▪️အင်ဂျင်နီယာ နယ်ပယ်သည် ကြီးမားကျယ်ပြန့်သော လုပ်ငန်းနယ်ပယ်တစ်ခုဖြစ်ပြီး လေ့လာစရာ ဘာသာရပ်တွေလဲ များပြားလှပါတယ်။ အခုလို လေ့လာစရာများပြားလှတဲ့ အင်ဂျင်နီယာ နယ်ပယ်များထဲမှ Chemical Engineering ဆိုတဲ့ Major ကို ဒီနေ့မှာ ကျွန်တော်တို့ EEVS မှ ပြောပြပေးသွားမှာပါ။
▪️Chemical Engineering ဆိုသည်မှာ ဓာတုစက်ရုံများလည်ပတ်နိုင်ရေး၊ ဓာတုစက်ရုံများအတွက် ဒီဇိုင်းရေးဆွဲခြင်းများနှင့် ဓာတုပစ္စည်းများ ထုတ်လုပ်ခြင်းအပြင် ထုတ်လုပ်မှုတိုးတက်ရေး နည်းလမ်းများကို လေ့လာရသော အင်ဂျင်နီယာနယ်ပယ်ကို ဆိုလိုတာပဲဖြစ်ပါတယ်။
▪️Chemical Engineers များသည် ကုန်ကြမ်းပစ္စည်းများကို စီးပွားရေးလုပ်ငန်းနယ်ပယ်များတွင် ပြန်လည်အသုံးပြုနိုင်ရေးအတွက် ကုန်ချောအဆင့်သို့ ပြောင်းလဲထုတ်လုပ်ခြင်း လုပ်ငန်းစဥ်များကို လုပ်ဆောင်ကြပါတယ်။ ၄င်းလုပ်ငန်းစဥ်များတွင် ကုန်ကြမ်းများအား သန့်စင်ခြင်း၊ သန့်စင်ပြီး ကုန်ကြမ်းများအား ဓာတုပစ္စည်းများနှင့် ရောစပ်ခြင်း၊ ပေါင်းစပ်ခြင်းများပြုလုပ်ပြီး တန်ဖိုးရှိသော ထုတ်ကုန်များအဖြစ် ထုတ်လုပ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းများ ပါဝင်ပါတယ်။
▪️Chemical Engineers များသည် ဓာတုဗေဒ၊ ဇီဝဗေဒ၊ ရူပဗေဒ၊ သင်္ချာနှင့် စီးပွားရေး အခြေခံသဘောတရားများကို အခြေခံ၍ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အစားအစာနှင့် စက်သုံးဆီများ၊ ဓာတုပစ္စည်းများအပါအဝင် အခြားသောထုတ်ကုန်များစွာကို ထုတ်လုပ်ကြပါတယ်။
▪️Chemical Engineers များသည် လုပ်ငန်းနယ်ပယ်အမျိုးမျိုးတွင် အလုပ်လုပ်ကိုင်လျက်ရှိကြပါတယ်။ ဥပမာအားဖြင့် ရေနံချက်စက်ရုံများတွင် ဓာတ်ဆီ၊ လေယာဥ်ဆီ၊ ဒီဇယ်လောင်စာဆီနှင့် ချောဆီများကိုထုတ်လုပ်ခြင်း၊ ကိုယ်ခန္ဓာထိန်းသိမ်း စောင့်ရှောက်မှုပစ္စည်းများဖြစ်သည့် ခေါင်းလျှော်ရည်နှင့် အသားအရည်ထိန်းသိမ်းမှု ပစ္စည်းများကို ထုတ်လုပ်ခြင်းစသည့် လုပ်ငန်းနယ်ပယ် အမျိုးမျိုးတွင် လုပ်ကိုင်လျက်ရှိကြပါသည်။
▪️Chemical Engineering သည် နည်းပညာပြဿနာများကို ဖြေရှင်းနိုင်ရန် ဓာတုဗေဒနှင့် အင်ဂျင်နီယာဘာသာရပ်၏ အခြေခံသဘောတရားများနှင့် ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် Chemical Engineer တစ်ယောက်ဖြစ်ဖို့ဆိုလျင် chemistry, mechanical engineering နှင့် fluid dynamics ဘာသာရပ်များကို အသေးစိတ်နားလည်ထားဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ကုန်ထုတ်လုပ်မှု နယ်ပယ်တွင် အလုပ်လုပ်ကိုင်ရန် စဥ်းစားထားသူများကတော့ structural engineering ကိုပါ နားလည် သဘောပေါက်ထားရန် လိုအပ်ပါတယ်။
▪️Chemical Engineers အလုပ်အကိုင် အခွင့်အလမ်းများသည် bachelor’s degree ရသည်နှင့် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်ပါတယ်။ တစ်ချို့သော လုပ်ငန်များသည်သာ လုပ်ငန်းအခြေအနေပေါ် မူတည်၍ master’s degree လိုအပ်ခြင်းဖြစ်ပါတယ်။ Chemical Engineer တစ်ယောက်၏ ပျမ်းမျှနှစ်စဥ် လုပ်ခလစာမှာ $108,540 ဖြစ်ပါတယ်။ ပညာရှင်များ၏ ခန့်မှန်းချက်အရ ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ Chemical Engineers အလုပ်အကိုင်အခွင့်အလမ်းများသည် ၄% အထိ တိုးတက်လာမည်ဟုခန့်မှန်းထားကြပါတယ်။
🔹References
https://en.wikipedia.org/wiki/Chemical_engineering
https://www.livescience.com/48134-what-is-chemical-engineering.html
https://www.bls.gov/ooh/architecture-and-engineering/chemical-engineers.htm
https://www.topuniversities.com/courses/engineering-chemical/guide
#LetsPlanYourCareerTogether
#BestEducationConsultancyInYangon
#BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar