fbpx
September 26, 2021

University of Queensland

▪️ဒီတစ်ခါမှာတော့ Ranking ကောင်းကောင်း University များကိုသာတက်ရောက်လိုတဲ့ ကျောင်းသား၊ကျောင်းသူများအတွက် Australia နိုင်ငံမှအကောင်းဆုံး university တစ်ခုနဲ့မိတ်ဆက်ပေးလိုပါတယ်။ 🙆‍♂️

▪️ဒီ University ကတော့ Brisbane မြို့မှ University of Queensland ပဲဖြစ်ပါတယ်။ University of Queensland ဟာဆိုရင် 1909 ခုနှစ်မှစတင်ကာ ပညာရေးဝန်ဆောင်မူများကို ပေးအပ်လာတဲ့ သက်တမ်းရာကျော်ရှိတဲ့ University ကြီးတစ်ခုပဲဖြစ်ပြီး ကမ္ဘာ့ပညာရေးလောကတွင် အရှိန်ဝါကြီးမားလှသည့် Group of Eight ကိုစတင်တည်ထောင်ခဲ့သော university လည်းဖြစ်ပါတယ်။ 💁‍♂️

▪️University of Queensland ဟာ 2022 QS University Ranking အရ  World’s 47th Best University ဖြစ်ပြီး သြစတေးလျနိုင်ငံ၏ တက္ကသိုလ်များတွင် rankings အဆင့် 5 ရရှိထားတာပဲဖြစ်ပါတယ်။ 😇

▪️University of Queensland တွင် campus ကြိး 3 ခုရှိပြီး ကျောင်းသားပေါင်း 53600 ကျော် ပညာသင်ယူလျက်ရှိကာ ထိုကျောင်းသား/သူများထဲမှ 30% မှာ နိုင်ငံပေါင်း 130 ကျော်မှ International student များဖြစ်ပါတယ်။ ကျောင်းသား/သူများအတွက် ကျောင်းပြင်ပ school activities များအတွက် society နဲ့ clubs ပေါင်း 220 ကျော်ရှိပြီး စာအုပ်ပေါင်း 2.17 million ရှိသော library ကြီးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ 🏫

▪️စစ်တမ်းများအရ University of Queensland မှဘွဲ့ရသူများ၏ 78.2% သော ကျောင်းသား/သူများသည် ဘွဲ့ရပြီးနောက် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင် လုပ်ငန်းခွင်သို့ တိုက်က်ရိုက်ဝင်ရောက်နိုင်ကြောင်း တွေ့ရှိရပါတယ်။ 👩‍🎓👨‍🎓

▪️University of Queensland တွင်တက်ရောက်သင်ကြားနိုင်သောဘာသာရပ်နယ်ပယ်များမှာ

  • Agriculture and Environment
  • Architecture, Planning and Design
  • Arts, Humanities and Social Sciences
  • Business and Economics
  • Education
  • Engineering and Computing
  • Health and Behavioural Sciences
  • Law
  • Medicine
  • Science and Mathematics တို့ပဲဖြစ်ပါတယ်။

🔹 Intakes တွေအနေနဲ့တော့ February နဲ့ July intake ဆိုပြီး intake 2 ခုရှိမှာပဲဖြစ်ပါတယ်။

🔹 2021-2022 အတွက် Average international tuition fees (for both undergraduate and postgraduate) ကတော့ AUD 33,000 မှ AUD 46,000 အတွင်းကျသင့်နိုင်ပါတယ်။

🔹 English Requirements for (both undergraduate and postgraduate undergraduate and postgraduate)

IELTS- 6.5 ( no bands less than 6)

🔸 အသေးစိတ်ကို အောက်ပါလင့်ခ်တွင် လေ့လာနိုင်ပါသည်။

👁‍🗨 https://www.uq.edu.au/

#LetsPlanYourCareerTogether#StudyInAustralia#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar