EEVS မှဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ Poland နိုင်ငံမှာ ရှိတဲ့ ထိပ်တန်း Business Schools တွေအကြောင်းပဲဖြစ်ပါတယ်။
Poland နိုင်ငံရှိတက္ကသိုလ်များသည် Quality Education ကိုပေးနိုင်ရုံသာမက နိုင်ငံတကာက အသိအမှတ်ပြုထားသောကြောင့် စီးပွားရေးဘာသာရပ်များကို တက်ရောက်ပြီးသူများအနေဖြင့် Multinational Corporation တွေမှာဝင်ရောက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
Poland နိုင်ငံရှိ ထိပ်တန်းBusiness Schools များမှာ-
SGH Warsaw School of Economics
SGH Warsaw School of Economics ခေါ် Szkola Glowna Handlowa (SGH) သည် Poland တွင်
သက်တမ်းအရင့်ဆုံးကျောင်းဖြစ်ပြီး ဥရောပရှိထိပ်တန်းစီးပွားရေးကျောင်းများတွင် အဆင့်သတ်မှတ်ချက် ၉၀ရရှိထားပါတယ်။ Local သတင်းစာ “Rzeczpospolita”မှ ပိုလန်နိုင်ငံရှိအကောင်းဆုံးစီးပွားရေးတက္ကသိုလ်များအဆင့်သတ်မှတ်ခြင်းတွင် ပထမဝင်ပြီး 2018တွင် Perspektywy Educational Foundationမှ ထုတ်ပြန်သော ပိုလန်နိုင်ငံရှိအကောင်းဆုံး MBA programmes များစာရင်းတွင် ပထမရရှိထားပါတယ်။ MBA, doctorate, postgraduate, graduate, undergraduate degree programmes များအပြင် undergraduate level English courses များဖြစ်သော Global Business, Big Data (Advanced Analytics) အစရှိသော postgraduate courses များအပြင် Hotel Industry and Leisure Services အတွက် courses များပါသင်ကြားပို့ချပေးလျက်ရှိပါတယ်။ SGH တွင်နိုင်ငံတကာ ကျောင်းသားပေါင်း ၃၀၀ကျော်တက်ရောက်လျက်ရှိပြီး ကမ္ဘာအနှံ့ရှိတက္ကသိုလ် ၂၀၀ ကျော်နှင့်ပူးပေါင်းထားသောတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။
Poznań University of Economics and Business
Poznan University of Economics and Business – UEP ခေါ် Uniwersytet Ekonomiczny w Poznaniu ကို ၁၉၂၆ ခုနှစ်တွင် college of commerce အဖြစ်တည်ထောင်ခဲ့ပါတယ်။ Rzeczpospolita မှသတ်မှတ်ထားသော ပိုလန်နိုင်ငံရှိထိပ်တန်းစီးပွားရေးကျောင်းများအနက် Warsaw School of Economics နှင့် Kozminski University ပြီးလျှင် PUEBသည် တတိယနေရာတွင် ရှိပါတယ်။ ဒီ့အပြင် Eduniversal’s international ranking မှ Excellent Business School အမျိုးအစားအောက်တွင် ပထမနေရာ ရရှိထားပါတယ်။ Course ၁၄မျိုးသင်ကြားပေးလျက်ရှိပြီး Poznan တက္ကသိုလ်၏အဓိကဌာနများမှာ Economics, Informatics and Electronic Economy, International Economics, Commodity and Management စသည်တို့ဖြစ်ပါတယ်။ Superior Papers တွင် သုတေသနစာတမ်းများရေးသားသော စာရေးဆရာများအဖြစ် အရည်အချင်းပြည့်မီသောသုတေသီ ၅၁၈ ဦးမှ သင်ကြားပို့ချပေးနေပါတယ်။
Wroclaw University of Economics
Wroclaw University of Economics ကို ၁၉၄၇ခုနှစ်တွင်ပုဂ္ဂလိကစီးပွားရေးကျောင်းအဖြစ်စတင်တည်ထောင်ခဲ့ပြီး ၁၉၅၀ တွင် အစိုးရကျောင်းအဖြစ်ပြောင်းလဲခဲ့ပါတယ်။ မတူကွဲပြားသောဌာနခွဲများအောက်တွင် ပို့ချပေးသောဘာသာရပ်အမျိုးအစားများမှာ-
Economic Sciences
Economics, Management and Tourism
Engineering and Economics
Computer Science and Finance တို့ပဲဖြစ်ပါတယ်။
အခြားတက္ကသိုလ်တွေနဲ့ မတူတာကတော့ Wroclaw University of Economics မှာရှိတဲ့ ၀န်ထမ်းများက သုတေသနလုပ်ငန်းများစွာတွင် ထူးချွန်ပြီး သိပ္ပံပညာ၊ ပညာရေးနှင့်စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများစွာတွင် ပါဝင်ကာ ပြည်တွင်းနှင့်နိုင်ငံတကာဂျာနယ်များတွင်စာပေနှင့်ဆောင်းပါးများစွာကိုရေးသားလျက်ရှိပါတယ်။
#LetsPlanYourCareerTogether#StudyInPoland#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar