UK နိုင်ငံမှာ သွားရောက်ပညာသင်ကြားမည့် နိုင်ငံတကာကျောင်းသားတွေ အတွက်UK မှာ အသုံးများသော application များအကြောင်းကို ပြောပြပေးချင်ပါတယ်။
Stint
UK မှာရှိတဲ့ နိုင်ငံတကာကျောင်းသားတွေ part-time jobs တွေရှာတဲ့အခါ အသုံးဝင်တဲ့ app ဖြစ်ပါတယ်။ Stint သည် အလုပ်ရှာဖွေတဲ့ app တစ်ခုဖြစ်ရုံသာမကပဲ မိမိ study schedule နှင့် အားလပ်ချိန်များအပေါ်မူတည်ပြီး အချိန်ပိုင်းအလုပ်များကိုရှာဖွေနိုင်မှာပါ။ Stint တွင် retailersများစွာရှိပြီး အချိန်ပိုင်းအလုပ်ခေါ်စာများကို မကြာခဏ ကြေညာသော စီးပွားရေးလုပ်ငန်းများစွာရှိပါတယ်။ ကျောင်းသားများသည် app တွင် အသေးစိတ်အချက်အလက်များကိုဖြည့်စွက်ပြီး မိမိနှင့် ကိုက်ညီမည့် အလုပ်အကိုင်များကိုစတင်ရှာဖွေနိုင်ပါတယ်။
University App
UK ရှိတက္ကသိုလ်အများစုတွင်ကိုယ်ပိုင် mobile app ရှိပါတယ်။ UK မှာပညာသင်ဖို့သွားတဲ့အခါ မဖြစ်မနေ download လုပ်ဖို့လိုအပ်တာကတော့ မိမိတက်ရောက်နေတဲ့ တက္ကသိုလ်က app ဖြစ်ပါတယ်။ပုံမှန်တက္ကသိုလ် app တွင်အီးမေးလ်၊ ဘာသာရပ်အချိန်ဇယား၊ ဟောပြောပွဲမှတ်စုများ၊တက္ကသိုလ်ရှိဖြစ်ရပ်များနှင့်ပတ်သက်သောအသိပေးချက်များနှင့် campus mapများပါဝင်မှာဖြစ်ပါတယ်။
Too Good To Go
UK စားသောက်ဆိုင်တွေမှာ အစားအစာတွေပိုလျံပြီးကျန်နေတာနဲ့ ပတ်သက်ရင် တင်းကြပ်တဲ့ ဥပဒေတွေရှိပါတယ်။ မရောင်းရတဲ့ အစားအစာတွေကို ဆိုင်ပိတ်ချိန်မှာ စနစ်တကျစွန့်ပစ်ရပါတယ်။Too Good To Go ဆိုတာကတော့ တစ်နေ့တာအတွက်ပိုလျံနေတဲ့အစားအစာတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးမယ့် restaurant တွေကို user တွေနဲ့ချိတ်ဆက်ပေးတာပဲဖြစ်ပါတယ်။ဒီ app သုံးပြီး အစားအသောက်ကောင်းကောင်းတွေကို ကုန်ကျစရိတ်သက်သာစွာဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Trainline
UK မှာပညာသင်နေတဲ့ ကာလအတွင်းမှာ tourist attractionနေရာတွေကို သွားရောက်လည်ပတ်တဲ့အခါ ရထားစီးပြီးလည်ပတ်တာကလည်း အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။Trainline app တွင် UK နှင့်ဥရောပတစ်ခွင်ရှိ ရထားလတ်မှတ်တွေကို ဈေးနှုန်းချိုသာစွာဖြင့် booking တင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ရထားအခြေအနေကို တိုက်ရိုက် ကြည့်ရှုနိုင်ပြီး ရထားအချိန်ဇယားများကိုစစ်ဆေးနိုင်သလို ရထားခရီးစဉ်များတွင်ငွေစုရန် SplitSave ကိုသုံးနိုင်ပါတယ်။
RefME
UK တက္ကသိုလ်တွေ မှာ ပညာရေးနဲ့ ပတ်သက်ပြီး စည်းကမ်းတင်းကြပ်ပါတယ်။coursework အဖြစ်တင်သွင်းရတဲ့ Essay နဲ့ စာတမ်းတစ်စောင်ချင်းစီမှာ ရည်ညွှန်းစာအုပ်မှအကြောင်းအရာများကိုဖော်ပြရန် (သို့) ထည့်သွင်းရန်အတွက်သင့်လျော်သောအညွှန်းများအမြဲတမ်းပါဖို့လိုပါတယ်။RefME app ကဒါနဲ့ပတ်သက်ပြီး ကူညီနိုင်ပါတယ်။ RefME ကိုသုံးပြီး reference book တွေမှာရှိတဲ့ barcode တွေကို scan ပြီး တက္ကသိုလ်မှသတ်မှတ်ထားတဲ့ ပုံစံအတိုင်းထည့်သွင်းနိုင်ပါတယ်။ RefME သုံး၍ ဖတ်စာအုပ်များ၏ဓာတ်ပုံများကိုရိုက်ကူးပြီးစာသားကို digital format အဖြစ်ပြောင်းနိုင်ပါတယ်။
#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar