EEVSမှ Medical Week အတွက် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ UK ရှိ The University of Manchester တွင် သင်ကြားပို့ချပေးနေတဲ့ MSc Clinical Dentistry (Paediatric Dentistry) program ပဲဖြစ်ပါတယ်။
The University of Manchester သည် UK နိုင်ငံတွင်း အကောင်းဆုံး တက္ကသိုလ်များတွင် နံပါတ် ၅ တွင်ရှိပြီး 2021 QS World University Ranking အရ ကမ္ဘာပေါ်ရှိ သွားဖက်ဆိုင်ရာ ဘာသာရပ်တွင် နံပါတ် ၃၁ တွင် ရပ်တည်လျက် ရှိပါတယ်။
MSc Clinical Dentistry (Paediatric Dentistry) သည် ကလေး သွားဖက်ဆိုင်ရာနှင့် ဆေးကုသမှု နည်းပညာများကို အဓိက သင်ကြားပေးသော ဘာသာရပ်ဖြစ်ပါတယ်။ Tuition Fees မှာ တစ်နှစ်လျှင် £47,000 ကျသင့်မှာဖြစ်ပြီး ၃၆ လ ကြာ တက်ရောက်ရပါမယ်။
English Proficiency အနေဖြင့် IELTS: Overall 6.5 (with no less than 6.0 in all components), TOEFL: 90(Minimum: Listening 20; Writing 20; Reading 20 and Speaking 20) လိုအပ်ပါတယ်။
သင်ကြားရာတွင် Lectures, Seminars, Practical skill sessions, Online learning စသဖြင့် ကလေး သွားဖက်ဆိုင်ရာ Specialist အရည်အသွေးများကို ပို့ချပေးလျက်ရှိပါတယ်။ သွားဖက်ဆိုင်ရာ ထူးခြားချက်များ၊ အနာတရ နှင့် သွားပိုးစားခြင်း စသော ဆေးဝါးကုသမှု လက်တွေ့ နည်းများကို The University Dental Hospital of Manchester တွင် လက်တွေ့ သင်ယူနိုင်ပါတယ်။
သွားဖက်ဆိုင်ရာ ဗဟုသုတများဖြစ်သော အကိုက်အခဲပျောက်ဆေးသုံးထားသော လူနာကို ကုသပုံ၊ စိတ်ငြိမ်ဆေး နှင့် ထုံဆေးများ စသော သင်ကြားမှုများနှင့် အတွေး အခေါ်များကို လက်တွေ့အပြင် နှုတ်ဖြင့် ဆွေးနွေးခြင်းများကိုပါ သင်ကြားပေးပါတယ်။ နှစ်အလိုက် တက်ရောက်ရသော Course unit များမှာ-
Year 1
- Research Methods
- Biostatistics
- Guidelines Development and Implementation
- CPD
- Clinical treatment and consultation sessions at University Dental Hospital of Manchester
- Clinical Skills Teaching
- Seminars
- Research Project
Year 2
- Continued Clinical Training
- Seminars
- Research Project
Year 3
- Seminars
- Continued Clinical Training
- Research Project
အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ပုဂ္ဂလိက သို့ သွားဖက်ဆိုင်ရာ ဆေးရုံများ၊ သုတေသနနှင့် သင်ကြားရေးပိုင်းများ ၊ သွားဖက်ဆိုင်ရာ ဆွေးနွေးပေးခြင်း လုပ်ကိုင်နိုင်နိုင်ပါတယ်။
#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar