▪️EEVS မှဒီတစ်ခါပြောပြပေးချင်တာကတော့ UK နိုင်ငံမှာ ပညာသင်ယူလိုတဲ့ ကျောင်းသားတွေအနေနဲ့ UK မှာ Part-Time Jobs လုပ်ကိုင်တာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ 👨🎓👩🎓
▪️နိုင်ငံတကာကျောင်းသားများကြား Part-Time Jobs လုပ်ကိုင်လာတာတွေက ပိုမိုရေပန်းစားလာပါတယ်။ အပိုငွေရှာဖို့တစ်ခုတည်းအတွက်သာမက အလုပ်အတွေ့အကြုံ တွေရရှိဖို့အတွက်ပါ Part-Time Jobs တွေ လုပ်ကိုင်လာကြပါတယ်။ ကဲ ဒါဆို UK မှာ Part-Time Jobs လုပ်တာနဲ့ ပတ်သက်ပြီး သိချင်ရင်တော့ ပို့စ်လေးကို အဆုံးထိဖတ်ကြည့်နော်။ 🙆♂️
▪️UK အစိုးရသည် နိုင်ငံတကာကျောင်းသားများအတွက် အလုပ်အကိုင်၊ လုပ်ခလစာနှင့်
ပတ်သက်သည့် ညွှန်ကြားချက်များကို ရှင်းလင်းစွာချမှတ်ထားပါတယ်။ ကျောင်းသားများအနေဖြင့် ထို ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပြီး ကန့်သတ်ထားတဲ့ အလုပ်တွေကို မလုပ်ဖို့လည်း သတိပြုရပါမယ်။ 💁♂️
▪️တက္ကသိုလ်များတွင် Full Time ပညာသင်ကြားရန်စာရင်းသွင်းထားသည့်ကျောင်းသားများသည် တစ်ပတ်လျှင် နာရီ ၂၀ အလုပ်လုပ်ခွင့်ရှိပါတယ်။ 🏫
▪️Degree Program များအပြင် အခြား Program များတွင် စာရင်းသွင်းထားသည့် ကျောင်းသား/သူများသည် တစ်ပတ်လျှင် ၁၀ နာရီအလုပ်လုပ်ခွင့်ရှိပါတယ်။ 👨💻
▪️UK ရှိနိုင်ငံတကာကျောင်းသားတွေအနေနဲ့ Part-Time Jobs တွေဘယ်လိုရှာနိုင်လဲ?
- Local newspaper တွေက အလုပ်ခေါ်စာတွေ
- Online Job Portal တွေ
- တက္ကသိုလ်မှာရှိတဲ့ Career Team တွေမှာ guideline တွေရယူနိုင်ပါတယ်။
▪️On-Campus Part Time Job တွေကတော့ ကောလိပ်ကျောင်း အတွင်း အားလပ်ချိန်များတွင် အလုပ်လုပ်နိုင်ပြီးအပို ဝင်ငွေများရရှိနိုင်တာကြောင့် နိုင်ငံတကာကျောင်းသားတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ 😇
▪️On-campus jobs အများစုကတော့ libraries, bookstores, laboratories, computer labs, gym, receptions, cafeteria, campus guide အစရှိတာတွေမှာလုပ်ကိုင်ရတာဖြစ်ပါတယ်။ ကျောင်းတက်နေစဉ်ကာလမှာ တစ်ပတ်ကိုနာရီ ၂၀ အလုပ်လုပ်နိုင်ပြီး ကျောင်းပိတ်တဲ့ကာလတွေမှာ တစ်ပတ်ကိုနာရီ ၄၀ အလုပ်လုပ်နိုင်ပါတယ်။
▪️Off-Campus Part-Time Jobs တွေကတော့ အလုပ်အခွင့်အလမ်းရှာဖွေရတာ ပိုမိုလွယ်ကူတာကြောင့် ကျောင်းသားအများစုလုပ်ကိုင်လျက်ရှိပါတယ်။ Off-Campus Jobs အများစုကတော့ delivery boy, cashier, bookstore helper, grocery store helper, data entry operator, waiters/waitresses, call centers executive, swimming pool maintenance အစရှိတာတွေပဲဖြစ်ပါတယ်။
▪️Job roles တွေအလိုက် တစ်နာရီလျှင် ရရှိနိုင်တဲ့ လုပ်ခလစာများမှာ-
📌Helper at Retailer Shop – 8 to 9 Pound
📌Cashier – 8 to 10 Pound
📌Delivery Boy – 4 to 6 Pound per delivery
📌Clerk – 12 to 14 Pound
📌Library Assistant – 10 to 12 Pound
📌Waiters/waitresses -18 to 10 Pounds
▪️အသုံးများသော Job finding website တွေကတော့ https://www.studentjob.co.uk/part-time-job
💡https://uk.indeed.com/m/jobs?q=Student+Part+Time&l=London
💡https://uk.linkedin.com/jobs/part-time-jobs တို့ပဲဖြစ်ပါတယ်။
#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar