fbpx
September 1, 2020

သြစတြေးလျ ပညာသင်သွားမည့်သူများ အမေးအများဆုံး မေးခွန်းများ

🌏 ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်လို့ ရပါသလား❓❓

ရပါတယ်။ သြစတြေးလျ အစိုးရက နိုင်ငံတကာ ကျောင်းသားတွေကို ကျောင်းတက်ရင်းနဲ့ တစ်ပတ်ကို နာရီ ၂၀ အထိ အလုပ်လုပ်ခွင့် ပေးထားပါတယ်။

ဘယ်လို အလုပ်မျိုးတွေ လုပ်ခွင့်ရသလဲ ❓❓

အများအားဖြင့်သော Retail Shop တွေ စူပါမားကတ်တွေ , Hospitality Industries, Hotel, Restaurant, Petrol Stations, Cinemas, Call Center တွေမှာ အလုပ်လုပ်ခွင့် ရကြပါတယ်။ မိမိအနေနဲ့ ကံကောင်းရင် ကောင်းသလို ကိုယ်လေ့လာနေတဲ့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ Industry မှာပါ လုပ်ခွင့် ရပါတယ်။

အလုပ် ဘယ်လိုရှာလို့ ရပါသလဲ❓❓

မိမိအနေနဲ့ အလုပ်မရှာခင် မိမိရဲ့ CV ကိုကောင်းမွန်စွာ ကြိုတင် ပြုပြင်ထားသင့်ပါတယ်။ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ပြီးလျှင် စူပါမားကတ်, စားသောက်ဆိုင်တို့မှာ သွားပြီး အလုပ်ခေါ်ထားတာ ရှိပါသလားဆိုပြီး မေးနိုင်ပါတယ်။ နောက်ထပ် Job Agency တွေဖြစ်တဲ့ Seek, MyCareer, CareerOne and ApplyDirect တို့မှာလည်း ရှာဖွေနိုင်ပါတယ်။ အကောင်းဆုံးကတော့ မိမိအနေနဲ့ အလုပ်မလျှောက်ခင် ကိုယ်လုပ်မယ့် အလုပ်အကြောင်းကို သေချာ လေ့လာပြီးသွားမယ် ဆိုရင် ပိုပြီးတော့ အလုပ်ရဖို့များပါတယ်။ ဘယ်အလုပ်ရှင်မဆို ကိုယ့်လုပ်ငန်း အကြောင်းကို သိထားတဲ့လူမျိုးကို ခန့်ချင်တာပါပဲ သူတို့ အတွက် အချိန်ကုန်လည်း သက်သာတယ်လေ။ ဒီတော့ အလုပ်မရှာခင် ဒီအချက်လေးတွေကို ပြင်ထားပြီးသွားရင် ပိုကောင်းပါတယ်။

တစ်နာရီကို ၀င်ငွေ ဘယ်လောက် ရပါသလဲ❓❓

ဒါကတော့ ကိုယ်လုပ်ရမယ့် အလုပ်ပေါ်လည်း မူတည်တယ်ဆိုပေမယ့် သြစတြေးလျမှာ အနိမ့်ဆုံးအနေနဲ့ 16$ မှ 25$ အထိရကြပါတယ်။ လစာကိုတော့ လုပ်ငန်းရှင်အများစုက နှစ်ပတ်တစ်ခါ ရှင်းတာမျိုး ရှိပါတယ်။

လစာကို ဘယ်လို လက်ခံမလဲ ❓❓

သြစတြေးလျမှာ အများအားဖြင် လစာတွေ ပေးချေရာမှာ Cashless System သွားတဲ့အတွက် မိမ်ိအနေနဲ့ လုပ်အားခ လက်ခံဖို့ရာ ဘဏ်အကောင့်တစ်ခု ရှိထားမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဘဏ်အကောင့်တစ်ခု ဖွင့်ဖို့ဆိုရင်
A copy of your welcome letter, passport, student ID or proof of enrolment, Australia mobile number အစရှိသဖြင့် ပေးရပါတယ်။

သြစတြေးလျမှာ Transportation ကို တစ်လ ဘယ်လောက် ကုန်ကျနိုင်သလဲ ❓❓

Transportation အနေနဲ့ ဘက်စ်ကား, ရထား, သံလမ်းရထား, ဖယ်ရီ အစရှိသဖြင့် ရှိပါတယ်။ ဘယ် Transportation က ကိုယ့်အတွက် အဆင်ပြေမလဲဆိုတာကတော့ ကိုယ်နေထိုင်တဲ့ နေရာပေါ်မှာလည်း မူတည်ပါတယ်။

Public Transportation တွေရဲ့ စရိတ်ကလည်း မိမိနေထိုင်တဲ့ နေရာပေါ်မှာ မူတည်ပြီး အနည်းနှင့်အများ ကွားခြားမှုရှိပါတယ်။ ဒါတွေကတော့ မြို့တစ်မြို့ချင်းစီရဲ့ အကြမ်းအားဖြင့် တစ်ပတ်စာ Transportation Cost ဖြစ်ပါတယ်။
ပျမ်းမျှ ဘက်စ်ကား လက်မှတ် ကုန်ကျငွေ = 3.3 AUD
ဆစ်ဒနီ လေဆိပ်ကနေ ဘက်စ်ကားခ ကုန်ကျငွေ = 14 AUD
မဲလ်ဘုန်း လေဆိပ်ကနေ ဘက်စ်ကားခ ကုန်ကျငွေ = 16 AUD
ဆစ်ဒနီ ဖယ်ရီ ပျမ်းမျှ လက်မှတ်စျေး = 5.5 AUD nearest zone
ဘက်စ်ကားဖြင့် သွားလာစရိတ် တစ်ရက်တာ ပျမ်းမျှ ကုန်ကျငွေ= 7.8 AUD
သံလမ်းရထား ပျမ်းမျှ လက်မှတ်စျေး ( one way ) = 2.2 AUD
ရိုးရိုး ရထား ပျမ်းမျှ လက်မှတ်စျေး = 1.8 AUD

တစ်လချင်းကို ပျမ်းမျှဆိုရလျှင်

Sydney = Average 180$ AUD ( per month )
Melbourne = 147 $ AUD
Brisbane = 150$ AUD
Perth = 130 $ AUD
Adelaide = 121 $ AUD
Canberra = 100$ AUD
Gold Coast = 70$ AUD
Newcastle = 100$ AUD
Darwin = 80$ AUD
Hobart = 40$ AUD
တို့ဖြစ်ပါတယ်။

စားသောက်တာ ပျမ်းမျှ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ

ဒါကတော့ ကိုယ်နေတဲ့ နေရာ မြို့အနေအထားမှာ မူတည်သလို ကိုယ်ကိုယ်တိုင်ကလည်း အစားအသောက်ပေါ်မှာ ငွေဘယ်လောက်ထိ သုံးသလဲပေါ်မှာလဲ မူတည်ပါတယ်။ဒီတော့ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လောက် ကုန်ကျနိုင်မလဲဆိုတာ မတူပေမယ့် ပျမ်းမျှတွက်ထားတာလေိးကုတော့ ပြောပြပေးသွားမယ်နော်။ အျပင္မွာ စားမယ္ဆိုရင်တော့

Sydney – $15 – $30 per person
Melbourne – $15 – $ 30 per person
Brisbane – $17 – $30 per person
Perth – $20 – $50 per person
Adelaide – $18 – $40 per person
Gold Coast – $15 – $35 per person
New Castle – $23 – $45 per person
Canberra – $16 – $40 per person

အစရှိသဖြင့် ပျှမ်းမျ ကုန်ကျစရိတ် ရှိပါတယ်။ ကိုယ်တိုင် ချက်စားမယ်ဆိုရင်တော့ ၅၀%နီးနီး သက်သာနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပေါင်းနေပြီး ပေါင်းချက်စားရင်တော့ ပိုပြီးတော့ သက်သာနိုင်ပါတယ်။

သြစတြေးလျမှာအိမ်၊ တိုက်ခန်း၊အဆောင်ငှားတာ ကုန်ကျငွေ ဘယ်လောက်ရှိသလဲ

ဖြေ – အကယ်၍ ကိုယ်က သြစတြေးလျကို ပညာသင် သွားတဲ့အချိန်မှာ အသက် ၁၈ နှစ်ပြည့်ပြီးပြီဆိုရင်တော့ မိမိ ငွေကြေးတတ်နိုင်သလို ကွန်ဒို ၊ တိုက်ခန်း ၊ အဆောင် အစရှိသဖြင့် ငှားရမ်းနေထိုင်လို့ရပါတယ်။ ကုန်ကျစရိတ်ကလည်း ကိုယ်နေတဲ့ တိုက်အမျိုးအစား ၊ မြို့ ၊ နေရာအနေအထားပေါ်မှာ မူတည်ပါတယ်။ ကျောင်းသားအများစုကတော့ အဆောင်တွေကို စပ်တူငှားနေထိုင်တာမျိုးများပြီး တစ်ချို့ကလည်း ကိုယ်တက်ရောက်နေတဲ့ ကျောင်းမှာပဲ အဆောင်တွေ ငှားနေလို့ ရတာမျိုး ရှိပါတယ်။ ငွေကြေးကောင်းကောင်း တတ်နိုင်တဲ့သူတွေကတော့ တိုက်ခန်း ၊ ကွန်ဒို အစရှိသဖြင့် ကိုယ်တိုင် ငှားနေကြပါတယ်။

ဒါကတော့ မြို့အလိုက် ပျမ်းမျှ ကုန်ကျစရိတ် ဖြစ်ပါတယ်။

Sydney: Starts at $350 per week.
Melbourne: starts at $290 per week.
Brisbane, Perth: Starts at $270 per week.
Adelaide, Gold Coast, Newcastle & Wollongong: starts at $260 per week

စျေးကြီးတဲ့နေရာမှာဆိုရင် တစ်လကို (900 Sqft) furnished accommodation AU$2,523
ပုံမှန်နေရာလောက်မှာဆိုရင် (900 Sqft) furnished accommodation AU$2,014
နှစ်ယောက်ပေါင်းနေရင် တစ်လစာ ရေ၊ လျှပ်စစ်မီးခ AU$240
စျေးကြီးတဲ့နေရာမှာ တစ်လကို (480 Sqft) furnished studio AU$1,940
ပုံမှန်နေရာမှာဆိုရင် (480 Sqft) furnished studio AU$1,364 အစရှိသဖြင့် ရှိပါတယ်။

ခြုံပြောရမယ်ဆိုရင် တစ်လကို နေထိုင် စားသောက်စားရိတ် AUD 1000 မှ 1200 ကြားရှိပါတယ်။ာင်းတွေကို ဘယ်လို လျှောက်လို့ရမလဲ

အကယ်၍ မိမိဘက်ကနေ တက်ရောက်ချင်တဲ့ ဘာသာရပ်ကို ရွေးချယ်ပြီးသွားပြီ ဆိုတာနဲ့ တက်ချင်သောကျောင်း ဗီဇာအစရှိသဖြင့် ကိစ္စအ၀၀ကို သင်သြစတြေးလျ မရောက်မချင်း Expertမှ အခမဲ့ ကူညီပေးမှာ ဖြစ်ပါတယ်။

သြစတြေးလျကို ထွက်လာခါနီး ဘာတွေ ပြင်ဆင်ထားရမှာလဲ

မိမိအနေနဲ့ ပညာသင်ထွက်လာခါနီးဆိုရင် အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဖြစ်တဲ့ passport, မိမိတက်ရောက်မည့် University သို့ institution မှ လက်ခံရရှိထားသော COE ( Confirmation Of Enrolment ) Letter, ကျောင်းအောင်လက်မှတ်, သြစတြေးလျရောက်ရင် မိမိနေထိုင်မည့် နေရာလိပ်စာ , အစရှိသဖြင့် အရေးကြီးတဲ့ စာတမ်းတွေကို ယူခဲ့ဖို့ မမေ့ဖို့ရယ် မိမိသွားရောက်မည့် နေရာဒေသရဲ့ ရာသီဥတုကို အင်တာနက်ကနေ ကြည့်ပြီး သင့်လျော်မယ့် အ၀တ်အစား, ငွေကြေးအနည်းငယ် အစရှိသဖြင့် ပြင်ဆင် ထားသင့်ပါတယ်။

သြစတြေးလျမှာ ပညာသင်ရင်း ၊ အလုပ်လုပ်ရင်းနဲ့ PR ကော လျှောက်လို့ရပါသလား

ရပါတယ်လို့ပဲ ပြောရပါမယ်။ သြစတြေးလျမှာ ပညာသင်လာတဲ့ နိုင်ငံခြားသား ကျောင်းသား/သူတစ်ယောက်အနေနဲ့ တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ခွင့် ရတာကိုတော့ အရင်က ပို့စ်တွေ ဖတ်ဖူးတဲ့ တော်တော်များများ သိကြမှာပါ။ ဒါပြီးရင်ကိုယ်က ဟိုမှ နေတာ နှစ်နှစ် အထက်လည်း ရှိပြီ Bachelor Degree လည်းရထားပြီဆိုရင်တော့ နောက်ထပ်နှစ်နှစ် အလုပ်လုပ်ခွင့်ရပြီး ဒီအတောအတွင်း ကိုယ်က PR ရဖို့အထိ မျှော်မှန်းထားတယ်ဆိုရင် PR ပေးရာမှာ လိုအပ်တဲ့ အမှတ်တွေကို စုဆောင်းနေဖို့လည်း တိုက်တွန်းချင်ပါတယ်။

သြစတြေးလျနိုင်ငံဟာ ဧရိယာ အကျယ်အ၀န်းအနေနဲ့ 7 692 024 ကီလိုမီတာ ရှိပြီး ( မြန်မာနိုင်ငံထက် ပိုကြီး ) လူဦးရေအနေနဲ့ ၂၄ သန်းကျော်သာ ရှိတာကြောင့် migration ပိုင်းကိုလည်း US , UK တို့လိုမျိုး တင်းကြပ်ထားတာမျိုး မရှိပါဘူး။ 2018 ဒေတာအရ သြစတြေးလျမှာ ၇.၃သန်းသော လူတွေမှာ အခြားနိုင်ငံမှ ပြောင်းလာသူများဖြစ်ပြီး ဒါဟာ လူဦးရေရဲ့ ၂၉%ထိ ရှိတယ်လို့ဆိုပါတယ်။

သြစတြေးလျရဲ့ အဓိက လုပ်ငန်းများအနေနဲ့ Construction, Mining, Finance Services အစရှိသောလုပ်ငန်းများရပ်တည်နေပြီး မိမိအနေနဲ့ သြစတြေးလျက သတ်မှတ်ထားတဲ့ လူနေမှု အဆင့်အတန်း ( ပညာရေး ၊ စီးပွားရေး ၊ လူမှုရေး ) အစရှိသဖြင့် အဆင့်အတန်းတစ်ခုကို မှီနေအောင် ကြိုးစားထားဖို့ လိုပါတယ်။ ကိုယ် သြစတြေးလျမှာ ရှိနေတဲ့အချိန် ပုံမှန်လေး လုပ်သွားရင် ရပါတယ်။

Expert Education and Visa Services သည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံရှိ မြို့ကြီး ရှစ်မြို့နှင့် နိုင်ငံပေါင်း ဆယ်နိုင်ငံတွင် ကျောင်းသားပေါင်း40000 ကျော်ကို ပညာရေး ၊ အလုပ်အကိုင်ဗီဇာ ၊ ပီအာ ရရှိရေး အစရှိသော ၀န်ဆောင်မှုများကို ကူညီ ဆောင်ရွက်လာခဲ့သည်။ Expert ၏ ပွင့်လင်းမြင်သာပြီး တိကျသေချာသော ၀န်ဆောင်မှုများကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများ၏ ယုံကြည်အားကိုးခြင်းကို ခံရခြင်းသာမက သြစတြေးလျ၏ ထိပ်တန်း တက ္ကသိုလ်များမှလည်း ယုံကြည်စိတ်ချစွာဖြင့် တရား၀င် ကိုယ်စားလှယ်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။

အကယ်၍ မိမိအနေနဲ့ သြစတြေးလျ သွားရောက်ပြီး ပညာသင်ယူဖို့ စဉ်းစားနေတယ် သို့မဟုတ် သြစတြေးလျ ပညာရေးအကြောင်းကို အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဖုန်းဆက် ၍ ဖြစ်စေ Expert ၏ရုံးသို့ ကိယ်တိုင် လာရောက်၍ ဖြစ်စေ အခမဲ့ ဆွေးနွေးနိုင်ပါသည်။

မိဘများအနေနဲ့လည်း မိမိသားသမီး၏ ပညာရေးအတ်ွက ဆွေးနွေးလိုပါက လာရောက်ဆွေးနွေးဖို့ ကြိုဆိုပါသည်။
09751871588, 09790839290, 09751871587

No. (270), Lucky Nice Tower, ဒဂုံစင်တာအနီး ၊ ပြည်လမ်း

မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်

Let’s Plan Your Career Together
#RelyOnExpert

ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်လို့ ရပါသလား

ရပါတယ်။ သြစတြေးလျ အစိုးရက နိုင်ငံတကာ ကျောင်းသားတွေကို ကျောင်းတက်ရင်းနဲ့ တစ်ပတ်ကို နာရီ ၂၀ အထိ အလုပ်လုပ်ခွင့် ပေးထားပါတယ်။

ဘယ်လို အလုပ်မျိုးတွေ လုပ်ခွင့်ရသလဲ

အများအားဖြင့်သော Retail Shop တွေ စူပါမားကတ်တွေ , Hospitality Industries, Hotel, Restaurant, Petrol Stations, Cinemas, Call Center တွေမှာ အလုပ်လုပ်ခွင့် ရကြပါတယ်။ မိမိအနေနဲ့ ကံကောင်းရင် ကောင်းသလို ကိုယ်လေ့လာနေတဲ့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ Industry မှာပါ လုပ်ခွင့် ရပါတယ်။

အလုပ် ဘယ်လိုရှာလို့ ရပါသလဲ

မိမိအနေနဲ့ အလုပ်မရှာခင် မိမိရဲ့ CV ကိုကောင်းမွန်စွာ ကြိုတင် ပြုပြင်ထားသင့်ပါတယ်။ အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်ပြီးလျှင် စူပါမားကတ်, စားသောက်ဆိုင်တို့မှာ သွားပြီး အလုပ်ခေါ်ထားတာ ရှိပါသလားဆိုပြီး မေးနိုင်ပါတယ်။ နောက်ထပ် Job Agency တွေဖြစ်တဲ့ Seek, MyCareer, CareerOne and ApplyDirect တို့မှာလည်း ရှာဖွေနိုင်ပါတယ်။ အကောင်းဆုံးကတော့ မိမိအနေနဲ့ အလုပ်မလျှောက်ခင် ကိုယ်လုပ်မယ့် အလုပ်အကြောင်းကို သေချာ လေ့လာပြီးသွားမယ် ဆိုရင် ပိုပြီးတော့ အလုပ်ရဖို့များပါတယ်။ ဘယ်အလုပ်ရှင်မဆို ကိုယ့်လုပ်ငန်း အကြောင်းကို သိထားတဲ့လူမျိုးကို ခန့်ချင်တာပါပဲ သူတို့ အတွက် အချိန်ကုန်လည်း သက်သာတယ်လေ။ ဒီတော့ အလုပ်မရှာခင် ဒီအချက်လေးတွေကို ပြင်ထားပြီးသွားရင် ပိုကောင်းပါတယ်။

တစ်နာရီကို ၀င်ငွေ ဘယ်လောက် ရပါသလဲ

ဒါကတော့ ကိုယ်လုပ်ရမယ့် အလုပ်ပေါ်လည်း မူတည်တယ်ဆိုပေမယ့် သြစတြေးလျမှာ အနိမ့်ဆုံးအနေနဲ့ 16$ မှ 25$ အထိရကြပါတယ်။ လစာကိုတော့ လုပ်ငန်းရှင်အများစုက နှစ်ပတ်တစ်ခါ ရှင်းတာမျိုး ရှိပါတယ်။

လစာကို ဘယ်လို လက်ခံမလဲ

သြစတြေးလျမှာ အများအားဖြင် လစာတွေ ပေးချေရာမှာ Cashless System သွားတဲ့အတွက် မိမ်ိအနေနဲ့ လုပ်အားခ လက်ခံဖို့ရာ ဘဏ်အကောင့်တစ်ခု ရှိထားမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဘဏ်အကောင့်တစ်ခု ဖွင့်ဖို့ဆိုရင်
A copy of your welcome letter, passport, student ID or proof of enrolment, Australia mobile number အစရှိသဖြင့် ပေးရပါတယ်။

သြစတြေးလျမှာ Transportation ကို တစ်လ ဘယ်လောက် ကုန်ကျနိုင်သလဲ

Transportation အနေနဲ့ ဘက်စ်ကား, ရထား, သံလမ်းရထား, ဖယ်ရီ အစရှိသဖြင့် ရှိပါတယ်။ ဘယ် Transportation က ကိုယ့်အတွက် အဆင်ပြေမလဲဆိုတာကတော့ ကိုယ်နေထိုင်တဲ့ နေရာပေါ်မှာလည်း မူတည်ပါတယ်။

Public Transportation တွေရဲ့ စရိတ်ကလည်း မိမိနေထိုင်တဲ့ နေရာပေါ်မှာ မူတည်ပြီး အနည်းနှင့်အများ ကွားခြားမှုရှိပါတယ်။ ဒါတွေကတော့ မြို့တစ်မြို့ချင်းစီရဲ့ အကြမ်းအားဖြင့် တစ်ပတ်စာ Transportation Cost ဖြစ်ပါတယ်။
ပျမ်းမျှ ဘက်စ်ကား လက်မှတ် ကုန်ကျငွေ = 3.3 AUD
ဆစ်ဒနီ လေဆိပ်ကနေ ဘက်စ်ကားခ ကုန်ကျငွေ = 14 AUD
မဲလ်ဘုန်း လေဆိပ်ကနေ ဘက်စ်ကားခ ကုန်ကျငွေ = 16 AUD
ဆစ်ဒနီ ဖယ်ရီ ပျမ်းမျှ လက်မှတ်စျေး = 5.5 AUD nearest zone
ဘက်စ်ကားဖြင့် သွားလာစရိတ် တစ်ရက်တာ ပျမ်းမျှ ကုန်ကျငွေ= 7.8 AUD
သံလမ်းရထား ပျမ်းမျှ လက်မှတ်စျေး ( one way ) = 2.2 AUD
ရိုးရိုး ရထား ပျမ်းမျှ လက်မှတ်စျေး = 1.8 AUD

တစ်လချင်းကို ပျမ်းမျှဆိုရလျှင်

Sydney = Average 180$ AUD ( per month )
Melbourne = 147 $ AUD
Brisbane = 150$ AUD
Perth = 130 $ AUD
Adelaide = 121 $ AUD
Canberra = 100$ AUD
Gold Coast = 70$ AUD
Newcastle = 100$ AUD
Darwin = 80$ AUD
Hobart = 40$ AUD
တို့ဖြစ်ပါတယ်။

စားသောက်တာ ပျမ်းမျှ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ

ဒါကတော့ ကိုယ်နေတဲ့ နေရာ မြို့အနေအထားမှာ မူတည်သလို ကိုယ်ကိုယ်တိုင်ကလည်း အစားအသောက်ပေါ်မှာ ငွေဘယ်လောက်ထိ သုံးသလဲပေါ်မှာလဲ မူတည်ပါတယ်။ဒီတော့ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လောက် ကုန်ကျနိုင်မလဲဆိုတာ မတူပေမယ့် ပျမ်းမျှတွက်ထားတာလေိးကုတော့ ပြောပြပေးသွားမယ်နော်။ အျပင္မွာ စားမယ္ဆိုရင်တော့

Sydney – $15 – $30 per person
Melbourne – $15 – $ 30 per person
Brisbane – $17 – $30 per person
Perth – $20 – $50 per person
Adelaide – $18 – $40 per person
Gold Coast – $15 – $35 per person
New Castle – $23 – $45 per person
Canberra – $16 – $40 per person

အစရှိသဖြင့် ပျှမ်းမျ ကုန်ကျစရိတ် ရှိပါတယ်။ ကိုယ်တိုင် ချက်စားမယ်ဆိုရင်တော့ ၅၀%နီးနီး သက်သာနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပေါင်းနေပြီး ပေါင်းချက်စားရင်တော့ ပိုပြီးတော့ သက်သာနိုင်ပါတယ်။

သြစတြေးလျမှာအိမ်၊ တိုက်ခန်း၊အဆောင်ငှားတာ ကုန်ကျငွေ ဘယ်လောက်ရှိသလဲ

ဖြေ – အကယ်၍ ကိုယ်က သြစတြေးလျကို ပညာသင် သွားတဲ့အချိန်မှာ အသက် ၁၈ နှစ်ပြည့်ပြီးပြီဆိုရင်တော့ မိမိ ငွေကြေးတတ်နိုင်သလို ကွန်ဒို ၊ တိုက်ခန်း ၊ အဆောင် အစရှိသဖြင့် ငှားရမ်းနေထိုင်လို့ရပါတယ်။ ကုန်ကျစရိတ်ကလည်း ကိုယ်နေတဲ့ တိုက်အမျိုးအစား ၊ မြို့ ၊ နေရာအနေအထားပေါ်မှာ မူတည်ပါတယ်။ ကျောင်းသားအများစုကတော့ အဆောင်တွေကို စပ်တူငှားနေထိုင်တာမျိုးများပြီး တစ်ချို့ကလည်း ကိုယ်တက်ရောက်နေတဲ့ ကျောင်းမှာပဲ အဆောင်တွေ ငှားနေလို့ ရတာမျိုး ရှိပါတယ်။ ငွေကြေးကောင်းကောင်း တတ်နိုင်တဲ့သူတွေကတော့ တိုက်ခန်း ၊ ကွန်ဒို အစရှိသဖြင့် ကိုယ်တိုင် ငှားနေကြပါတယ်။

ဒါကတော့ မြို့အလိုက် ပျမ်းမျှ ကုန်ကျစရိတ် ဖြစ်ပါတယ်။

Sydney: Starts at $350 per week.
Melbourne: starts at $290 per week.
Brisbane, Perth: Starts at $270 per week.
Adelaide, Gold Coast, Newcastle & Wollongong: starts at $260 per week

စျေးကြီးတဲ့နေရာမှာဆိုရင် တစ်လကို (900 Sqft) furnished accommodation AU$2,523
ပုံမှန်နေရာလောက်မှာဆိုရင် (900 Sqft) furnished accommodation AU$2,014
နှစ်ယောက်ပေါင်းနေရင် တစ်လစာ ရေ၊ လျှပ်စစ်မီးခ AU$240
စျေးကြီးတဲ့နေရာမှာ တစ်လကို (480 Sqft) furnished studio AU$1,940
ပုံမှန်နေရာမှာဆိုရင် (480 Sqft) furnished studio AU$1,364 အစရှိသဖြင့် ရှိပါတယ်။

ခြုံပြောရမယ်ဆိုရင် တစ်လကို နေထိုင် စားသောက်စားရိတ် AUD 1000 မှ 1200 ကြားရှိပါတယ်။

ကျောင်းတွေကို ဘယ်လို လျှောက်လို့ရမလဲ