fbpx
June 18, 2021

Texas A & M University

အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော Texas A&M University သည် 1876 တွင်  အဆင့်မြင့်ပညာရေးကို တိုးမြှင့်ရန်ရည်ရွယ်သော public institutionအဖြစ်စတင်ခဲ့ပြီး ယခုအချိန်တွင် သုတေသနကို ဦးစားပေးသည့်အဓိကကျသော တက္ကသိုလ်တစ်ခုအဖြစ်ရပ်တည်နေပါတယ်။ 

Texas A&M main campus သည် College Station တွင်တည်ရှိပြီး ကျောင်းသား69,000 ကျော်နေထိုင်လျက်ရှိပါတယ်။ Galveston, Qatar, School of Law, Higher Education Center at McAllen, Health Science Center စသောcampusအခွဲများတွင် နေထိုင်သော ကျောင်းသားဦးရေ  5,200 ရှိပါတယ်။ 

ကျောင်းသားဆရာအချိုး 19:1 ရှိပြီး ၂၀၂၁ခုနှစ် အကောင်းဆုံး National Universities များစာရင်းတွင် ranking #66 ရရှိထားပါတယ်။ 

Academic colleges ၁၇ကျောင်းနှင့် branch campuses၂ကျောင်းနှင့်အတူ Texas A&M သည် ပြီးပြည့်စုံလွန်းသော တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။ Undergraduate programs ပေါင်း 130ခု၊ Graduate programs ပေါင်း 268ခုကိုသင်ကြားပို့ချပေးလျက်ရှိပြီး ထင်ရှားသော ဘာသာရပ်များမှာ- 

  • Engineering
  • Business, Management, Marketing, and Related Support Services
  • Multi/Interdisciplinary Studies
  • Agriculture, Agriculture Operations, and Related Sciences
  • Biological and Biomedical Sciences

programs များအသေးစိတ်ကို ဒီလင့်ခ် https://www.tamu.edu/academics/index.htmlတွင်ကြည့်နိုင်ပါတယ်။

Texas A&M University တွင်တက်ရောက်လိုသော နိုင်ငံတကာကျောင်းသားများအတွက် လိုအပ်သော သတ်မှတ်ချက်များမှာ- 

TOEFL score (from a test date within two years) –  80 i-BT (Texas A&M University does not accept the MyBest TOEFL score)

IELTS Academic test score – 6.0 overall band (Texas A&M University does not accept the IELTS General test)

PTE Academic score – 53

GRE Verbal Reasoning score –  at least 146 (subject to departmental approval)

GMAT Verbal Score – at least 22 (subject to departmental approval)

Application Deadline မှာ  December 1ရက်နေ့ဖြစ်ပြီး Application fees $90 ကုန်ကျမည်ဖြစ်ပြီး non-refundable ဖြစ်ပါတယ်။ 

Texas A&M Universityတွင် 43% သော full-time undergraduates များသည် need-based financial aidများကိုရလေ့ရှိပြီး ပျမ်းမျှ need-based scholarship(သို့) grant award  အတွက် $11,652 ထောက်ပံ့ပေးလျက်ရှိပါတယ်။ 

School Website – https://www.tamu.edu/

#LetsPlanYourCareerTogether#StudyAbroadWithEEVS#StudyInUSA#BestEducationConsultancyInYangon

#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar