fbpx
August 7, 2021

What is IELTS Indicator?

ယနေ့မှာတော့ IELTS Indicator နှင့် ပတ်သက်၍ မျှဝေပေးသွားပါမှာ ဖြစ်ပါတယ်။

IELTS Indicator ဆိုသည်မှာ IELTS (Paper Based Test) ကဲ့သို့မဟုတ်ဘဲ Computer based ဖြေဆိုရမှာ ဖြစ်ပါတယ်။ IELTS သည် ဖြေဆိုမည့် Center မှ မေးခွန်းထုတ်ပြီး စစ်ဆေးသော်လည်း IELTS Indicator မှမူ UK မှ တိုက်ရိုက်စစ်ဆေးသော Online test ဖြစ်ပါတယ်။ IELTS Indicator ဖြေဆိုပြီးနောက် ရလဒ်ကို တစ်ပတ်အတွင်း Gmail မှ တဆင့် လက်ခံရရှိမှာဖြစ်ပါတယ်။

IELTS ကဲ့သို့ပင် IELTS Indicator တွင် Listening, Reading, Writing, speaking ဖြေဆို ရမှာဖြစ်ပြီး Speaking Test ကို Video Call မှ တဆင့် ဖြေဆိုရမှာ ဖြစ်ပါတယ်။ ထို့အတူ IELTS နှင့် IELTS Indicator ၏ အမှတ်ပေးစည်းမျဉ်းမှာ အတူတူပင် ဖြစ်ပါတယ်။

စာမေးပွဲကြေးမှာ $149 USD ကျသင့်မှာဖြစ်ပြီး မေးခွန်းပုံစံမှာ

Listening- 30 mins(40 questions)
Reading- 60 mins ( 40 questions)
Writing – 60 mins (2 tasks)
Speaking – 11-14 mins ( 3 tasks over video call) ဖြေဆို ရမှာ ဖြစ်ပါတယ်။

IELTS Indicator မဖြေဆိုခင် မိမိ Laptop ၏ Speaker, Microphone, Camera တို့ကို ကြိုတင်စစ်ဆေးထားရပါမယ်။

မိမိ တက်ရောက်မည့် တက္ကသိုလ်မှ IELTS Indicator လက်ခံ၊ မခံကို ယခု Link တွင် စစ်ဆေးနိုင်ပါတယ်။

Who accepts IELTS Indicator scores – IELTS Indicator

#LetsPlanYourCareerTogether #BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar #ScholarshipsAndInternationalEducationMyanmar