fbpx
August 15, 2021

ယနေ့မှာတော့ ဂီတ ပညာရပ်ကို လေ့လာလိုသူများအတွက် The University of Connecticut ၏ School of Fine Arts တွင် တက်ရောက်နိုင်သော Bachelor of Arts in Music ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ 

Bachelor of Arts in Music ဘာသာရပ်သည် ဂီတ အနုပညာကို ကျယ်ပြန့်စွာလေ့လာလိုသော ကျောင်းသားများအတွက် အထူးသင့်လျော်သော ဘာသာရပ်ဖြစ်ပါတယ်။ ဂီတ သမိုင်း၊ သီအိုရီ ၊ သောတရုံ စွမ်းရည်၊ ကိရိယာများ အသုံးပြုပုံ သင်ခန်းစာများ၊ တူရိယာ အသုံးအဆောင်များ စသည် တို့ကို သင်ကြားပို့ချ ပေးလျက်ရှိပါတယ်။ Bachelor အောင်မြင်ပြီးလျင်လည်း Graduate program များကို The University of Connecticut ၏ School of Fine Arts တွင် ဆက်လက်တက်ရောက်နိုင်ပါတယ်။

၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး Tuition fees- USD 37,698 ကျသင့်ပါတယ်။ English proficiency အနေဖြင့် IELTS-6.5 လိုအပ်ပါတယ်။ 

သင်ခန်းစာ အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://music.uconn.edu/wp-content/uploads/sites/2451/2018/12/BA-Sample-Sequence.pdf

Website- https://music.uconn.edu/programs/undergrad/ba-music/

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

August 14, 2021
ဒီနေ့ ပြောပြပေးမဲ့ Program လေးက Contemporary Technology University ရဲ့ Master of Science in Computer Science with Specialization in Data Science Program ပဲဖြစ်ပါတယ်။ ဒီ Program က Data Scientist ဖြစ်ချင်တဲ့လူတွေအတွက် interpret data, formulate insights, managing large data sets, generating interesting visualizations စတဲ့ အကြောင်းတွေကို သင်ယူရမှာပဲဖြစ်ပါတယ်။
Master of Science in Computer Science with Specialization in Data Science Program က အခြေခံလိုအပ်တဲ့ပညာရပ်တွေကနေပြီး အဆင့်မြင့််ပညာရပ််တွေအထိပါ သင်ကြားရမှာပဲဖြစ်ပါတယ်။ အဲ့လိုသင်ကြားရမဲ့နေရာမှာလဲ Data Scientist တစ်ယောက်ဖြစ်ဖို့ အဓိကလိုအပ်တဲ့ statistical inference, machine learning, data visualization, data mining, နဲ့ big data methods ကိုသင်ကြားရမှာပဲဖြစ်ပါတယ်။
ဒီ Program က စုစုပေါင်း ၁နှစ်သင်ယူရမှာဖြစ်ပြီး semester ၄ခုပါဝင်ပါတယ်။ Semester တစ်ခုစီမှာ course ၃ခုနဲ့ project တွေကိုပြုလုပ်ရမှာပဲဖြစ်ပါတယ်။ သင်ကြားရမဲ့ course တွေကတော့ –
– Tools & Techniques for Data Science
– Statistics & Probability
– Data Cleaning
– Data Manipulation
– Data Visualization
– Machine Learning Fundamentals
– Deep Learning
– Data Algorithms & NLP
– Capstone Project in Data Science
ဒီ Program ကိုလေ့လာလိုတဲ့ ကျောင်းသားတွေအနေနဲ့ calculus, linear algebra, probability, computer programming, data structures, နဲ့ algorithms တို့ကို နားလည်တတ်မြောက်ထားဖို့လိုပါတယ်။ ထပ်ပြီးလိုအပ်တဲ့ Requirement တွေကတော့
IELTS – 5
TOFEL (iBT) – 71
TOFEL (PBT) – 530
Pearson (PTE) – 50 တို့လိုအပ်ပါတယ်။
Tuition Cost – $19,800
Program အသေးစိတ်ကို ဒီ link ကနေ https://contech.university/master-of-science-in-computer…/ ဝင်ကြည့်လို့ရပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 12, 2021

စျေးသက်သက်သာသာနဲ့ MBA တက်ဖို့စဥ်းစားနေတဲ့လူတွေအတွက် ရွေးချယ်စရာတက္ကသိုလ်တစ်ခုဖြစ်လာတဲ့ Contemporary Technology University (Contech) (USA)

Contemporary Technology University (Contech) (USA) ကတော့ Bureau for Private Postsecondary Education (BPPE) ကနေအသိမှတ်ပြုလက်မှတ်ရရှိထားတဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမြို့မှာတည်ရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ်ပဲဖြစ်ပါတယ်။ Contemporary Technology University က အရည်အချင်းပြည့်ဝပြီး လွတ်လပ်စွာတွေးခေါ်နိုင်တဲ့ လူငယ်များပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး Techonology နဲ့ဆိုင်တဲ့ Master Degrees များကို သင်ကြားပေးလျက်ရှိပါတယ်။

Contemporary Technology University (Contech) က education နဲ့  talent development industry ထဲကို ၂၀၁၅ ခုနှစ်ထဲကဝင်ရောက်လာခဲ့တာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၄၅၀၀၀ ကျော်ကိုမွေးထုတ်ပေးထားနိုင်ခဲ့ပါပြီ။ Contech က ယနေ့ခေတ်လျင်မြန်စွာ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေနဲ့ ကျောင်းသင်ရိုးညွှန်းတမ်းကြား ကွာဟမှုမရှိအောင်အမြဲဖြည့်တင်းလျက်ရှိပါတယ်။ အဲ့လိုဖြည်းတင်းတဲ့ အခါမှာလဲ Teaching Methods တွေကိုပဲပြုပြင်ပြောင်းလဲတာ မဟုတ်ပဲ ကျောင်းသား၊ ကျောင်းသူတွေအလုပ်ခွင်မှာ အံ့ဝင်ဂွင်ကျဖြစ်စေဖို့ကိုလဲ အလေးပေးတဲ့တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။ Contech မှာ အဓိကအားဖြင့် Computer Science, Data Science, Machine Learning & Digital Marketing တို့ကို သင်ကြားပေးလျက်ရှိပါတယ်။ 

Campus တွေကလဲ​ ပုံမှန် traditional campus-based တွေအစား tech-related companies တွေအများအပြားရှိတဲ့ နေရာတွမှာတည်ဆောက်ထားပါတယ်။ ဒါ့အပြင် San Francisco, New York, Berlin နဲ့  Singapore မြို့တွေမှာ ၃လစီပြောင်းပြီး သင်ကြားနိုင်အုံးမှာပါ။ အကယ်၍ Online Learning လုပ်ချင်တဲ့လူတွေအတွက်လဲ ၉လစာသင် ၃လလက်တွေ့ program လဲရှိပါသေးတယ်။ ဒါတွေတင်မကသေးပဲ Online Learning ကြီးပဲလုပ်လို့ရပါသေးတယ်။

Contech ကနေ သင်ကြားပေးနေတဲ့ Program တွေကတော့ – 

  • Master of Science in Digital Marketing
  • Master of Science in Computer Science – Data Science
  • Master of Science in  Computer Science – AI & Machine Learning 

International Students တွေအနေနဲ့လိုအပ်တဲ့  Program Requirement တွေကတော့

IELTS – 5

TOFEL (iBT) – 71 

TOFEL (PBT) – 530

Pearson (PTE)50 တို့လိုအပ်ပါတယ်။

Tuition Cost – $18,000 – $19,800

အသေးစိတ်ကို ဒီ link လေးကနေ https://contech.university/ ဝင်ကြည့်လို့ရပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 9, 2021
ဒီနေ့မှာတော့ အမေရိကန်နိုင်ငံမှာ ကျောင်းတက်ဖို့စဥ်းစားနေတဲ့ လူငယ်တွေအတွက် ranking ကောင်းတွေ ရရှိထားတဲ့ ကျောင်းတစ်ကျောင်းနဲ့ မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။
အဲ့ကျောင်းကတော့ Embry-Riddle Aeronautical University ပဲဖြစ်ပါတယ်။ ဒီကျောင်းက US ရဲ့ အကောင်းဆုံး Online Bachelor’s Degree Program, အကောင်းဆုံး Engineering Programs ရယ် Best Online Bachelor’s Degree Programs for Veterans ဆိုတဲ့ ဆုတံဆိပ်တွေကို ရရှိထားတာပဲဖြစ်ပါတယ်။ ဒီ University ကနေ Certificate, Associate Degree, Bachelor, Master’s နဲ့ Ph.D. Program တွေကိုတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။
တက်ရောက်နိုင်မဲ့ Programs တွေကတော့ –
Applied Science
Aviation
Business
Computer & Techonolgy
Engineering
Security, Intellgience and Safety
Space တို့ပဲဖြစ်ပါတယ်။
Embry-Riddle Aeronautical University ကိုတက်ရောက်ဖို့အတွက် လိုအပ်တဲ့ requirements တွေကတော့ High school transcript နဲ့ ACT or SAT score တို့ပဲဖြစ်ပါတယ်။
ကျောင်းလျှောက်ဖို့အတွက် Application Fees အနေနဲ့ $50ကုန်ကျမှာဖြစ်ပြီး tuition fees အနေနဲ့ average $35,424 လောက်ကျသင့်မှာဖြစ်ပါတယ်။
အသေးစိတ်သိရှိချင်ရင်တော့ ဒီ link https://erau.edu လေးမှာဝင်ရောက်လေ့လာလို့ရပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

August 9, 2021
ယနေ့မှာတော့ Psychology ဘာသာရပ်ကို လေ့လာလိုသူများအတွက် အမေရိကန် နိုင်ငံ ၏ Pace University တွင် တက်ရောက်နိုင်သော Bachelor of Psychology ဘာသာရပ်ကို ဖော်ပြပေးလိုက်ပါတယ်။
စိတ်ပညာ ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ အပြုအမူများ၊ အတွေး ၊ မှတ်ဉာဏ်များနှင့် စိတ်ခံစားမှုများကို သိပ္ပံနည်းကျ လေ့လာသော ဘာသာရပ်ဖြစ်ပါတယ်။Pace University ၏ Bachelor of Psychology ဘာသာရပ်တွင် စိတ်ပညာ စမ်းသပ်ခြင်းများ၊ သက်ရှိ စိတ်ပညာ ၊ လူမှု စိတ်ပညာ၊ စိတ်ပညာ သမိုင်းကြောင်းများနှင့် အယူအဆ သဘောတရားများကို ပို့ချပေးလျက်ရှိပါတယ်။ သင်ကြားရမည့် ဘာသာရပ်များမှာ
• PSY 205 Statistics in Psychology and Allied Fields
• PSY 304 Social Psychology
• PSY 380 Experimental Psychology I
Program ကို ၄ နှစ် တက်ရောက်ရမှာဖြစ်ပြီး Tuition Fees- $45,832 ကျသင့်ပါတယ်။ English Proficiency အနေဖြင့် TOEFL-80, IELTS- 6.5, PTE-54 တစ်ခု ခု ပြပေးရန်လိုအပ်ပါတယ်။
ဘွဲ့ရပြီးပါက အသက်မွေးဝမ်းကြောင်းအနေဖြင့် ပညာရေး ၊ ကျန်းမာရေး၊ ဥပဒေ ၊ အားကစား ၊ ဆွေးနွေးခြင်းစသော မတူညီသော နယ်ပယ်များတွင် လုပ်ကိုင်နိုင်ပါတယ်။ လုပ်ကိုင်နိုင်သော နယ်ပယ်အချို့မှာ
• Clinical psychologist
• Experimental or research psychologist
• Human resources manager
• Industrial/organizational psychologist
• Marketing director
• Personal life coach
• School psychologist
• Social worker

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 19, 2021

📌Richard Bland College (RBC) သည် ၂နှစ်တက်ရောက်ရသော public junior college ဖြစ်ပြီး College of William & Mary နှင့်ချိတ်ဆက်ထားကာ Prince George County, Virginia တွင်တည်ရှိပါတယ်။

📌Richard Bland College (RBC) သည် ကျောင်းသားများအတွက် liberal arts tradition အရ
ပညာရေးဆိုင်ရာတိကျခိုင်မာသည့်အစီအစဉ်များမှတစ်ဆင့် strategic partnerships များနှင့်အတူ Virginia မှာရှိတဲ့ ranking မြင့်တက္ကသိုလ်တွေကို တိုက်ရိုက် transfer တက်ရောက်နိုင်ဖို့အတွက် foundation program တွေကိုသင်ကြားပေးပါတယ်။

📌RBC Global Student Success Program မှာ၂နှစ်တက်ရောက်ပြီးလျှင် Associate Degree ရရှိမှာဖြစ်
ပြီး William & Mary တွင်သာမက Virginia မှာရှိတဲ့ universities နဲ့ colleges ၄၀ကျော်မှာ 3rd year နှင့် 4th year ကို တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပြီး Bachelor Degree ရရှိမှာဖြစ်ပါတယ်။

📌တက်ရောက်နိုင်တဲ့ Associate Degree options တွေကတော့

Associate of Arts Degree (A.A.)
Associate of Science Degree (A.S.)
Associate of Science Degree – Behavioral Sciences (A.S.-Behavioral Science)
Associate of Science Degree – Business Administration (A.S.-Business Administration)
Associate of Science Degree – Math/Computer Science (A.S.-Math/Computer Science)
Associate of Science Degree – Physical Science (A.S.-Physical Science)
Associate of Science Degree – Life Science (A.S.-Life Science)
Associate of Science Degree – Clinical Lab Sciences (A.S.-Clinical Lab Sciences) တို့ပဲဖြစ်ပါတယ်။

📌Annual tuition fees (based on 30 credits per year) – $19710

📌တက်ရောက်လိုသော ကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ-

အထက်တန်း ပညာရေး ၁၂နှစ်ပြီးမြောက်ရမည်။

GPA – US 2.5 GPA
IELTS- 5.5
TOEFL – 69
Pearson Versant – 50
Duolingo – 95

📌Navitas Global Student Success Program မှ ပေးအပ်သော $2,000 အထိ Scholarship ကိုလည်း
လျှောက်ထားနိုင်ပါတယ်။ ထို Scholarship ကိုလျှောက်ထားနိုင်ရန်အတွက် undergraduate GSSP (သို့) Graduate GSSP program များကိုလျှောက်ထားရန်လိုအပ်ပါတယ်။

📌Undergraduate Global Student Success Program (GSSP)သည်ဘွဲ့ကြိုသင်တန်း၏ပထမနှစ်နှင့်ညီမျှပါတယ်။ GSSP ကို အောင်မြင်စွာပြီးဆုံးသွားသောအခါ ဘွဲ့ကြိုဒီဂရီဒုတိယနှစ်သို့တိုက်ရိုက်တက်နိုင်ပြီး လျှောက်ထားရန် SAT / ACT မလိုပါ။

📌Graduate Global Student Success Program (GSSP) သည် bachelor’s degree ပြီးသွားသော ကျောင်းသားများတက်ရောက်နိုင်သည့် a two-semester program ဖြစ်ပြီး master’s degree program တက်ရောက်နိုင်ရန်အတွက် additional academic နှင့် English support တွေလိုပါတယ်။ Program ပြီးပါက 12 credits ရရှိမည်ဖြစ်ပြီး master’s degree လျှောက်ထားရန်အတွက် GRE/GMAT မလိုပါ။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 18, 2021

📌University of Massachusetts—Boston သည် ၁၉၆၄ တွင်တည်ထောင်ခဲ့သော public institution
တစ်ခုဖြစ်ပါတယ်။

📌ဘွဲ့ကြိုကျောင်းသားစုစုပေါင်း ၁၂,၅၉၅ ရှိပြီး ၁၂၀ဧက ကျယ်ဝန်းသော campus ရှိပါတယ်။
University of Massachusetts—Boston သည် ၂၀၂၁ ခုနှစ်အကောင်းဆုံးကောလိပ်များ အဆင့်သတ်မှတ်ချက်တွင် #227 ရရှိထားပါတယ်။

📌ကျောင်းသားဆရာအချိုး ၁၆: ၁ ဖြစ်ပြီးကျောင်းတွင် ၃၆.၅% သောစာသင်ခန်းများတွင် ကျောင်းသားဦးရေ ၂၀လောက်သာထားရှိပါတယ်။ Undergraduate နှင့် Graduate Program ပေါင်း ၁၅၀ကျော်ကိုဖွင့်လှစ်ပေးထားပြီး အထင်ရှားဆုံး ဘာသာရပ်နယ်ပယ်များမှာ-

Business, Management, Marketing, and Related Support Services
Health Professions and Related Programs
Psychology
Social Sciences
Biological and Biomedical Sciences

📌Application deadline သည် March 1ဖြစ်ပြီး Application fees 100 USD ကုန်ကျမှာဖြစ်ပါတယ်။

📌Program များတက်ရောက်လိုသူများအတွက် ဝင်ခွင့်လိုအပ်ချက်များမှာ-

TOEFL IBT- 79-80
IELTS- 6.0
SAT – 480 or higher

Intake Seasons – Fall and Spring

📌Navitas Global Student Success Program မှ ပေးအပ်သော $2,000 အထိ Scholarship ကိုလည်း
လျှောက်ထားနိုင်ပါတယ်။ ထို Scholarship ကိုလျှောက်ထားနိုင်ရန်အတွက် undergraduate GSSP (သို့) Graduate GSSP program များကိုလျှောက်ထားရန်လိုအပ်ပါတယ်။

📌Undergraduate Global Student Success Program (GSSP)သည်ဘွဲ့ကြိုသင်တန်း၏ပထမနှစ်နှင့်ညီမျှပါတယ်။ GSSP ကို အောင်မြင်စွာပြီးဆုံးသွားသောအခါ ဘွဲ့ကြိုဒီဂရီဒုတိယနှစ်သို့တိုက်ရိုက်တက်နိုင်ပြီး လျှောက်ထားရန် SAT / ACT မလိုပါ။

📌Graduate Global Student Success Program (GSSP) သည် bachelor’s degree ပြီးသွားသော ကျောင်းသားများတက်ရောက်နိုင်သည့် a two-semester program ဖြစ်ပြီး master’s degree program တက်ရောက်နိုင်ရန်အတွက် additional academic နှင့် English support တွေလိုပါတယ်။ Program ပြီးပါက 12 credits ရရှိမည်ဖြစ်ပြီး master’s degree လျှောက်ထားရန်အတွက် GRE/GMAT မလိုပါ။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 18, 2021

📌Queens College သည် liberal arts and sciences Program များစွာအတွက် national reputation ကောင်းကောင်းရှိပါတယ်။ Graduate and undergraduate degrees, honors programs, research opportunities များစွာကိုသင်ကြားပေးလျက်ရှိပြီး အလုပ်သင်အစီအစဉ်များပါထည့်သွင်းပေးထားကာ ကျောင်းသားပေါင်း ၂၀၀၀၀ကျော် ပညာသင်ယူလျက်ရှိပါတယ်။

📌New Yorkရှိ လှပပြီး ၈၀ ဧကကျယ်ဝန်းသည့် campus တွင်တည်ရှိပြီး Princeton Review တွင် ၂၈နှစ်တိုင်တိုင် “Best Value College” အဖြစ်သတ်မှတ်ခံရပါတယ်။ Queens Collegeကို U.S. News, World Report, Forbes magazine တို့ကလည်း “Best Value College” အဖြစ်သတ်မှတ်ပေးကြပါတယ်။

📌ကျောင်းသားဆရာအချိုး ၁၆း၁ရှိပြီး Pre-College programs, Undergraduate programs နှင့် Graduate programs များစွာကိုသင်ကြားပေးလျက်ရှိပါတယ်။
ထင်ရှားသော ဘာသာရပ်နယ်ပယ်များမှာ-

Arts & Humanities
Education
Mathematics and Natural Sciences
Social Sciences
Business & Liberal Arts အစရှိသည်တို့ဖြစ်ပါတယ်။

📌Application fees မှာUndergraduate များအတွက် 65 USD ကုန်ကျပြီး Graduateများအတွက် 75 USDကုန်ကျမှာဖြစ်ပါတယ်။

📌Program များတက်ရောက်လိုသူများအတွက် ဝင်ခွင့်လိုအပ်ချက်များမှာ-
TOEFL iBT – 61
TOEFL PBT – 500
IELTS – 6
PTE – 53
SAT/ACT Scores SAT Required ( Middle 50% Range 1060 -1220)
GMAT/GRE Required for certain programs

Intake – Fall, Spring

📌Navitas Global Student Success Program မှ ပေးအပ်သော $2,000 အထိ Scholarship ကိုလည်း
လျှောက်ထားနိုင်ပါတယ်။ ထို Scholarship ကိုလျှောက်ထားနိုင်ရန်အတွက် undergraduate GSSP (သို့) Graduate GSSP program များကိုလျှောက်ထားရန်လိုအပ်ပါတယ်။

📌Undergraduate Global Student Success Program (GSSP)သည်ဘွဲ့ကြိုသင်တန်း၏ပထမနှစ်နှင့်ညီမျှပါတယ်။ GSSP ကို အောင်မြင်စွာပြီးဆုံးသွားသောအခါ ဘွဲ့ကြိုဒီဂရီဒုတိယနှစ်သို့တိုက်ရိုက်တက်နိုင်ပြီး လျှောက်ထားရန် SAT / ACT မလိုပါ။

📌Graduate Global Student Success Program (GSSP) သည် bachelor’s degree ပြီးသွားသော ကျောင်းသားများတက်ရောက်နိုင်သည့် a two-semester program ဖြစ်ပြီး master’s degree program တက်ရောက်နိုင်ရန်အတွက် additional academic နှင့် English support တွေလိုပါတယ်။ Program ပြီးပါက 12 credits ရရှိမည်ဖြစ်ပြီး master’s degree လျှောက်ထားရန်အတွက် GRE/GMAT မလိုပါ။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

July 17, 2021

📣သင့်ရဲ့ ပညာရေးအိမ်မက်ကို US, UK, Australia နိုင်ငံတွေရှိ ထိပ်တန်းတက္ကသိုလ်တွေမှာအကောင်အထည်ဖော်ချင်သူတစ်ဦးလား?

ဒါဆိုရင်တော့ အခုမိတ်ဆက်ပေးမယ့် Kaplan International Pathways Programs တွေက သင့်အတွက်ပဲဖြစ်ပါတယ်။

Kaplan International Pathway Programs တွေကတော့ Bachelor’s preparation(Foundation Certificate), Accelerated bachelor’s preparation (International Year One), Master’s preparationဖြစ်ပြီး မိမိရဲ့ ပညာရေးလိုအပ်ချက်အလိုက် ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Arizona State University, University of Connecticut, University of Liverpool, City, University of London, University of Newcastle, University of Adelaide အစရှိသော တက္ကသိုလ်များအပါအဝင် US, UK, Australia ရှိတက္ကသိုလ်ပေါင်း ၄၀ကျော်နှင့် ချိတ်ဆက်ထားပြီး Degree Program ပေါင်း ၄၁၀၀ကျော်ကို သင်ကြားပို့ချပေးနေပါတယ်။

Pathway program တွေ အတွက် တက်ရောက်နိုင်တဲ့ ဘာသာရပ်နယ်ပယ်တွေကတော့-
Art and Design
Business and Finance
Computing
Education
Engineering
Environmental and Agriculture
Hospitality and Tourism
Law
Marketing and Media
Science and Health
Social Sciences တို့ပဲဖြစ်ပါတယ်။

UK Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

ပညာရေး – အနည်းဆုံး ၁၁ နှစ်ပညာရေး
English language: UKVI IELTS 4.0 to 5.5 or accepted equivalent

Preparation course များသည် ၅လမှ ၁၅လအတွင်းကြာမြင့်နိုင်ပါတယ်။ သင်တန်းအချိန်ကာလသည် ကျောင်းသား၏ လိုအပ်ချက်နှင့် English level ပေါ်မူတည်ပြီး အမျိုးမျိုးကြာမြင့်နိုင်ပါတယ်။

US Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

အထက်တန်းအဆင့်ပြီးမြောက်ရမည်ဖြစ်ပြီး အနည်းဆုံး GPA 2.00 to 2.75 အထိရှိဖို့လိုအပ်ပါတယ်။
English language: minimum TOEFL 55 to 74

Preparation course များသည် ကျောင်းသား၏ လိုအပ်ချက်နှင့် English level ပေါ်မူတည်ပြီး
၄လမှ ၁၂လအတွင်းကြာမြင့်နိုင်ပါတယ်။

Australia Foundation Program တက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ-

အထက်တန်းအဆင့်ပြီးမြောက်ရမည်ဖြစ်ပြီး IELTS 5.5 အထိရှိဖို့လိုအပ်ပါတယ်။Preparation course များသည် ၈လမှ ၁၀လအတွင်းကြာမြင့်နိုင်ပါတယ်။

သင့်ရဲ့ နိုင်ငံတကာ ပညာရေးအိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက်ဆိုရင်
EEVS မှာ အမြန်ဆုံးလာရောက်ဆက်သွယ်စုံစမ်းလိုက်တော့နော်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar

 

July 7, 2021

EEVS မှဒီတစ်ခါ ပြောပြမှာကတော့ အမေရိကန်နိုင်ငံမှာ ပညာသင်ယူသင့်တဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ 

USA မှာပညာသင်ယူနေတဲ့ နိုင်ငံတကာကျောင်းသားပေါင်း တစ်သန်းကျော်ရှိပြီး နှစ်စဉ်နှစ်တိုင်း USA ရှိနိုင်ငံတကာကျောင်းသားအရေအတွက် တိုးပွားလာသည်နှင့်အမျှ ကျောင်းသားများကြား အကျော်ကြားဆုံး study destination တစ်ခုဖြစ်လာပါတယ်။ 

ဘာကြောင့် နိုင်ငံတကာကျောင်းသားအတော်များများက USA ရှိ colleges နဲ့ universities တွေကို ရွေးချယ်ကြတာလဲ?

အကောင်းဆုံးသော ပညာရေးစနစ်ရှိခြင်း

U.S. News & World Report အရ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များ၏ထက်ဝက်နီးပါးသည် USA တွင်ရှိပါတယ်။ USA သည် နယ်ပယ်အားလုံးနီးပါးတွင်ထူးချွန်သောပရိုဂရမ်များဖြင့်ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စနစ်တစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ဘွဲ့ကြိုလေ့လာမှုများမှ PhD အဆင့် Program များအထိ အမေရိကန်ရှိတက္ကသိုလ်များသည် ထိပ်တန်းအဆင့်ပညာရေးဆိုင်ရာအခွင့်အလမ်းများကိုပေးပါတယ်။ 

အမျိုးမျိုးသောပညာရေးအခွင့်အလမ်းများ ရှိခြင်း 

USA တွင် ထောင်ချီသော တက္ကသိုလ်နှင့် ကောလိပ်များစွာရှိပြီး ကျောင်း campus များသည် အခြားနိုင်ငံများရှိ campus များထက် ဆယ်ဆကျယ်ဝန်းပါတယ်။ USA တွင် လူတိုင်းအတွက် အဆင့်မြင့် ပညာရေးရှိပါတယ်။ အချို့ အမေရိကန်ကောလိပ်များနှင့်တက္ကသိုလ်များတွင် ပညာရေးဆိုင်ရာအခြေခံမူများကို အလေးပေးပြီး အချို့ကလက်တွေ့ကျသောအလုပ်အကိုင်နှင့်ဆိုင်သော ကျွမ်းကျင်မှုများကိုအလေးထားကြပါတယ်။ အချို့ကအနုပညာ၊ လူမှုရေးသိပ္ပံနှင့်နည်းပညာနယ်ပယ်များတွင်အထူးပြုကြပါတယ်။ ဒါကြောင့် မိမိလေ့လာချင်တဲ့ ဘယ်ဘာသာရပ်နယ်ပယ်တိုင်းအတွက်မဆို ရွေးချယ်စရာ Programs တွေ အမျိုးမျိုးရှိပါတယ်။ 

နောက်ဆုံးပေါ် နည်းပညာများရှိခြင်း 

USA ရှိ တက္ကသိုလ်များသည် နည်းပညာ၊ သုတေသနနှင့်နည်းစနစ်များအတွက် ခေတ်ရှေ့ပြေးလျက် ရှိပြီး ကျောင်းသားများအတွက် အကောင်းဆုံးဖြစ်နိုင်သည့် သင်ကြားရေးပစ္စည်းကိရိယာများနှင့်အရင်းအမြစ်များကို စီစဉ်ပေးလျက်ရှိပါတယ်။ မိမိ သင်ယူနေသော ဘာသာရပ် နယ်ပယ်သည် သိပ္ပံနှင့်အင်ဂျင်နီယာဘာသာရပ်များနှင့် တိုက်ရိုက်ပတ်သက်မှုမရှိသော်လည်း နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုပြီး သုတေသနပြုခြင်းနှင့်သတင်းအချက်အလက်များကိုရယူခြင်းတို့ကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်ပါတယ်။ 

သုတေသန၊ သင်ကြားရေးနှင့် Training များအတွက် အခွင့်အလမ်းများပေါများခြင်း 

ဘွဲ့လွန် Program အများစုတွင် သင်ကြားရေးနယ်ပယ်၏ရှုထောင့်အမျိုးမျိုးကိုလေ့လာနိုင်ပြီး ကျောင်းသားများအား teaching assistant နှင့် သုတေသနလက်ထောက်များဖြစ်လာစေရန်သုတေသနပြုခြင်းနှင့် စာသင်ကြားရေးအခွင့်အလမ်းများ ပေးပါတယ်။ နိုင်ငံတကာကျောင်းသားများသည်အမေရိကန်တက္ကသိုလ်များရှိ   ဆရာများနှင့်သုတေသီများဖြစ်လာကြပြီး အသစ်အသစ်သော စွမ်းရည်နှင့် တွေးခေါ်မှုများကို ယူဆောင်လာကြပါတယ်။ ဤလက်တွေ့ကျသောအတွေ့အကြုံများသည် အနာဂတ်အသက်မွေးဝမ်းကျောင်းတွင်လည်း ပြန်လည်အသုံးချနိုင်မှာဖြစ်ပါတယ်။ 

နိုင်ငံတကာကျောင်းသားများအတွက် Support Services တွေများစွာရှိခြင်း 

USA မှာပညာသင်ယူရခြင်းသည် အလွန်ကောင်းမွန်သောအခွင့်အရေးဖြစ်သော်လည်း တစ်ခါတစ်ရံ စိန်ခေါ်မှုများစွာကို တွေ့ကြုံရနိုင်ပါတယ်။ ကောလိပ်နှင့် တက္ကသိုလ်များရှိ international student office သည် မတူကွဲပြားသော ယဉ်ကျေးမှုနှင့် ပညာရေးစနစ်များကို လိုက်လျောညီထွေမှုရှိစေရန်ကူညီပေးပါတယ်။ USA တွင်ရှိနေသော ကာလတစ်လျှောက်လုံးတွင် visa status၊ ငွေကြေး အခြေအနေ၊ housing၊ အလုပ်အကိုင်အခွင့်အရေး၊ ကျန်းမာရေးနှင့် ပတ်သက်သော ကိစ္စများ အစရှိသည့် ကိစ္စများအတွက် မေးမြန်းမှုများကိုinternational student office မှ ဖြေကြားပေးမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၌ဘွဲ့ယူရန်ရွေးချယ်ပါက ဘွဲ့ရခါနီးလာသည်နှင့်အမျှကိုယ်ရေးရာဇဝင်နှင့်အလုပ်အကိုင်အကူအညီများကိုမကြာခဏပေးလေ့ရှိပါတယ်။

#LetsPlanYourCareerTogether#StudyInUSA

#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar