသာရပ်နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။ 🙆‍♂️

 

▪️Bachelor of Design in Graphic Design ဘာသာရပ်သည် School of Design ဌာန တွင် တက်ရောက်ရမှာဖြစ်ပြီး နာရီပေါင်း ၁၃၃ နာရီကြာတက်ရောက်ရမှာဖြစ်ပါတယ်။ တစ်နှစ်လျှင် Tuition Fees – USD 29,662  ကျသင့်မှာဖြစ်ပြီး  လုပ်ငန်းခွင် နယ်ပယ်သို့တိုက်ရိုက်ဝင်ရောက်နိုင်ရန် လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ 💁‍♂️

▪️Minimum GPA – 2.75/4.00 လိုအပ်ပြီး ၄ နှစ်ကြာတက်ရောက်ရမှာ ဖြစ်ပါတယ်။ English Proficiency အနေဖြင့်

•    TOEFL : 80

•    IELTS : 6.5 (With minimum 6 in each band)

•    PTE : 54 (With 47 in Listening, 56 in Writing, 51 in Reading and 53 in Speaking)

▪️ဘွဲ့ရပြီးပါက လုပ်ကိုင်နိုင်သော ထိပ်တန်းလုပ်ငန်းခွင် များကို ဖော်ပြပေးလိုက်ပါတယ်။ 

•    Graphic designer

•    Creative director

•    User experience (UX) designer

•    User interface (UI) designer

•    Production artist

•    Product developer

•    Art director

•    Marketing specialist

•    Multimedia artist or animator

▪️သင်ကြားရမည့် ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://catalog.uic.edu/ucat/colleges-depts/architecture-design-arts/des/bdes-gd/

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 22, 2021
👨‍🎓သြစတေးလျနိုင်ငံတွင် ပညာသင်ကြားဖို့ စဥ်းစားနေသော ကျောင်းသား/သူများအတွက် Australian Catholic University မှ ပေးအပ်မယ့် scholarship အကြောင်း မျှဝေပေးသွားပါမယ်။
🏫Australian Catholic University သည် သြစတေးလျနိုင်ငံ၏ အစိုးရတက္ကသိုလ်တစ်ခုဖြစ်ပြီး campus ၇ ခုဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် Rome တွင်လည််း campus တစ်ခုကို ယခုတိုင် ထိန်းသိမ်းထားပါသေးတယ်။ 📈Times Higher Education Impact Rankings အရ top 101–200 universities များတွင် ပါဝင်ပါတယ်။ Faculties လေးခုဖြင့် ဖွဲ့စည်းထားပြီး Bachelor, Master နှင့် Doctoral Degrees များကို သင်ကြားပို့ချလျက်ရှိပါသည်။
💸ယခုလိုမျိုး ကမ္ဘာ့အဆင့်မှီတက္ကသိုလ်တစ်ခုကနေ 2022, Semester 1 Intake အတွက် Tuition Fee 50% လျှော့ပေးသွားမှာဖြစ်ပါတယ်။ Scholarship က Undergraduate နှင့် Postgraduate ကိုတက်ရောက်မယ့် ကျောင်းသား/သူအားလုံး လျှောက်ထားနိုင်ပါတယ်။ International Student Scholarship က နှစ်စဥ် scholarships အခု ၂၀ ကိုပေးအပ်လျက်ရှိပါတယ်။ ဒီ Scholarship က အချိန်ကန့်သတ်ထားတဲ့ အတွက် လျှောက်ထားလိုသူများအနေနဲ့ စက်တင်ဘာ ၃၀ ရက်မတိုင်ခင် လျှောက်ထားဖို့တော့ လိုအပ်ပါတယ်။ ⏰
🕵️Scholarship နှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ အောက်ပါ ဖုန်းနံပါတ်များမှ တစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
☎️09751871589, 09790839290, 09751871587
September 16, 2021

▪️ဒီတစ်ခါမှာတော့ New York မြို့မှာ College တက်ဖို့ စိတ်ဝင်စားနေတဲ့ကျောင်းသား/သူများအတွက် City University of New York မှာဆက်လက်တက်ရောက်ခွင့်ရှိမယ့် City College of University အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ 1946 ခုနှစ်မှစတင်တည်ထောင်ခဲ့သောအဆိုပါ University ကြီးတွင် လက်ရှိ Student ပေါင်း 17,400 ကိုပညာရေးဝန်ဆောင်မှုများကို ပေးအပ်နေပါတယ်။ 😇

▪️City College အနေနှင့် အဆင့်တန်းမြင့်မား၍ အသိပညာကြွယ်ဝသော အလုပ်သမားနှင့် ခေါင်းဆောင်များကို မွေးထုတ်ပေးရန် အဓိကရည်ရွယ်ထားသော Associate နှင့် Baccalaureate Degree ပေါင်း 50 ကျော်ကိုသင်ကြား ပို့ချပေးလျက်ရှိပါတယ်။ 💁‍♂️

▪️ဤကျောင်းရဲ့အဓိက ဆွဲဆောင်မှုကတော့ နည်းပညာကျောင်းသူ/သားများအတွက် Professional Career အတွေ့ကြုံများရရှိစေရန် လက်ရှိ အလုပ်လုပ်ကိုင်နေသော on field graduates များနှင့်ပူးပေါင်းပြီး တီထွင်ကြံဆဖန်တီးနိုင်သော city tech ဟုခေါ်သည့်စမ်းသပ်ခန်းကြီးပဲဖြစ်ပါတယ်။ 🏫

▪️Graduates များအနေနှင့် architectural and engineering technologies, the computer, entertainment, and health professions, human services, advertising and publishing, hospitality, business, and law-related professions, as well as programs in career and technical teacher education အစရှိသောလုပ်ငန်းခွင်နယ်ပယ်ပေါင်းများစွာတွင် အသက်မွေးဝမ်းကျောင်းနိုင်တာကိုတွေ့ရပါတယ်။ 👨‍🎓👩‍🎓

▪️Tuition fees အနေနှင့် $620 per credit ကျသင့်မှာဖြစ်ပြီး intake အနေနဲ့  January 2022 အတွက်စတင်လျောက်ထားလို့ရပါပြီ။ 🖋

▪️English Requirement နှင့် အခြားအသေးစိတ်အကြောင်းရာတို့ကိုတော့ https://www.ccny.cuny.edu

မှာဝင်ရောက်လေ့လာနိုင်ပါတယ်နော်။ 🗂

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 13, 2021

▪️ရုပ်မြင်သံကြား အစီအစဉ်များ ၊ ပြည်တွင်းပြည်ပ သတင်း၊ အားကစားနှင့် အနုပညာ သတင်းများကို ကင်မရာ နောက်ကွယ် သို့ ကင်မရာရှေ့တွင် လုပ်ကိုင်လိုသော ဆန္ဒရှိသူများအတွက် အမေရိကန်နိုင်ငံရှိ Auburn University တွင် တက်ရောက်နိုင်သော Bachelor of Arts in Journalism ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️

▪️Bachelor of Arts in Journalism ဘာသာရပ်တွင် ရုပ်သံလွှင့်ခြင်းနှင့် Digital Platform များတွင် သတင်းတင်ပြခြင်း၊ စုစည်းခြင်းများနှင့် စာတမ်းရေးသားခြင်း၊ ထုတ်လုပ်ခြင်းများကို သင်ကြားရမှာ ဖြစ်ပါတယ်။ သတင်းတင်ဆက်သူ တစ်ယောက်အနေဖြင့် သတင်း အရင်းအမြစ်နှင့် မတူကွဲပြားသော သတင်းသစ်များကို ပြည်သူများထံ ပို့ဆောင်နည်းများ၊ ရုပ်သံလွှင့်ရာတွင် အသုံးပြုသော ပစ္စည်းကရိယာများ၊ သတင်းထုတ်လွှင့်သူတစ်ယောက်၏ သတင်း တင်ဆက်မှု ပုံစံများကို လေ့လာရမှာဖြစ်ပါတယ်။ 📺👩‍💼👨‍💼

▪️ကျောင်းသားများအနေဖြင့် on-air လက်တွေ့သင်ကြားမှုများနှင့် ဒီဂျစ်တယ် သတင်း ဘာသာရပ်များကို Auburn University နှင့် ချိတ်ဆက်ထားသော Raycom Media မှ ပစ္စည်းအစုံအလင်ဖြင့် လက်တွေ့ လေ့ကျင့်နိုင်ရန် ထောက်ပံ့ပေးထားပါတယ်။ သတင်း ပညာရပ်များသာမက ကျောင်းသားများအနေဖြင့် အမေရိကန်နိုင်ငံ၏ အစိုးရ၊ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အားကစားနှင့် ယဉ်ကျေးမှုများကိုပါ ရွေးချယ် တက်ရောက်နိုင်ပါတယ်။🙆‍♂️

▪️ဒီ Program ကို ၄ နှစ်ကြာ တက်ရောက်ရမှာ ဖြစ်ပြီး Tuition fees – USD 31,956 ကျသင့်မှာ ဖြစ်ပါတယ်။ 💵

▪️English Proficiency အနေဖြင့် TOEFL : 79 or IELTS : 6.5 or PTE : 53  တို့လိုအပ်ပါတယ်။📑

▪️သင်ကြားရမည့် ဘာသာရပ်၊ သင်ရိုးညွှန်းတမ်း အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 🔽

🔍https://www.cla.auburn.edu/cmjn/journalism-sports-production/curriculum-areas-of-emphasis/broadcast-journalism/

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 13, 2021

▪️ယနေ့မှာတော့ အမေရိကန်နိုင်ငံရှိ Baylor University တွင် တက်ရောက်နိုင်သော (MBA) with Cyber Security ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 💁‍♂️

▪️Cyber Security ဆိုသည်မှာ နည်းစနစ်၊ Network နှင့် ဂရိုဂရမ်များကို cyber-attack မှ  ကာကွယ်ခြင်းများ ပြုလုပ်ရတာဖြစ်ပါတယ်။ တိုးတက်လာသော ခေတ်အလျှောက် လုပ်ငန်းခွင် နယ်ပယ်တိုင်းသည် နည်းပညာကို မှီခိုအားထားလာကြပါတယ်။ 🙆‍♂️

▪️ယခု ပရိုဂရမ်တွင် လက်ရှိ စီးပွားရေးစီမံမှု နည်းစနစ်များကို နောက်ဆုံးပေါ် ခေတ်မီ နည်းပညာများဖြင့် လေ့လာရမှာဖြစ်ပါတယ်။ Baylor University ၏ MBA  နှင့် Certificate of Cyber Security များအောင်မြင်ပြီးပါက Cyber Security Consultant, Information Security Analyst, Project Manager, Network Administrator အနေဖြင့် လုပ်ကိုင်နိုင်ပါတယ်။ 👩‍💻👨‍💻

▪️၁ -၂ နှစ်ခန့် တက်ရောက်ရမှာ ဖြစ်ပြီး Tuition fees – USD 39,610 ကျသင့်မှာဖြစ်ပါတယ်။ 💵

▪️သင်ကြားရမည့် ဘာသာရပ်များမှာ

    ISEC 5305 Seminar in Information Security Foundations

    ISEC 5330 Cyber Security Policy and Planning

    ISEC 5320 Cyber Security Tech Factors

    ISEC 5340 Cyber Warfare, Threats, Vulnerabilities, and Countermeasures

🗂ပရိုဂရမ် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://www.baylor.edu/business/mba/index.php?id=966524

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 11, 2021

▪️ဒီတစ်ခါပြောပြပေးသွားမယ့် New York က Hofstra University ဟာ 1935 ခုနှစ်မှစပြီး ပညာရေးဝန်ဆောင်မှုတွေပေးလာတဲ့အဖွဲ့စည်းဖြစ်ပါတယ်။ နိုင်ငံပေါင်း 75 နိုင်ငံ မှ Undergraduate ကျောင်းသားပေါင်း 6000 ကျော်ပညာသင်ယူနေပြီး ဧက ပေါင်း 240 ကျော်ကျယ်ဝန်းတဲ့ campus ကြီးကိုပိုင်ဆိုင်ထားပါတယ်။ 🙆‍♂️

▪️Hofstra University သည် Lecture တစ်ခု တွင်လူဦးရေအနည်းငယ်သာထည့်သွင်းသင်ကြားစေခြင်း၊ Creativity နှင့် Knowledge ကိုအသားပေးတိုးမြှင့်ပေးခြင်း နှင့် Subject များစွာကိုရွေးချယ်ခွင့်ရှိခြင်းတို့က Hofstra University အားလူသိများကျော်ကြားစေခြင်းဖြစ်ပါတယ်။ 💁‍♂️

▪️ကျောင်းတက်နေစဥ် New York မြို့၏ မြို့နေလူမှုဘဝကိုအပြည့်ဝခံစားနိုင်သလို နေစရိတ်၊ စားစရိတ်တို့ကိုတစ်ဖက်တစ်လမ်းမှဖြေလျော့ပေးနိုင်သော Part-Time jobs နှင့် Internship အခွင့်ရေးများစွာကလည်းသင့်ကိုစောင့်ကြိုနေမှာဖြစ်ပါတယ်။ ဘွဲ့ရပြီးပါက Master, PhD များကိုဆက်လက်တက်ရောက်နိုင်သကဲ့သို့ Hofstra Graduate Program မှလည်း ကျောင်းသား/သူများအား အလုပ်အကိုင်ရရှိရေး၊ Career တိုးတက်ရေးများကိုကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ 😇

▪️ရွေးချယ်တက်ရောက်နိုင်သောဘာသာရပ်များမှာ

📚Arts & Humanities

📚Business

📚Communication

📚Education

📚Engineering & Applied Sciences

📚Health

📚Interdisciplinary

📚Sciences

📚Social Sciences တို့ပဲဖြစ်ပါတယ်။ 

▪️Intake အနေနဲ့ September နဲ့ January လများမှာရှိပါတယ်။ Average International Tuition Fees အနေနဲ့  Term တစ်ခုကို USD 25,000 ဝန်းကျင်ကျသင့်မှာပါ။

International Students များအတွက် လိုအပ်သော English Requirement များက  

📌IELTS – 6.5 

📌TOFEL exam – 80

📌PTEA – 53 

📌Duolingo – 120 တို့ကိုရရှိရန်တော့လိုအပ်ပါတယ်။ 

🗂 အသေးစိတ်ကိုတော့ https://www.hofstra.edu မှာလေ့လာနိုင်ပါတယ်နော်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 9, 2021

▪️1949 ခုနှစ်ကစတင်ပြီးတည်ထောင်ခဲ့တဲ့ George Mason University ဟာ Times University ranking အရ အဆင့် 250 – 300 ကြားတွင်တည်ရှိပါတယ်။ 💁‍♂️

▪️Campus အနေနဲ့ ကတော့ Virginia States ထဲတွင် ဧက 600 ကျော်ကျယ်ပြန့်သော Woodland Main Campus ကြီးနှင့် Campus 3 ခုရှိပြီး Korea နိုင်ငံတွင် Campus 1 ခုဖွင့်လှစ်ထားပါတယ်။ Main Campus မှ အမေရိကန်နိုင်ငံရဲ့ မြို့တော်ဖြစ်သော Washington, D.C. သို့ 15 မိနစ်ခန့်သာ သွားလာရသောကြောင့် Company Headquarters များတွင်အလုပ်လုပ်ကိုင်နိုင်ရန် အခွင့်ရေးများ များစွာရှိနေပါတယ်။ George Mason University ၏အလုပ်ရနိုင်နှုန်းမှာ 80% ထိရှိပြီး ဘွဲ့ရသူများမှာ Virginia ပြည်နယ်မှ Graduates များထဲတွင်ဝင်ငွေအကောင်းဆုံးရရှိထားကြသူများလည်း ဖြစ်ပါတယ်။ 🙆‍♂️

▪️နိုင်ငံပေါင်း 130 ကျော်မှကျောင်းသား/သူ ပေါင်း 26000 ကျော်တက်ရောက်လျက်ရှိပြီး Undergraduate ကျောင်းသား/သူ များအနေနဲ့ရွေးချယ်စရာ major ပေါင်း 76 ခုအထိရှိပါတယ်။ Student life ခံစားနိုင်ရန် Student clubs ပေါင်း 500 ကျော်ရှိပြိး မြို့တော်နှင့်နီးစပ်သောကြောင့် Internship နှင့် Part-Time Opportunities များစွာရှိနေတာကိုလည်းတွေ့ရပါတယ်။ 😇

▪️International Students များအတွက် Annual fees အနေနဲ့ကတော့ $31000 ပတ်ဝန်းကျင် ခန့်ကျသင့်မှာဖြစ်ပါတယ်။ 💵

▪️International Student များအတွက် English Requirements အနေနဲ့ကတော့ 

📌IELTS – 6.5 ( no Band less than 6) 

📌TOFEL- 80 ( no band less than 18)

📌Duolingo- 110

📌Pearson Test of English- 59 တို့ကိုအနည်းဆုံးရရှိရန်လိုအပ်ပါတယ်။ 

🔍အသေးစိတ်လေ့လာလိုပါက https://www2.gmu.edu မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

September 8, 2021

▪️1877 တွင်စတင်တည်ထောင်ခဲ့သော University of Hartford သည် private institution ဖြစ်ပြီး undergraduate enrollment ပြုလုပ်ထားသော ကျောင်းသားစုစုပေါင်း  4,793 ဦးရှိပါတယ်။ 💁‍♂️

▪️Boston နှင့် New York မြို့ကြားရှိ Connecticut အလယ်ပိုင်းတွင် တည်ရှိကာ campus အကျယ်အဝန်းမှာ 320 ဧကကျယ်ဝန်းပါတယ်။ 🏫

▪️ကျောင်းသား၊ ဆရာအချိုး 8:1 ရှိပြီး ၂၀၂၁ခုနှစ် အကောင်းဆုံး National Universities များစာရင်းတွင် ranking #217 ရရှိထားပါတယ်။ 🙆‍♂️

▪️Undergraduate programs ပေါင်း ၁၀၀ကျော်နှင့် Graduate programs ပေါင်း ၆၄ ခုကို တက္ကသိုလ်နှင့် ကျောင်း ၇ကျောင်းမှ တစ်ဆင့်သင်ကြားပို့ချက်ပေးလျက်ရှိပြီး ထင်ရှားသော ဘာသာရပ်များမှာ-

📚Business, Management, Marketing, and 📚Related Support Services

📚Visual and Performing Arts

📚Health Professions and Related Programs

📚Engineering

📚Engineering Technologies and Engineering-Related Fields

🔍 Programs များအသေးစိတ်ကို ဒီလင့်ခ် https://www.hartford.edu/programs-of-study/default.aspx တွင်ကြည့်နိုင်ပါတယ်။

▪️University of Hartford  တွင်တက်ရောက်လိုသော နိုင်ငံတကာကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-

📌SAT Range -1030-1230

📌ACT Range – 22-27

📌Avg. High School GPA – 3.45*

📌IELTS – 6.5 & Above

📌TOEFL: 79 & Above

▪️နိုင်ငံတကာမှ ကျောင်းသားများအတွက် Scholarships အစီအစဉ်များလည်းရှိပြီး နှစ်စဉ် Scholarships ထောက်ပံ့ငွေ $95 million အထိပေးလျက်ရှိပါတယ်။ 

▪️University of Hartford မှပေးအပ်လျက်ရှိသော Scholarships အမျိုးအစားများမှာ-

Academic Scholarships, Talent Scholarships, Connecticut Pledge, Hartford Scholars, Bloomfield Scholars, Graduate Assistantships, Transfer Scholarships, Program-Specific Scholarships, Scholarship for Current Students တို့ဖြစ်ပြီး အသေးစိတ်ကို ဒီလင့်ခ် https://www.hartford.edu/admission/scholarships/default.aspx တွင်ကြည့်နိုင်ပါတယ်။

🏫 School website – https://www.hartford.edu/

🗞 Reference – https://www.usnews.com/best-colleges/university-of-hartford-1422