fbpx
October 20, 2021

EEVS မှ ယခုတစ်ခါ ပြောပြပေးချင်တာကတော့ UK မှာ ပညာသင်ယူသင့်တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။

UK နိုင်ငံသည် နိုင်ငံတကာကျောင်းသားများ ပညာသင်ယူမှုအများဆုံး ဒုတိယနေရာမှာရှိဖြီး နိုင်ငံတကာကျောင်းသားပေါင်း လေးသိန်းကျော်တက်ရောက် ပညာသင်ကြားလျက်ရှိပါတယ်။

၁. နိုင်ငံတကာအသိအမှတ်ပြု ထိပ်တန်းပညာရေးစနစ်များရှိခြင်း

UK နိုင်ငံ၏ အဆင့်မြင့်ပညာရေးမှ Degree များသည် နိုင်ငံတကာမှ အသိအမှတ်ပြုခြင်းခံရပြီး

လေ့လာနိုင်တဲ့ ဘာသာရပ်နယ်ပယ်တွေကလည်း ကျယ်ပြန့်ပါတယ်။ British Higher Education Providers များသည် နိုင်ငံတကာတွင် အသိအမှတ်ပြုခံရပြီး ကျောင်းသားများကို အကောင်းဆုံးဖြစ်စေရန် ပံ့ပိုးပေးပါတယ်။

အခြားနိုင်ငံများနှင့်ယှဉ်လျှင် ပညာသင်ကာလတိုခြင်း

UK နိုင်ငံရဲ့ Degree Program များသည် အမေရိကန် နှင့် အခြားနိုင်ငံများနှင့်ယှဉ်လျှင် တက်ရောက်ရတဲ့ အချိန်နည်းတာကြောင့် အချိန်ကုန်ပိုသက်သာစေတဲ့အပြင် cost လည်းပိုသက်သာနိုင်ပါတယ်။ လေးနှစ်တက်ရောက်ရတဲ့ Program တွေက ခေတ်စားလာသော်လည်း UK မှာတော့ Degree Program အများစုက သုံးနှစ်ဖြစ်ပြီး Master Program များက တစ်နှစ်သာကြာမြင့်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းများ ပေါများခြင်း

UK တွင် နိုင်ငံတကာကျောင်းသားများ အနေဖြင့် ကျောင်းတက်နေစဉ်ကာလတွင် တစ်ပတ်လျှင် နာရီ ၂၀ အလုပ်လုပ်နိုင်ပါတယ်။ ပညာသင်နေစဉ်ကာလအတွင်းမှာ Part-Time Jobs (သို့) Internships များလုပ်ကိုင်နိုင်ပါတယ်။ အလုပ်သင်ဆင်းသည့် အစီအစဉ်တွေကိုလည်း တက္ကသိုလ်မှ ချိတ်ဆက် ဆောင်ရွက်ပေးတာမျိုးလဲရှိပါတယ်။ QS Graduate Employability Rankings 2019 အရ UK တက္ကသိုလ်များမှ graduate များအလုပ်ရရှိမှုသည် ထိပ်တန်းအဆင့်တွင် ပါဝင်လျက်ရှိပါတယ်။ UK Government သည်  ၂၀၂၁ နွေရာသီတွင် ဘွဲ့ရခဲ့သော နိုင်ငံတကာကျောင်းသားများအား နောက်ထပ် ၂ နှစ်ကြာ နေထိုင်အလုပ်လုပ်ရန် ခွင့်ပြုသည့် ဗီဇာအသစ်ကိုကြေညာခဲ့ပါတယ်။ 

နိုင်ငံတကာကျောင်းသားများအတွက် Scholarship အခွင့်အလမ်းများစွာရှိခြင်း

UK နိုင်ငံသည် နိုင်ငံတကာကျောင်းသားများအတွက် အကောင်းဆုံးသော Scholarship အခွင့်အလမ်းများနှင့် ပတ်သက်ပြီးကျော်ကြားပါတယ်။ Scholarship များကို တက္ကသိုလ်များ၊ အစိုးရနှင့် ပြင်ပလုပ်ငန်းအဖွဲ့အစည်းတွေက ပေးအပ်လျက်ရှိပါတယ်။ လူသိများ ထင်ရှားတဲ့ Scholarship option တွေကတော့

  • Great Scholarship
  • Charles Wallace India trust
  • Hornby Scholarships
  • Commonwealth Scholarships & Fellowships Plan
  • Scotland Saltire Scholarship
  • Goa Education Trust (GET) Scholarship အစရှိတာတွေပဲဖြစ်ပါတယ်။

#LetsPlanYourCareerTogether#StudyInUK#BestEducationConsultancyInYangon

 #BestEducationConsultancyInMyanmar#ScholarshipsAndInternationalEducationMyanmar